Wednesday, January 28, 2026

နိုင်ငံတကာတရားရုံး ICJ တွင် မြန်မာအစိုးရရင်ဆိုင်နေရမှုအပေါ် EAOs ဘာလို့သဘောထားကွဲပြား

လူမျိုးသုဉ်းသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး နေပြည်တော်အစိုးရ အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်း ဆောင်များအား ဂမ်ဘီယာနိုင်ငံ မှ ကမ္ဘာ့တရားရုံးသို့တရားစွဲဆိုထားမှု နှင့် ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA-S လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များ၊ NCA အပစ်မရပ်စာချုပ်လက်မှတ် ရေး ထိုးထားခြင်းမရှိသေးသည့်တပ်ဖွဲ့များ၊ တိုက်ပွဲဝင်နေဆဲတပ်ဖွဲ့များက အသွင်မတူသည့် သဘောထား များ အသီးသီးထုတ်ပြန်ကြေငြာ ကြသည် ။

၀ တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် FPNCC အတွင်းပင် – မြောက်ပိုင်း စစ်ရေးညီနောင် ၃ ဖွဲ့က ICJ ဘက်မှရပ်တည်ပြီး မြန်မာ့တပ်မတော် ၏ လုပ်ရပ်များအား ရှုံ့ချလိုက်သည်။ သို့သော် ခေါင်းဆောင်တာဝန်ယူထားသည့် ၀ တပ်ဖွဲ့က ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ သဘော ထား အပေါ်ရပ်တည်ချက်ကို ထောက်ခံသည် ဟု ထုတ်ပြန်ကြေငြာထားသည်။

ထို့အတူ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ် ဖွဲ့များအတွင်းပင် သဘောထား ကွဲလွှဲမှုရှိသည့်အတွက် ခက်ခက်ခဲခဲ တိုင်ပင်ဆွေးနွေးရကြောင်း အတိုုင်အပင်ခံပုဂ္ဂိုလ်ဖြစ်သည့် ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း ကပြောသည်။

“အဖွဲ့က ၁၀ ဖွဲ့ဆိုတော့ အတွေးတွေကတော့ တော်တော်လေးညှိရတာပေါ့ တခုတည်းကျအောင်။ မနက် ၉ နာရီ ၃၅ ကနေ ညနေ ၃ နာရီခွဲအထိ တော်တော်ညှိရတာပေါ့။ နောက်ဆုံးတော့ ထုတ်ပြန် ချက်ထဲက အတိုင်းထွက် ရလာတာပေါ့။ ဒီဥစ္စာတော့ ထုံးစံပါဘဲ။ ဘာမှ ထူးထူးခြားခြားသိပ်ပြီးတော့မှ အကောင်းမြင်တာ အဆိုးမြင်တာ တို့ရှိဖို့မလိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ၁၀ ဖွဲ့က တသံတည်းထွက်အောင်လုပ်ရတယ်ဆိုတော့ မလွယ်ဘူးပေါ့ဗျာ ” ဟု ပြောသည်။

Photo Credit to NCA-S EAOS -အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်နေ့အထိ အစည်း အဝေးကျင်း ပပြုလုပ်

အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်နေ့အထိ အစည်း အဝေးကျင်း ပပြုလုပ်ခဲ့ပြီးကြေငြာချက်တစောင်ထုတ်ပြန်ရာတွင် ICJ ကိစ္စရပ် ပါ၀င်နေခဲ့ပါသည်။

ICJ တွင် နေပြည်တော်အစိုးရ သွားရောက်တရားရင်ဆိုင်မည့်အမှုမှာ အစိုးရ၏တာဝန်ယူမှု တာဝန်ခံမှု ကိုပြသခြင်းဖြစ်ကြောင်း၊ အမှန်တရားနှင့်တရားမျှတမှုကို ဖော်ထုတ်နေခြင်းဖြစ်ကြောင်း၊ ပြည်ထောင် စုမြန်မာနိုင်ငံမှ လက်မှတ်ရေး ထိုးထားသော နိုင်ငံတကာ ပဋိညာဉ်စာချုပ်စာတမ်းများအား လိုက်နာဆောင် ရွက်ခြင်းအပြင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည် ဖော်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တိုင်းပြည်၏ပုံရိပ်မြင့်မား လာစေမည်ဖြစ်ကြောင်း အချက် ၅ ချက်ဖြင့်ထုတ်ပြန်သည့် ကြေငြာချက်၏ နံပါတ် ၄ အချက်အတွင်း ဖေါ်ပြထားသည်။

