မြန်မာ အစိုးရ အနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တရားရင်ဆိုင်မည့် ဆိုပါက သက်သေ အထောက်အထား ခိုင်လုံမှု ထည့်တွက်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်သည်။

အဆိုပါ ပြောဆိုချက်သည် ယမန်နေ့ ဒီဇင်ဘာ ၂ ရက် တနိုင်ငံလုံး ဆိုင်ရာပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် (NCA) လက်မှတ်ရေးထိုးသည့် အဖွဲ့ ၁၀ဖွဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး တွင် ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာ နိုင်ငံ ၏ တရားစွဲဆိုခြင်း အားရင်ဆိုင် ဖြေရှင်း ရေး အတွက် အစိုးရ နှင့် တပ်မတော် ပူးပေါင်း လုပ်ဆောင်မည် ကိစ္စသည် အစိုးရ ၏ တာဝန်ယူမှု ၊တာဝန်ခံ မှု ကို ပြသခြင်းဖြစ်သည် ဟု PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
သို့သော် သွားရောက်ဖြေရှင်းသည့် အခါ “ တဖက်က သက်သေ အထောက်အထားခိုင်လုံမှု ဘယ်လောက် အထိ ရှိတယ်ဆိုတာ ကိုလည်း ထည့် တွက်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ် ကြီး ယွက်စစ် က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် တရားရုံး တွင် တိကျမှန်ကန်သော အချက်အလက်အပြည့်အစုံဖြင့် ဆုပ်ကိုင် ဖြေရှင်းနိုင်ရန် အတွက် အခိုင်အမာ အချက်အလက်များကို ဘက်ပေါင်းစုံ ယူဆောင်သွားသင့်ကြောင်းလည်း သျှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) က ဒီဇင်ဘာ ၁ရက် တွင် သဘောထားအမြင် ထုတ်ပြန် ခဲ့သည်။








Leave a Comments