Friday, May 3, 2024

“ဝ” အထူးဒေသ(၂)တွင် ကိုဗစ်-၁၉ လူနာ ၈၄ဦး ထိရှိလာ

Must read

“ဝ” အထူးဒေသ(၂) UWSA ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၈၄)ဦးရှိကြောင်း သတင်းရရှိသည်။

WSTV

ဇန်နဝါဝါရီ ၄ရက်တွင် UWSA ထိန်းချုပ်နယ်မြေ တွင်ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃ဦး ရှိပြီး၊ ထိုသူများသည် မိုင်းပေါက်မြို့ တွင် ၇ ဦး နှင့် မိုင်းဖျန်မြို့တွင် (၆)ဦးရှိကြောင်း “ဝ” အထူးဒေသ(၂) သတင်းထုတ်ပြန်ချက်အရသိရသည်။

“ဝ” အထူးဒေသ(၂)တွင် ဒီဇင်ဘာ ၂၄ရက်မှ စက်တင်ကာ ဇန်နဝါရီ(၄)ရက်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၈၄ဦးထိရှိလာပြီး၊ သေဆုံးသူ မရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

WSTV

“ဝ” အထူးဒေသ(၂)တွင် ကိုဗစ်-၁၉ လူနာရှိလာသည့်အတွက် အသွားအလာ ကန့်သတ်ထားကြောင်းသိရသည်။

ထို့ပြင် အထူးဒေသ (၂) နှင့် နီးစပ်သည့် အထူးဒေသ(၄) မိုင်းလားမြို့ လည်း ကိုဗစ်-၁၉ ကူးစက်ခံရမှုများရှိလာမည်ကို စိုးရိမ်သဖြင့် မိုင်းလားတွင်နေထိုင်သူ အားလုံး ကိုဗစ်-၁၉ စစ်ဆေးမှုခံယူရန် နှင့် မစစ်ဆေးရသေးသူများ သတင်းပေးပို့တိုင်းကြားပါက ဆုငွေ ယွမ် (၃၀၀)ပေးဆောင်မည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article