Tuesday, January 27, 2026

ကွတ်ခိုင်မြို့နယ် အတွင်း စစ်အင်အားဖြည့်တင်း ဒေသခံများစိုးရွံ့

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း နယ်မြေ ရှင်းလင်းရေး အကြောင်းပြချက်ဖြင့် အစိုးရ တပ်မတော် မှအင်အားဖြည့်တင်းမှုပြုနေသည့်အပေါ် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

Photo by ဒေသခံ

ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ တပ်မတော် မှ စစ်အင်အားတိုးချဲ့ ပြီး၊ ဒေသခံ အမျိုးသားများကို ဖမ်းဆီးကာ လမ်းပြအဖြစ် လုပ်ဆောင်ခိုင်းကြောင်း ကွတ်ခိုင်မြို့နယ် အတွင်းနေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တိုက်ပွဲတွေ ထိတွေ့မှုတွေ တော့မဖြစ်ဘူး။ ဒါပေမယ့် ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာတော့ တပ်မတော်က စစ်အင်အားတွေ ဖြည့်တယ်။ အရင်ကထက်ပိုများလာတယ်” ဟု အဆိုပါ အမျိုးသားက ပြောပြသည်။

လက်ရှိ စစ်အင်အားတိုးချဲ့မှုကြောင့် ထိုဒေသတွင် နေထိုင်သည့် ပြည်သူများအတွက် စိုးရိမ်မှုများဖြစ်နေရကြောင်း၊ မည်သည့်အချိန်လာရောက်ဖမ်းဆီးခေါ်ဆောင်မည်ကို တွေးပူနေရကြောင်း ကွတ်ခိုင်တွင်နေထိုင်သူများက ပြောဆိုကြသည်။

“ အခုတလော စစ်ကြောင်းတွေ က ဒေသခံ အမျိုးသားတွေကို လမ်းပြအဖြစ်ခေါ်သွားတယ်။ ခေါ်သွားခံရသူတွေက ကျနော်သိရသလောက် ၁၇ယောက် လောက်ရှိပြီ” ဟု ကွတ်ခိုင်မြို့နယ်တွင်နေထိုင်သည့် ဆရာနော်လတ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အစိုးရ တပ်မတော် စစ်ကြောင်းမှ ခေါ်ဆောင်သွားသည့်ရွာသားများအားလုံး ပြန်လည်လွှတ်ပေးပြီးဖြစ်ကြောင်း၊ သို့သော် တပ်မတော် စစ်ကြောင်းအနေဖြင့် အချိန်မရွေး ခေါ်ဆောင်နိုင်သဖြင့် စိုးရိမ်နေကြကြောင်း၊ တိုက်ပွဲလည်း ထပ်မံဖြစ်ပွားမည်ကို ကြောက်နေရကြောင်းလည်း ဆရာနော်လတ်က ပြောသည်။

“ ဒီဒေသ က အချိန်မရွေး တိုက်ပွဲဖြစ်တတ်သလို အချိန်မရွေးစစ်ကြောင်းက လာခေါ်တတ်တော့ ကြောက်နေရတယ်။ တောင်ယာသွားရင်တောင် အဝေးကြီးမသွားရဲကြဘူး” ဟု ဆရာနော်လတ်က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်များ လှုပ်ရှားသည့်နေရာဖြစ်ရာ တအာင်း TNLA ကချင် KIA တပ်များလည်း အင်အားဖြည့်တင်းနေသဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွါးမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

0
သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။ စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ...

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

နယ်မြေလုံခြုံရေးဆိုပေမယ့် PNO အာဏာတည်မြဲဖို့ ကြိုးပမ်နေတယ်

0
သျှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အခြေစိုက်လှုပ်ရှားသည့် ဒေသများတွင် ဩဂုတ်လမှ စတင်ပြီး (၃) လ အတွင်း စစ်သင်တန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ကာ စစ်အင်အား စုဆောင်းမှုအဖြစ် တပ်သားသစ် (၃၀၀၀၀) ကျော် ရရှိခဲ့ကြောင်း PNO/PNA မှ ကြေညာခဲ့သည်။ ပအိုဝ်းပြည်သူ့စစ် PNO/PNA ၏...