Wednesday, January 28, 2026

မူဆယ်မန့်ဝိန်းဂိတ်တွင် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရမိ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း နယ်စပ်ဂိတ်တွင် ဖောက်ခွဲရေးအတွက်အသုံးပြုသည့် Shock Tube Detonator ပစ္စည်း များ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

 

Photo by Cincds

မူဆယ်နယ်စပ်ဂိတ် ဖြစ်သည့် မန့်ဝိန်းဂိတ် အနီးတွင် ယမန်နေ့ မေ ၂၅ ရက်မနက် ၁၀နာရီကျော် က တရုတ်နံပတ်တပ်ဆင်ထားသည့် ISUZU အမျိုးအစား ကားတစီး ကို မသင်္ကာသဖြင့် စစ်ဆေးရာ ယာဉ်ပေါ်တွင် Shock Tube ထည့်ထားသည့် စက္ကူဂျပ်ဖာ ၃၁၈ ဖာ ကို သိမ်းဆည်းရမိပြီး ယာဉ်မောင်း ကိုတော့ မတွေ့ရှိရကြောင်း မူဆယ်မြို့ ရဲစခန်း မှ စုံစမ်းသိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် Shock Tube Detonator သည် ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိကြောင်း၊ ဖမ်းဆီးရမိသည့် တရုတ်နံပတ် တပ်ကားသည် ကိုဗစ် -၁၉ ကာလ အတွင်း တရုတ်နိုင်ငံ မှ သတ်မှတ်ထားပေးသည့် နှစ်နိုင်ငံ ပြည်ဝင်၊ထွက် စစ်ဆေးရေး မန့်ဝိန်းဂိတ်မှ တဆင့် မောင်းပို့သည့် ကားဖြစ်ကြောင်း သိရသည်။

Photo by Cincds

ထို့ကြောင့် ၎င်းယာဉ်ကို လက်ခံမောင်းနှင်သူကို ဖမ်းဆီးနိုင်ရန် မူဆယ်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့က ပူးပေါင်း ရှာဖွေ စစ်ဆေးနေကြောင်းလည်း မူဆယ်မြို့မ ရဲစခန်းမှ တာဝန်ကျရဲက ပြောသည်။

“ တရုတ်နိုင်ငံကနေ တရားမဝင်သယ်ဆောင်လာတဲ့ ကားပါ။ ကျနော်တို့ တရားမ ဝင်သယ် ဆောင်လာသူ၊ ပစ္စည်းပိုင်ရှင် နဲ့ယာဉ်မောင်းကို စုံစမ်းနေပါတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျရဲ က ပြောသည်။

လက်ရှိမှာ တရုတ်နိုင်ငံမှ ပစ္စည်းသယ်ဆောင်လာပေးသူ၊ သယ်ဆောင်လာခိုင်းသူ၊ ပစ္စည်းပိုင်ရှင်နှင့် ယာဉ်မောင်းတို့ကို အမှတ် ၃၄၀/၂၀၂၀ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ပုဒ်မ ၂၃ ဖြင့် မူဆယ်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယခုလအတွင်း မူဆယ်မြို့တွင် မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများကို ဆက်တိုက်ဖမ်းဆီးရမိခဲ့သည်။

မေလ ၂၄ ရက် ည ၇ နာရီကလည်း မူဆယ်မြို့နယ် နောင်မွန်ကျေးရွာနေ စိုင်းဟန်မြင့်နေအိမ်တွင် ပစ္စတို ၃ လက်၊ ကျည်အိမ် ၄ ခု။ ၉ မမ ကျည် ၂၇တောင့် တို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း များလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဟုလည်း သိရသည်။

ထို့ပြင် မေ ၁၅ရက် တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀ဦး ကျော်နှင့် အတူ မူးယစ်ဆေး ကျပ်သိန်း ၁၈၀၀၀ ကျော် နှင့် လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် လင်မယား (၂) ဦးကို ဖောက်ခွဲရေးပစ္စည်းနှင့်အတူဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

0
သျှမ်းပြည် ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် လင်မယား (၂) ဦးကို ဖောက်ခွဲရေး ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးမိရကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သတင်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၅ ရက်) မနက်ပိုင်းအချိန်က ညောင်ရွှေမြို့ မိုင်းလီ (၅) ရပ်ကွက်အတွင်း...

TNLA သင်တန်းဆင်း လူငယ် (၁၀) ဦး ရန်ကုန်မြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA) တပ်ဖွဲ့သင်တန်းဆင်းလာသည့် လူငယ် (၁၀) ဦး ကို ရန်ကုန်မြို့တွင် ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့ ဧရာဝတီလမ်းရှိ ရဲကင်းဖောက်ခွဲမှုတွင် လုပ်ဆောင်ခဲ့သည့် လူငယ် (၁၀) ကို ဖမ်းဆီးရမိထားကြောင်း...