Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် ကားသမားတဦး သေနတ် ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုနောင် ကျေးရွာ အနီးတွင် အရပ်သား ကားသမားကို သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

Photo by Lashio Youth/ သေနတ်ထိမှန်သည့် လက်

ဖြစ်စဉ်မှာ စက်တင်ဘာ ၈ရက် တွင် မူဆယ်မြို့ ဘက်မှ လာသည့် အသက် ၄၂နှစ် အရွယ် ယာဉ်မောင်း အားတီ ကားကို မြန်မာ့တပ်မတော် က ည ၇နာရီခွဲ ဝန်းကျင်တွင် ဟိုနောင် ကျေးရွာအနီး ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အားတီ လက် ကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“ မြန်မာ စစ်သားက ကားရပ် ပြောတော့ ကျနော် အရှိန်လျော့ ရပ်ဖို့လုပ်နေချိန်မှာ သေနတ်နဲ့ ၄၊၅ ချက်ပစ်တယ်။ ကျနော့် လက်နဲ့ ကားမှန်တွေ ထိတယ်။ ကားမှာလည်း ကျည်ဆံ ရာတွေပဲ” ဟု ကျည်ထိမှန်သည့် ကားသမား အားတီ က ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတား ခေတ္တပိတ်ထားပြီး ည ၇နာရီ ဝန်းကျင်မှ ကားများပြန်လွှတ်ပေးရာ နောက်ဆုံးမှ ထွက်လာသည့် ယာဉ်မောင်း အားတီ ကား သေနတ်ပစ်ခံခဲ့ရခြင်းဖြစ်သည် ဟု သိရသည်။

သေနတ်ဖြင့် ပစ်မှုကြောင့် အားတီ ၏ လက်ဖျံထိခိုက်ရာ ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသခံခဲ့ရကြောင်း အားတီ က ပြောပြသည်။

ကားကို သေနတ်ပစ်ပြီးနောက် ကားသမား အားတီ ကို မြေကြီးပေါ်တွင် မှောက်ခိုင်းပြီး ကားထဲတွင် စစ်ဆေးမှု ပြုလုပ်ပြီးကြောင်း သိရသည်။

“ ကျနော် ရိုးရိုးသားသား ကားသမား သူပုန်လည်း မဟုတ်ဘူး။ ဓားပြ လည်း မဟုတ်ဘူး။ လက်မှန်သွားပြီး ဘယ်လို လုပ်မလဲမေးတော့ ဆေးမှူးမဟုတ်ဘူး ဆေးမရှိဘူးလို့ ပြောတယ်။ ကျနော် ကွတ်ခိုင်ရောက်တော့ ဆေးထည့်လိုက်တယ်” ဟု အားတီ က ဆက်လက်ပြောသည်။

ကွတ်ခိုင်ဆေးရုံ သို့ ရောက်သွားသည့်အခါ မြန်မာ့တပ်မတော်မှ ယာဉ်မောင်း အားတီ ကို လာရောက်တောင်းပန်ခဲ့ကြောင်း၊ သေနတ်ပစ်သည့်အပေါ် ဗွေမယူရန်လည်း ပြောကြားခဲ့ကြောင်း အားတီက သျှမ်းသံတော်ဆင့် သို့ပြန်လည် ပြောပြသည်။

မြန်မာ့တပ်မတော်အနေဖြင့် ဆေးကုသပေးမှု မရှိသည့်အပြင် လျော်ကြေးငွေလည်း မပေးကြောင်း သိရသည်။

Photo by Lashio Youth / သေနတ်ထိမှန်သည့် ကား

“ပြည်သူလူထု ကို သေနတ်ပစ်တာတော့ မကောင်းဘူး။ ဘာမှ မဆိုင်ဘဲ သေနတ်နဲ့ပစ်တာတော့ မကောင်းဘူး” ဟု လားရှိုးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပြည်သူများအနေဖြင့် ဝမ်းရေး ရှာစားရခက်ခဲနေချိန်တွင် မည်သည့် လက်နက်ကိုင် မဆို ယခုကဲ့သို့ အရပ်သားပြည်သူများကို သေနတ်ပစ်ပြီး ဖြေရှင်းသည့်ကိစ္စ မပြုလုပ်စေချင်ကြောင်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

“ပြည်သူတွေက ဖြစ်လာရင် ဘယ်မှ တိုင်လို့မရဘူး။ မြန်မာ့ တပ်မတော် အနေနဲ့လည်း အောက်ခြေက လူတွေကို သေချာ စိစစ်ပေးသင့်ပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်းက  ပြောဆိုလိုက်သည်။

လက်ရှိ ယာဉ်မောင်း အားတီ သေနတ်ပစ်ခတ်ခံ ရသည့် နေရာသည် ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာ ဖြစ်ပြီး၊၊ ကား(၇) စီး မီးရှို့ခံရသည့်နေရာလည်းဖြစ်သည်။

အရပ်သားများ ထိခိုက်ရခြင်းမှ ကင်းဝေးရန် အတွက် ပဋိပက္ခ တွင် ပါဝင်နေသည့် လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ပြည်သူ၏ လုံခြုံရေး ဘေးကင်း ရေးကို အစွမ်းကုန် အလေးထားကာ ကာကွယ်ပေးသင့်ကြောင်း ကုလသမဂ္ဂ က စက်တင်ဘာ ၄ရက် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...