Wednesday, January 28, 2026

နမ့်ခမ်းအမျိုးသမီးတဦး ကို အမည်မသိ အဖွဲ့က လူမှားခေါ်မိဟုဆိုကာ ပြန်လည်လွှတ်ပေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မှဆိုင်ရှင် အမျိုးသမီး ကိုအမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ညအကြာဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့ ပေါက်နေ ရပ်ကွက် ရှိ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင် အမျိုးသမီးကို ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့လည် ၂နာရီဝန်းကျင်က အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ အမျိုးသား ၃ဦးက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၉ ရက် ယနေ့မွန်းလွဲပိုင်းက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပေါက်နေရပ်ကွက်သားအမျိုးသားတဦးကပြောသည်။

“ မနေ့က နေ့လည်ပိုင်းမှာ လူ၃ယောက်က အတင်းအဓမ္မနဲ့ လာခေါ်တယ်။ ရဲတွေ လို့ပြောတယ်။ အရပ်ဝတ်နဲ့ပဲ။ နောက် လက်ထိပ်နဲ့ ကားထဲတွန်းထည့်ပြီးခေါ်သွားတယ်။ ဒီနေ့တော့ လူမှားပြီးခေါ်သွားလို့ ပြန်လာပို့တယ် လို့ပြောတယ် ” ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်အား ပြောသည်။

အဆိုပါ အရပ်ဝတ်ဖြင့်လာသောအမျိုးသားများက – မိမိတို့သည်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ဆိုင်ရှင် အမျိုးသမီးကို ခေါ်ယူစစ်ဆေးရန်လိုသဖြင့် လိုက်ခဲ့ရန် ပြောဆိုပြီးခေါ်သွားကြောင်း – ပြောဆိုခဲ့သော်လည်း ၎င်းတို့အချင်းချင်းမှာမူ တအာင်း(ပလောင်) ဘာသာစကားဖြင့်ပြောဆို ကြကြောင်းလည်း ပေါက်နေ ရပ်ကွက်နေ ရပ်ကွက်သားများက ပြောပြသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး နမ့်ခမ်းဒေသခံ နန်းမေ က “ ဆိုင်ရှင်အမျိုးသမီးကို ပလောင်အဖွဲ့က လူမှားခေါ်သွားတာပါ။ ဒါကြောင့် ဒီနေ့ ညနေ ပြန်လာပို့တာပါ” ဟု ပြောသည်။

တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA)မှ မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့ မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု သတင်းကြားရသဖြင့် ၎င်း အမျိုးသမီးကို လာရောက်ခေါ်ဆောင်ရခြင်းဖြစ်ကြောင်း၊ သို့သော် လူမှားခေါ်မိသဖြင့်တောင်းပန်ကြောင်းလည်း နန်းမေ က ပြောပြသည်။

“ အမျိုးသမီးကို အတင်းဆွဲခေါ်၊ စိတ်ဒဏ်ရာရအောင်လုပ်တယ်။ နောက်ပြီး လူမှားတယ်ဆိုပြီး ပြန်လွှတ်ပေးတယ်။ အမျိုးသမီးတဦးရဲ့စိတ်မှာ ဘယ်လောက်တောင်ခံစားနေရပြီလဲ။ ဒါဟာ မလုပ်သင့်တဲ့လုပ်ရပ်ပါ” ဟု နန်းမေ က ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး TNLA မှ ဗိုလ်မှူး တာအိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာ “ ကျနော် ဒီသတင်းမသိရသေးဘူး။ ကျနော့်ဆီ သတင်းမရောက်လာသေးဘူး။ ဘာမှ မကြားရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြန်လည်ဖြေဆိုခဲ့သည်။

၂၀၁၇ ခုနစ် တုန်းကလည်း TNLA တပ်သားများက နမ့်ခမ်းမြို့တွင်နေထိုင်သည့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးပိုင်ရှင် နန်းမိုဟွမ်ကို ၂ လကျော်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နမ့်ခမ်းပြည်သူ တသောင်းကျော် က နန်းမိုဟွမ်ကို ပြန်လည် လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုသကဲ့သို့ လူမှုအခြေပြုအဖွဲ့အစည်းအသီးသီးကလည်း အဆက်မပြတ်တောင်းဆိုသဖြင့် SSPP/SSA ထံသို့ TNLA က လွှဲပြောင်းပေးအပ်ကာပြန်လွှတ်ပေးခဲ့သည်။

.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP တပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ ၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွား

0
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ တပ်သား ၁ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယကျေးရွာအုပ်စု၌ စခန်းချ...

အောင်ပန်းမြို့ စစ်ကောင်စီ မှ ဧည့်စာရင်းစစ်ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရပ်ကွက်(၄)တွင်နေထိုင်သည့် ပြည်သူများကို စစ်ကောင်စီ အုစ်စုမှ ဧည့်စာရင်း လိုက်လံစစ်ပြီး ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီ (၄) ရက် ညပိုင်းတွင် စစ်ကောင်စီ အုပ်စုမှ အောင်ပန်းမြို့ရှိ ကိုကျော်စိုး လက်ဖက်ရည်ဆိုင် အတွင်းသို့ ဧည့်စာရင်း...

အဖမ်းခံရသည့် တာမိုးညဲမြို့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ယနေ့တိုင် မလွှတ်သေး

0
သျှမ်းပြည်နယ် မြောက်ပိုင်း တာမိုးညဲမြို့ မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရမှုတွင်  ယနေ့တိုင် ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ ၄ ဦး ကို   တိုင်းရင်းသား...