Photo Credit to TIME (AP Photo/Dar Yasin, file)-၂၀၁၇ ခုနှစ်က Time website တွင်ဖော်ပြသည့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများ၏ စစ်ဘေးရှောင်ပုံ

၂၀၁၆ ခုနှစ် အောက်တိုဘာလကတကြိမ်၊ ၂၀၁၇ ခုနှစ် သြဂုတ်လကတကြိမ် ရခိုင်ပြည်နယ် အတွင်းနေထိုင် သည့် ရိုဟင်ဂျာ လူမျိုးဟု မိမိကိုယ်မိမိ ခေါ်ဆိုသည့် မူစလင်ဘာသာကိုးကွယ်သူ များအား အစိုးရတပ်မ တော် က ရှင်းလင်းတိုက်ခိုက်သဖြင့် လူပေါင်း ရ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရကြောင်း၊ ထိုစဉ်က တိမ်းရှောင်သူများသည် သတ်ဖြတ်ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း စသည့် လူ့အခွင့်အရေးများ ချိုးဖောက်ခံရကြောင်းလည်း လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့ များကထုတ်ပြန်ပါသည်။

အလားတူအဖြစ် အပျက်မျိုး လွန်ခဲ့သည့် ၁၀ နှစ် နှစ် ၂၀ အတွင်း သျှမ်းပြည်၊ ကယားပြည်၊ ကချင်၊ ကရင်၊ မွန်ပြည်နယ်တို့တွင်လည်း ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည့်အကြောင်း လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့များအနေဖြင့် သတိချပ်သင့်ကြောင်း သျှမ်းပြည်နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဟိဏ်း ကာယန်းက သျှမ်းသံတော်ဆင့်အားပြောသည်။

“တိုင်းရင်းသားဒေသအသီးသီးမှာဖြစ်ပွါးခဲ့တဲ့ အလားတူလူ့အခွင့်အရေးချိုးဖောက်ခံရမှုမျိုး နောက်နောင်တွေမှာ အစိုးရရဲ့စစ်အာဏာရှင်တွေ ထပ်မံမကျူးလွန်နိုင်အောင် အခုလိုအခွင့်သာတုန်း ကျနော်တို့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ထုတ်ဖော်ပြောဆိုသတိပေးဖို့ တာဝန်ရှိပါတယ် ”- ဟု ဟိဏ်းကာယန်း ကပြောသည်။

မြန်မာအစိုးရနှင့် စစ်တပ်မှ ICJ တွင် တရားသွားရောက်ရင်ဆိုင်မည်ကို ထောက်ခံကြောင်း အကောင်း မြင်ကြောင်း၊ တိကျမှန်ကန်သော အချက်အလက်အပြည့်အစုံဖြင့် သွားရောက်ဖြေရှင်းရန်တိုက် တွန်း ကြောင်း သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သော RCSS/SSA နှင့် SSPP/SSA တို့မှလည်း ကြေငြာ ချက် အသီးသီးထုတ်ပြန်ကြသည်။

လူ့အခွင့်အရေးချိုးဖောက်မှု စစ်ရာဇဝတ်ကျူးလွန်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှု အပေါ်ထောက်ခံကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့အနေဖြင့် ကြေငြာ ချက် ထုတ်ပြန်ခဲ့သည့် TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောသည်။

“ရည်ညွန်းထားတာကရခိုင်ဆိုပေမယ့် ပြည်တွင်းစစ်ပေါ်ပေါက်လာသည်နှင့်အမျှ တပ်မတော်ရဲ့လူ့အခွင့် အရေး ချိုးဖောက်မှုက ဆက်တိုက်ရှိနေတယ်။ စစ်ရာဇဝတ်ကျူးလွန်မှုတွေလည်းတောက်လျှောက် ရှိလာတယ်။ ကျနော်တို့ဒေသမှာလည်း အဲလိုမျိုးတွေရှိတယ်။ အဲဒီစစ်ရာဇဝတ်ကျူးလွန်မှုတွေကို ICJ က စစ်ဆေးမှာကိုကျနော်တို့ကထောက်ခံတယ်။ လိုအပ်လို့ရှိရင် ကျနော်တို့ဘက်မှာရှိတဲ့ သက်သေ အထောက် အထား တွေကို ပေးကမ်းပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ် ”- ဟု ပြောသည်။

