Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် ကျောင်းဆရာမ တဦးကို TNLA တပ်သား ပစ်သတ်ကြောင်း ဝန်းခံ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟွေခုတ်ရွာ မူလတန်းပြ ကျောင်းဆရာမ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သား သေနတ်ဖြင့် ပစ်သတ်ခံကြောင်း သတင်းရရှိသည်။

Photo by U Ba Nyan/ facebook

လွန်ခဲ့သည့် ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ဝန်းကျင်တွင် TNLA တပ်သား မိုင်းဖိုးစိန်သည် ဟွေခုတ်ကျေးရွာ မူလတန်းပြ ကျောင်းဆရာမ လွေးမြမွှေးအောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း TNLA ၏ ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကျောင်းဆရာမ ကို သေနတ်ပစ်သတ်ခဲ့သည့် မိုင်းဖိုးစိန် ကို လက်ရှိမှာ TNLA က ဖမ်းဆီးထားပြီး ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုပြစ်မှုကျူးလွန်သည့် မိုင်းဖိုးစိန်ကို TNLA တရားရေး ဌာန မှ အများပြည်သူ ရှေ့မှောက်တွင် တရားစီရင်ပြီးပါက ပြည်သူလူထုထံသို့ ထပ်မံချပြီး ရှင်းလင်းပေးသွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo by U Ba Nyan/ facebook

မူလတန်းပြ ကျောင်းဆရာမကို သေနတ်ပစ်သတ်ခဲ့သည့် မိုင်းဖိုးစိန် ကို TNLA ဥပဒေ အရ မည်ကဲ့သို့ တရားစီရင်ချက် ချမည်ကို TNLA ပြောရေးဆိုခွင့်ရ မိုင်းအိုက်ကျော် ကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် TNLA ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး ကျောင်းဆရာမ လွေးမြမွှေးအောင် ၏ ဦးလေး ဦးအောင်ဝင်း က “ လက်နက်ကိုင်ဘက်ကတော့ သူတို့လူဆိုတာ ဝန်ခံလိုက်တာတွေ့တယ်။ သူတို့ ဘယ်လိုစီရင်ချက်ချမယ်ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ တရားခံကို TNLA က ဖမ်းဆီးထားပြီး၊ TNLA ဥပဒေ လုပ်ထုံးလုပ်နည်း အရ ပြုလုပ်သွားမည်ဟု သိရှိထားကြောင်း ဦးအောင်ဝင်း က ပြောပြသည်။

Photo by U Ba Nyan/ facebook

ဆက်လက်ပြီး ဦးအောင်ဝင်း က “ နောက်နောင် ဒီလို ကိစ္စတွေမဖြစ်အောင်၊ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်ရေး နဲ့ နားလည်မှု လွဲနေတာ ကွဲပြားအောင် လုပ်ပေးဖို့ ပြောချင်ပါတယ်။မျှမျှတတ စီရင်ချဖို့ ပြောချင်ပါတယ်” ဟု တောင်းဆိုလိုက်သည်။

TNLA တပ်သား အနေဖြင့် ပြဿနာကို ဖြေရှင်းသည့် အခါ လက်နက်ဖြင့် မဖြေရှင်းရန်၊ နောက်နောင် ထပ်မံ မပြုလုပ်ရန် စံပြ အနေဖြင့် ပြစ်ဒဏ်ပေးသင့်ကြောင်းလည်း ဦးအောင်ဝင်း က ပြောသည်။

“ နောက် ဘယ်သူမှ မလုပ်ရဲအောင်၊ ပြဿနာကို ဒေါနဲ့ မောနဲ့ မဖြေရှင်အောင် စံပြ အနေနဲ့ တခုခု လုပ်သင့်တယ်” ဟု လည်း လွေးမြမွှေးအောင်ရဲ့ ဦးလေး က ပြောသည်။

ကလေးပညာရေး ကိုသာအဓိကထားသင်ပြပေးနေသည့် ကျောင်းဆရာမ တဦး ဆုံးရှုံးရသလို စိတ်ထားကောင်းပြီး အေးဆေးနေတက်သည့် တူမလည်း ဆုံးရှုံးရခြင်းသည် အတိုင်းမသိ ဝမ်းနည်းကြောင်းလည်း ဦးအောင်ဝင်း က ပြောသည်။

ဟွေခုတ်ကျေးရွာ မူလတန်း ကျောင်းဆရာမသည် ဇန်နဝါရီ ၂၄ရက် ည ၇နာရီ တွင် ဆရာမများနေသည့် အဆောင်တွင် TNLA တပ်သား မိုင်းဖိုးစိန် က လာရောက် ပစ်သတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...