Wednesday, January 28, 2026

နမ္မတူမြို့နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ၅ ဦးဖမ်းခံရ ၁၀၀ ကျော်စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ၅ ဦး ဖမ်းဆီးခံရကာ ၁၀၀ ကျော် သီပေါမြို့သို့ စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီအချိန် နားကေးရွာသား စိုင်းသိန်း အသက် ၅၀ အား လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားကြောင်း၊ ထို့အတူ ဇူလိုင်လ ၃၁ ရက်နေ့က ပစ်ခတ် တိုက်ခိုက်မှုအပြီး ပန်ကွတ် ရွာသား ၄ ယောက် အား ဖမ်းဆီးသွားကြောင်း ဒေသခံများကဆိုသည်။

ပန်ကွတ်ရွာသား ၄ ဦးပျောက်ဆုံးသည့် ရွာအပြန်လမ်းတွင် RCSS  /SSA  စစ်ကြောင်း အခြေချလှုပ်ရှားနေကြောင်း RFA သတင်းဌာနက ထုတ်ပြန်ထားသည်။ ထို့အတူ ဩဂုတ်လ ၂ ရက်နေ့ က အဖမ်းခံရပြီး ပျောက်ဆုံးနေသော ရွာသားစိုင်းသိန်းအားလည်း RCSS/SSA မှ ဖမ်းဆီးသွားသည်ဟု မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များက စွပ်စွဲပြောဆိုထားသည်။

RCSS/SSA အနေဖြင့် လူထုအားဖမ်းဆီးသည့်ပေါ်လစီမရှိကြောင်း ၊သျှမ်းပြည်မြောက်ပိုင်း စစ်ရေးပြသနာနှင့်ပတ်သက်၍  လက်တွေ့ဖြေရှင်းနိုင်ရေးအတွက် ဌာနချုပ်လွယ်တိုင်း လျန်းတွင် ကျင်းပ နေသည့် ၆ လပတ်အစည်းအဝေးတွင် ဆွေးနွေး ဖို့ရှိကြောင်း အမည်မဖေါ်လိုသည့် အရာရှိတဦး ကပြောပါသည်။

၂၀၁၈ ဇူလိုင်လ ၃၁ ရက်နေ့က နမ္မတူမြို့အနောက်တောင်ဘက်ဒေသတဝှမ်း ပန်ကွတ်ရွာ၊ ပန်ဆော့ရွာ အနီးအနားသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် ဒေသခံ ၁၀၀ ကျော် သီပေါမြို့သို့ ထွက်ပြေးရောက်ရှိနေသည်။ အဆိုပါဒေသဘက်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA  ၊ သျှမ်းပြည်တပ်မတော် SSPP/SSA  ၊ အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA  တို့ နယ်မြေစိုးမိုးရေး အားပြိုင်မှုကြောင့် ဒေသအတွင်း စစ်ရေးတင်းမာနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...