 

သို့သော် ၄င်းတို့၏ ပြည်ထောင်စုငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီ FPNCC ဥက္ကဌ တာဝန်ယူထားသည့် ၀ တပ်ဖွဲ့ကတော့ – ဂမ်ဘီယာ သမ္မတ နိုင်ငံမှ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို အပြည်ပြည်ဆိုင်ရာ တရားရုံးထံ တရားစွဲဆိုသည့် အမှု ကိစ္စအပေါ် ၀ တပ်ဖွဲ့အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ သဘောထား အပေါ် ရပ်တည်ချက်ကို ထောက်ခံသည် – ဟု အစချီရေးသားထုတ်ပြန်ထားသည်။

မြန်မာအစိုးရဘက်မှရပ်တည်ကြောင်း ပြောဆိုနေမှုနှင့်ပတ်သက်ပြီးတားအိုက်ကျော်က –
-“ ကျနော်မြင်တာကတော့ ဒီဟာက နိုင်ငံရေးနဲ့ ရာဇဝတ်မှုနဲ့ ခွဲခြားမြင်တတ်ဖို့လိုတယ်။ အခုကရာဇ ၀တ်မှုဖြစ်တယ်။ တိုင်းရင်းသားဒေသမှာ နှစ်ပေါင်း ရ၀ အတွင်း တော်တော်များများက စစ်ရာဇဝတ်ကျူး လွန်ခံနေရတာရှိတယ်။ တချို့ဒေသမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခံရတာ မရှိဘူးဆိုတော့ သူတို့သဘော နဲ့သူတို့ပေါ့နော်။ ကျနော်တို့ဒေသမှာတော့ စစ်ရာဇဝတ်မှုကျူးလွန်ခံနေရတာရှိတဲ့ အတွက် ကျနော် တို့ကြုံတွေ့ရတဲ့ပြသနာကိုအခြေခံပြီးတော့ အခုလိုသဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်။ နောက် နောင်ကျနော်တို့ တိုင်းရင်းသားဒေသမှာ စစ်ရာဇဝတ်မှုကျူးလွန်တာမရှိအောင် လူ့အခွင့်အရေးကျူး လွန်တာတွေထပ်မရှိအောင် သွားရောက်ဖြေရှင်းစေလိုတယ်။ ဒါကျနော်တို့ လိုချင်တဲ့အချက်ပါ ”- ဟု ပြောသည်။

ဘယ်လ်ဂျီယံ နိုင်ငံအခြေစိုက် EBO ယူရိုဘားမားရုံး အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သည့် စဝ်ဟန်ယောင်ဟွေ့ က – နိုင်ငံတကာ တရားရုံး အနေဖြင့် မြန်မာ့အစိုးရအပေါ် တရားစွဲထားတာအကောင်းမြင်ကြောင်း၊ တိုင်းရင်း သားများအနေဖြင့်လည်း တပ်မတော်၏ ဖိနှိပ်မှု၊ မောင်းထုတ်မှု အဓမ္မပြုကျင့်အပေါ် မည်သူမျှ ဂရုမစိုက်ခဲ့ ကြောင်း ပြောသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အချို့က အမျိုးသားရေး အတွက် လက်နက်ကိုင်ဆောင်သော်လည်း အချို့က စီးပွားရေးအတွက် လက်နက်ကိုင်ဆောင် နေကြောင်း၊ အချို့ကလည်း ဖြစ်ပျက်နေသည့် အကြောင်းရင်းများ တိတိကျကျလေ့လာခြင်းမရှိဘဲ အစိုးရပြောသည့်အတိုင်း မူစလင်အရေးဖြစ်ကြောင်း၊ အချို့ကလည်း တည်ဆောက်ထားသည့် ငြိမ်းချမ်းရေး ပျက်ပြားသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ဗီအိုအေ သတင်းဌာနတွင်သုံးသပ်ထားသည် ။

