UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့ ကို Lockdown ချမည်

“ဝ” အထူးဒေသ (၂) UWSA ထိန်းချုပ်သည့် နယ်မြေအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသဖြင့် ပန်ဆန်းမြို့ကို Lockdown ချမည်ဟု စုံစမ်းသိရသည်။

“ဝ” အထူးဒေသ (၂) တွင် ဇန်နဝါရီ (၄)ရက်မှ ဇန်နဝါရီ ၅ရက် တွင် မိုင်းပေါက်ခရိုင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် (၆၉ )ဦးရှိပြီး၊ UWSA ထိန်းချုပ်နယ်မြေ တခုလုံးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၅၃)ဦးထိရှိလာပြီး၊ လက်ရှိအချိန်ထိ သေဆုံးသူမရှိသေးကြောင်း အထူးဒေသ(၂) သတင်းထုတ်ပြန်ချက်အရသိရသည်။

ထို ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာမှုကြောင့် ယနေ့ (ဇန်နဝါရီ ၆)ရက် ည ၁၂ နာရီအချိန်မှ စတင်ပြီး ပန်ဆန်းမြို့တခုလုံးကို Lockdown ချသွားမည်ဖြစ်ပြီး၊ ထိုဒေသတွင်နေထိုင်သူများ တို့ဖတ်နမူနာယူကာ စစ်ဆေးပေးသွားမည် ဟု UWSA၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးညီရမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ ၆ ရက်နေ့ ည ၁၂ နာရီကနေစပြီးတော့ ကျနော်တို့ ပန်ဆန်းမြို့ကို Lockdown ချသွားမယ်လို့ ထုတ်ပြန်ထားပြီးပါပြီ။ တို့ဖက်နမူနာတွေ စိစစ်နိုင်အောင်လို့ပါ။ ပြီးရင်ရောဂါထိထိရောက်ရောက် ထိန်းချုပ်နိုင်အောင်ပေါ့” ဟု ဦးညီရမ်းက ပြောသည်။

“ဝ” အထူးဒေသ ၂ ကို ကိုဗစ်- ၁၉ ရောဂါပိုး စစ်ဆေးမှုပေါ်မူတည်ပြီးမှ ပြန်ဖွင့်သွားဖို့ရှိကြောင်းလည်း ဦးညီရမ်း က ပြောသည်။

“ ကျနော်တို့ တမြို့လုံး အတိုင်းတာ အနေနဲ့ စစ်ပြီးတဲ့ အခြေနေပေါ်မှာ မူတည်ပါတယ်။ တမြို့လုံးအတိုင်းအတာနဲ့ တို့ဖက်နမူနာတွေ စစ်ဆေးပြီးမှပဲ ပြန်ဖွင့်ပါမယ်။ ဖွင့်မယ့်နေ့ကို ပြန်ပြီးမှ တချက်ပြန်ထုတ်ပြန်ပါမယ်” ဟု ဦးညီးရမ်းက ဆိုသည်။

“ ဝ” အထူးဒေသ(၂) မှ ကိုဗစ်-၁၉ အတည်ပြုလူနာများကို တရုတ်နိုင်ငံ မုံးလင်မြို့ ကြက်ခြေနီးအသင်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် “ဝ” ဒေသမှ ကျန်းမာရေး ဌာနရောဂါ ကာကွယ်ထိန်းချုပ်ရေါ် အဖွဲ့တို့ ပူးပေါင်းပြီး ဆေးကုသပေးနေကြောင်းသိရသည်။

“ဝ” နယ်မြေအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် ထိုနယ်မြေနှင့်ဆက်စပ်သည့် အထူးဒေသ(၄) မိုင်းလားမြို့လည်း ကိုဗစ်-၁၉ ကာကွယ်သည့်အနေဖြင့် အသွားအလာ ကန့်သတ်ထားပြီး၊ မိုင်းလားနေထိုင်သည့် ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရှိ၊မရှိ ပေးနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...