Tuesday, January 27, 2026

UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့ ကို Lockdown ချမည်

“ဝ” အထူးဒေသ (၂) UWSA ထိန်းချုပ်သည့် နယ်မြေအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသဖြင့် ပန်ဆန်းမြို့ကို Lockdown ချမည်ဟု စုံစမ်းသိရသည်။

“ဝ” အထူးဒေသ (၂) တွင် ဇန်နဝါရီ (၄)ရက်မှ ဇန်နဝါရီ ၅ရက် တွင် မိုင်းပေါက်ခရိုင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် (၆၉ )ဦးရှိပြီး၊ UWSA ထိန်းချုပ်နယ်မြေ တခုလုံးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၅၃)ဦးထိရှိလာပြီး၊ လက်ရှိအချိန်ထိ သေဆုံးသူမရှိသေးကြောင်း အထူးဒေသ(၂) သတင်းထုတ်ပြန်ချက်အရသိရသည်။

ထို ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာမှုကြောင့် ယနေ့ (ဇန်နဝါရီ ၆)ရက် ည ၁၂ နာရီအချိန်မှ စတင်ပြီး ပန်ဆန်းမြို့တခုလုံးကို Lockdown ချသွားမည်ဖြစ်ပြီး၊ ထိုဒေသတွင်နေထိုင်သူများ တို့ဖတ်နမူနာယူကာ စစ်ဆေးပေးသွားမည် ဟု UWSA၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးညီရမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ ၆ ရက်နေ့ ည ၁၂ နာရီကနေစပြီးတော့ ကျနော်တို့ ပန်ဆန်းမြို့ကို Lockdown ချသွားမယ်လို့ ထုတ်ပြန်ထားပြီးပါပြီ။ တို့ဖက်နမူနာတွေ စိစစ်နိုင်အောင်လို့ပါ။ ပြီးရင်ရောဂါထိထိရောက်ရောက် ထိန်းချုပ်နိုင်အောင်ပေါ့” ဟု ဦးညီရမ်းက ပြောသည်။

“ဝ” အထူးဒေသ ၂ ကို ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးမှုပေါ်မူတည်ပြီးမှ ပြန်ဖွင့်သွားဖို့ရှိကြောင်းလည်း ဦးညီရမ်း က ပြောသည်။

“ ကျနော်တို့ တမြို့လုံး အတိုင်းတာ အနေနဲ့ စစ်ပြီးတဲ့ အခြေနေပေါ်မှာ မူတည်ပါတယ်။ တမြို့လုံးအတိုင်းအတာနဲ့ တို့ဖက်နမူနာတွေ စစ်ဆေးပြီးမှပဲ ပြန်ဖွင့်ပါမယ်။ ဖွင့်မယ့်နေ့ကို ပြန်ပြီးမှ တချက်ပြန်ထုတ်ပြန်ပါမယ်” ဟု ဦးညီးရမ်းက ဆိုသည်။

“ ဝ” အထူးဒေသ(၂) မှ ကိုဗစ်-၁၉ အတည်ပြုလူနာများကို တရုတ်နိုင်ငံ မုံးလင်မြို့ ကြက်ခြေနီးအသင်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် “ဝ” ဒေသမှ ကျန်းမာရေး ဌာနရောဂါ ကာကွယ်ထိန်းချုပ်ရေါ် အဖွဲ့တို့ ပူးပေါင်းပြီး ဆေးကုသပေးနေကြောင်းသိရသည်။

“ဝ” နယ်မြေအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် ထိုနယ်မြေနှင့်ဆက်စပ်သည့် အထူးဒေသ(၄) မိုင်းလားမြို့လည်း ကိုဗစ်-၁၉ ကာကွယ်သည့်အနေဖြင့် အသွားအလာ ကန့်သတ်ထားပြီး၊ မိုင်းလားနေထိုင်သည့် ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရှိ၊မရှိ ပေးနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...