Tuesday, January 27, 2026

မိုင်းဆတ်မြို့ လူငယ်ချင်း ရန်ဖြစ်ပွားရာမှ လူမျိုးရေးမထိပါးလာအောင် ညှိနှိုင်းဖြေရှင်း

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် လူငယ်များ ရန်ဖြစ်ပွားရာမှ လူမျိုးရေးမထိပါးလာစေရန်အတွက် တိုင်းရင်းသားများ စုပေါင်းပြီး ယနေ့ (ဇန်နဝါရီ ၅ )တွင် ညှိနှိုင်းဖြေရှင်း ဆွေးနွေးကြကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် Happy New Year ညတွင် မိုင်းဆတ်မြို့မှာ လားဟူ လူငယ်နှင့် သျှမ်း လူငယ်တို့ ရန်ဖြစ်ပွားခဲ့ရာမှ လူမျိုးရေးပြသာနာ ဆက်ဖြစ်ပွားလာမည်ကို စိုးရိမ်းသောကြောင့် နှစ်ဖက်လူကြီးများက ဆွေးနွေးကာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

“နှစ်သစ်ကူးညတုန်းက လူငယ်တွေ အရက်သောက်ပြီးတော့ ရန်ဖြစ်ကြတာလေ။ ဖြစ်တာက လားဟူ လူငယ်နဲ့ သျှမ်းလူငယ်တွေဖြစ်တာ။ အဲတာ ကျနော်တို့က ရှေ့ဆက် လူမျိုးရေးပြသာနာ မဖြစ်အောင်ဆိုပြီးတော့ ဒီနေ့ လူကြီးမိဘတွေနဲ့ တွေ့ဆုံပြီး အစည်းဝေး ပြုလုပ်ခဲ့ကြတာ” ဟု မိုင်းဆတ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နှစ်သစ်ကူးညတွင် လားဟူလူငယ်များက သျှမ်းလူငယ်များ၏ ဆိုင်ကယ်ကို ရိုက်ခွဲ ဖျက်ဆီးခဲ့သောကြောင့် ယနေ့တွင် ပြေလည်အောင် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

“ဟိုနေ့ညက သူတို့(လားဟူလူငယ်)တွေက ဆိုင်ကယ်တွေကို ရိုက်ခွဲပစ်လိုက်တာ။ အဲဒါ ပြန်မလျော်ရသေးတော့ ဒီနေ့ ပြန်ဖြေရှင်းပေးလိုက်တာ။ ရိုက်ခွဲလိုက်တဲ့ ဆိုင်ကယ်တွေ အကုန်လုံးကို ဒီနေ့ သူတို့ဘက်ကနေ ပြန်လျော်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆတ်မြို့တွင် ယခင်က တိုင်းရင်းသားလူမျိုးစုများလည်း ပြသာနာဖြစ်ခဲ့ဖူးကြောင်း သိရသည်။

အဆိုပါမြို့တွင် သျှမ်း၊ လားဟူ၊ အာခါ၊ ဗမာ စသည့် တိုင်းရင်းသားအများစု နေထိုင်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့နယ် ရာအိမ်မှူးကို ရဲနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် အစည်းဝေးလုပ်ရန် လူမစုပေးသည့်အတွက် ရာအိမ်မှူးတစ်ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် ဝိုင်းနေရပ်ကွင်တွင် ဧပြီလ ၁၁ ရက်အတွက် အစည်းဝေးလုပ်ရန် လူမစု ပေးသည့် အတွက်ကြောင့် ရာအိမ်မှုးတစ်ဦးကို ယမန့် ( ဧပြီ ၁၁)ရက်တွင် ရဲ...

မိုင်းဆတ်မြို့နယ် အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြား “ဝ” တပ်ဖွဲ့ ဝင်ရောက် စီးနင်းဖမ်း

0
သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းယွင်း ကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများနေထိုင် အလုပ်လုပ်သည့် နေရာကို “ ဝ”တပ်ဖွဲ့ က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဥ်သည် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီဝန်းကျင်တွင် မိုင်းဆတ်မြို့နယ် မိုင်းယွင်းကျေးရွာအုပ်စု ပိန်းခမ်းရွာအတွင်း အွန်လိုင်းဖြင့်...

ရိုးရာဓလေ့ကို ဖျက်ဆီးတဲ့ ငွေရှာနည်း

0
တန်ဆောင်မုန်းလကွယ်ည သန်းခေါင်ယံချိန် နတ်တော်လဆန်း အကူးကာလချိန်မှာတော့ သျှမ်းဘာသာနဲ့ “ မိုင်ဆုန် ပီမိုင်ခ” မြန်မာလို” မင်္ဂလာနှစ်သစ်” ဆိုတဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်ကြပါတယ်။ သျှမ်းလူမျိုးတွေဟာ သျှမ်းသက္ကရာဇ်အကူးအပြောင်း ညအချိန်မှာတော့ မိတ်ဆွေ၊ မိသားစုတွေ စုပြီး ပျော်ရွှင်စွာ စုပေါင်းစားသောက်ပြီး ကြိုဆိုလေ့ရှိကြပါတယ်။ ဒါ့အပြင် နှစ်တနှစ်သာ လုပ်အားကြောင့် ထွက်ရှိလာတဲ့...

မိုင်းဖုန်းဆရာတော်ကိုလာကန်တော့မည့်သူများ အရက်သေစာ နှင့် အသားငါးများ မစားသုံးရန်ဆရာတော် မိန့်ကြား

0
လာမည့် ဩဂုတ် ၁ ရက် တွင် မိုင်းဖုန်းဆရာတော်ကိုလာရောက် ကန်တော့မည့် ပြည်သူများအနေဖြင့် အရက်သေစာ သောက်စားခြင်းမပြုရန် နှင့် သက်သက်လွတ်စားရန်အတွက် ဆရာတော် ဦးဥာဏသီရိ က ပြည်သူများထံ မိန့်ကြားထားကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ မိုင်းကျက်ဂူတွင် ၃ နှစ်...

မိုင်းဆတ်မြို့ မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့မှ အသက် ၁၀ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို တရပ်ကွက်တည်း နေထိုင်သည့် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၅) ရက် ညနေပိုင်း ၃ နာရီကျော်ချိန်တွင် မိုင်းဆတ်မြို့ မယ်ဆွမ်း မြောက်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ရှိ...