Wednesday, January 28, 2026

မူးယစ်ဆေးဝါးပတ်သက်ဆက်နွယ်သူများအား လားရှိုးကျေးလက်လူငယ်များစုပေါင်းဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်အုပ်စုတွင် ဒေသတွင်းလူငယ်ထုနှင့် အုပ်စုအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများပူးပေါင်းကာ ကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုတခုပြုခဲ့ကြောင်းသိရသည်။

ယာဘများလက်ဝယ်ဖမ်းဆီးရမိသည့် မိုင်းရယ်ဒေသခံ စိုင်းဆန်လ

မတ်လ ၆ ရက်နေ့ ည ၉ နာရီက နမ့်ပေါင်ဒေသခံလူငယ်များနှင့်ရပ်မိရပ်ဖများစုပေါင်းကာ မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သည်ဟု သင်္ကာမကင်းရှိသူများအား စောင့်ကြပ်စစ်ဆေးကာ မိုင်းရယ်မြို့မှ စိုင်းဆန်လ ဆိုသူထံမှ ယာဘ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ၄င်းနှင့်ဆက်နွယ်နေသူ နမ့်ပေါင်ရွာသား ဦးလုံးမောင်အေးကိုပါ မူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

“ဒေသတွင်းလူထုရဲ့သတင်းပေးမှုက အရမ်းအရေးကြီးပါတယ်။ မိုင်းရယ်သား စိုင်းဆန်လ က နမ့်ပေါင်ရွာသား ဦးလုံးမောင်အေးနဲ့ အမျိုးတော်တယ်။ မကြာခဏဝင်ထွက်သွားလာတယ်။ မူးယစ်ဆေးတွေယူလာဖြန့်တယ်လို့ သတင်းတွေရထားလို့ စောင့်စစ်ရာကနေ မိသွားတာပါ။ အခု သူတို့ ၂ ယောက်ကို ပြည်သူ့ရဲလက် အပ်လိုက်ပါပြီ ” – ဟု နမ့်ပေါင်ရွာမှ လူငယ်ခေါင်းဆောင်စိုင်းဆန်လူက သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းဆန်လထံမှ ဖမ်းဆီးရမိ ယာဘမူးယစ်ဆေးများ

လက်ရှိတွင် ၄င်းတို့ ၂ ဦးအား လားရှိးရဲစခန်းသို့ပို့ဆောင်ချုပ်နှောင်ထားသည်ဟုသိရသည်။

“ကျနော်တို့ဒေသမှာ ယာဘ ကတအားများနေပါပြီ။ ဒီဒေသမှာယာဘလုပ်တဲ့စက်မရှိသေးတာတောင်မှ အဲလောက်များနေပါပြီ။တကယ်လို့လူငယ်တွေ ဒီကိစ္စကိုအရေးတယူတိုက်ဖျက်တာမရှိရင်တော့ အနာဂတ်လူငယ်အရေး လုံးဝ မတွေးရဲတော့ပါဘူး” – ဟု ကိုယ့်အားကိုယ်ကိုးမူးယစ်တိုက်ဖျက်ရေး များပြုလုပ်နေသည့် လူငယ်များအဖွဲ့က စိုင်းဆန်လူက ဆက်လက်ပြောပြသည်။

 

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က – သျှမ်းပြည်အနှံ့ ယာဘ မူးယစ်ဆေးဝါးများပျ့ံနှံ့လျက်ရှိပြီး အသက် ၁၂ နှစ်ခလေးများမကျန်သုံးစွဲနေကြကြောင်း၊ ယာဘစျေးမှာလည်းအည့ံဆုံးအမျိုးအစားမှာ တပြား ၁၀၀ ကျပ်သာရှိကြောင်း -ပြောဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့နယ် နေအိမ်တစ်လုံး ဗုံးဖောက်ကွဲခံရပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ကျွဲ၊ နွား ရောင်းဝယ်သည့် နေအိမ်တစ်လုံး ယနေ့ (နိုဝင်ဘာ ၁၆)ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဗုံးဖောက်ခွဲခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်သည် စစ်ကောင်စီလက်အောက်ခံရဲစခန်းအနီးတွင်ရှိပြီး ပျက်စီးမှုအများပြားရှိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အိမ်ရှင်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

လားရှိုးမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာ လူထုစစ်ဘေးရှောင်နေရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း TNLA နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီး အစိုးရတပ်မတော်မှလည်း နီးကပ်စွာလှုပ်ရှားသဖြင့် စစ်မြေပြင်အတွင်းရှိဒေသခံလူထု စစ်ဘေးလွှတ်ရာသို့တိမ်းရှောင်နေကြကြောင်းသိရသည်။ နို၀င်ဘာလ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်က လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် နားနန်းကျေးရွာအုပ်စု လွယ်ပန်လုံးမ်တွင်စခန်းချထားသော မန်ပန်ပြည်သူ့စစ်တပ်ဖွဲဲ့နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ "နားနန်းအုပ်စုဒေသခံ အသက် ၄၀...