၂၀၁၉ နို၀င်ဘာလ ၁၁ ရက်နေ့က ဂမ်ဘီယာ နိုင်ငံမှ မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုထားသည်။ တရားစွဲဆိုမှုအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ သဟိသ်မြို့ ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ သွားရောက်ရင်ဆိုင်မည်ဖြစ်ကြောင်း နို၀င်ဘာလ ၂၀ ရက်နေ့က မြန်မာအစိုးရက ထုတ်ပြန်ခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်လယ်ယာမြေ အဓမ္မခြံခတ်သည့် ဟုန်ပန်းကုမ္ပဏီက ဆရာတော် ကို တရားစွဲဆို

0
တာချီလိတ်မြို့နယ် လယ်ယာမြေ အဓမ္မသိမ်းခြံခတ်ပြုလုပ်သည့် ဟုန်ပန်းကုမ္ပဏီ သည် ပြည်သူဘက် ရပ်တည်ပေးနေသော ဝမ်းဟောင်းကျေးရွာ ဆရာတော်ပန်းရွှေကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။ ဧပြီ ၉ ရက်တွင် ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စုဖြစ်သည့် ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး တာချီလိတ် ပြည်သူများ ပိုင်ဆိုင်ပြီး သီးနှံစိုက်ပျိုးသည့်မြေပေါ် ခြံစည်းရိုးလာခတ်မှု ပြုလုပ်ခဲ့ပြီး၊...

သီပေါမြို့ ဆန္ဒပြသူ ၄ ဦးကို (၅၀၅-က)ဖြင့် ဖမ်းဆီး တရားစွဲဆိုထား

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြလူငယ် (၄)ဦး ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ပုဒ်မ (၅၀၅-က)ဖြင့် တရားစွဲဆို အမှုဖွင့်ထားသည်။ ထိုဖမ်းခံရသူ (၄)ဦးသည် မေ ၉ ရက် ညပိုင်းတွင် စစ်ကောင်စီမှ နေအိမ်ထဲထိ ဝင်ရောက်ကာ ဖမ်းဆီးသွားပြီး၊ မေ (၁၁)ရက်တွင်...

အာဏာသိမ်းစစ်အစိုးရ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ကိုတရားစွဲဆို

0
နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် ကို ယနေ့ (ဖေဖော်ဝါရီ ၃)ရက် တွင် ဇဗ္ဗူသီရိတရားရုံး၌ ဗီဒီယိုမှ တဆင့် ရုံးတင်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်း စစ်အစိုးရ မှ ဒေါ်အောင်ဆန်းစုကြည် ကို ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ(၈)ဖြင့် တရားစွဲဆိုပြီး၊...

မြန်မာ အစိုးရ ခေါင်းဆောင်များ နိုင်ငံတကာ ဆိုင်ရာ ဥပေဒ အရ အရေးယူသည့်အပေါ် သျှမ်းလူမှုအဖွဲ့ ထောက်ခံ

0
မြန်မာ အစိုးရ ခေါင်းဆောင်များ အား နိုင်ငံတကာ ဆိုင်ရာ ဥပဒေ အရ အရေးယူမှုအားသျှမ်းလူမှု အသိုင်အဝန်း က ထောက်ခံလိုက်ကြောင်း သတင်းရရှိသည်။ နိုင်ငံတကာ ဆိုင်ရာ တရားမျှတမှု ယန္တရားအရ မြန်မာနိုင်ငံအား လူမျိုးသုဉ်း သတ်ဖြတ်မှု အမှုဖြင့် ICJ တွင် တရားရင်ဆိုင်ရန်၊ ရိုဟင်ဂျာ(ခေါ်)ဘင်္ဂါလီ...

ICJ တရားရင်ဆိုင်ပါက သက်သေ ထောက်ထား ခိုင်လုံမှု ထည့်တွက်ရန် လိုအပ်

0
မြန်မာ အစိုးရ အနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တရားရင်ဆိုင်မည့် ဆိုပါက သက်သေ အထောက်အထား ခိုင်လုံမှု ထည့်တွက်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်သည်။ အဆိုပါ ပြောဆိုချက်သည် ယမန်နေ့ ဒီဇင်ဘာ ၂ ရက် တနိုင်ငံလုံး ဆိုင်ရာပစ်ခတ်ရပ်စဲရေး...