Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ့တပ်မတော် လေကြောင်းဖြင့် ပစ်ခတ် ရွာသားများပြော

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် တိုက်ခတ်သဖြင့် ဘုန်းကြီး ကျောင်းနှင့်နေအိမ်တချို့ ပျက်စီးသည်ဟု ဒေသခံများပြောပြချက် အရသိရသည်။

Photo Kutkai Youth- လက်နက်ကြီးထိမှန်သည့်နေအိမ်

စက်တင်ဘာလ ၂ ရက် ညနေ ၄ နာရီ ကျော်တွင် မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ကွတ်ခိုင် မြို့နယ် ဟွေ့ခုတ်ကျေးရွာ ဘုန်းကြီးကျောင်း လက်နက်ကြီးကျကာပျက်စီးကြောင်း တအာင်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးအိုက်မွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ပထမဆုံး ကလေယာဉ်နဲ့ ပစ်တယ်။ နောက် လက်နက်ကြီးနဲ့ ပစ်တယ်။ လေယာဉ်နဲ့ ပစ်တော့ ဟွေ့ခုတ် ဘုန်းကြီးကျောင်းကို ထိတယ်။ လက်နက်ကြီးကတော့ အိမ်ကိုထိတယ်” ဟု ဦးအိုက်မွန်း က ဆိုသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ယမန်နေ့က တိုက်ပွဲများ ငြိမ်သက်နေပြီး ညနေ ၄ နာရီမှသာ မြန်မာ့တပ်မတော် လေယာဉ် ၂ စီးသည် ကွတ်ခိုင်မြို့ ပတ်ပတ်လည် ပျံဝဲ ကာ ညနေ ၅ နာရီ အချိန် လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း ဦးအိုက်မွန်း က ရှင်းပြသည်။

“ တဖက်သံပါပဲ။အပြန်အလှန် ပစ်ခတ်တာမရှိဘူး” ဟု ဦးအိုက်မွန်း က ထပ်လောင်းပြောသည်။

Photo Credit to Shar Htat Paing- လက်နက်ကြီးနှင့် လေယာဉ်ပစ်ခတ်မှုကိုစိုးရိမ်ထိတ်လှန့်သဖြင့် ရွာသားများ နေရပ်မှထွက်ပြေတိမ်းရှောင်

မြန်မာ့ တပ်မတော် လေယာဉ်သည် ဟွေ့ခုတ်ကျေးရွာ အတွင်း သို့ လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း ဆွမ်းဆောင်၊ သိမ်ကျောင်း၊ ဘုန်းကြီးကျောင်း အိမ်သာ နှင့် အရပ်သားနေအိမ် များ ထိခိုက်ပျက်စီးကြောင်း ကျေးရွာ ဒေသခံများ ပြောပြချက် အရသိရသည်။

Photo Kutkai Youth- လက်နက်ကြီးထိမှန်သည့်နေအိမ်

“ ရွာသားတွေရဲ့ နေအိမ် ၀ရံတာတွေ ကျိုးသွားတယ်။ ခေါင်မိုးတွေ က ဇကာပေါက်တွေဖြစ်သွားတယ်” ဟု ကွတ်ခိုင်မြို့ မဟာစည်ရိပ်သာ သို့ စစ်ရှောင်လာသည့် ဟွေခုတ် ကျေးရွာ ဒေသခံ တဦးက ပြောသည်။

ယမန်နေ့ ကွတ်ခိုင်မြို့ ပေါ် သို့ မြန်မာ့တပ်မတော် လေကြောင်းများ ပစ်ခတ်မှု နှင့် လက်နက်ကြီးကျမှုကြောင့် အရပ်သားထိခိုက်မှု မရှိကြောင်း၊ လေယာဉ်ပျံဝဲသံ ကြားသည့်အချိန်တွင်ဒေသခံများအားလုံး ဗုံးခိုကျင်းသို့ ထွက်ပြေး ခိုလှုံနေသဖြင့် ထိခိုက်မှု မရှိခဲ့ကြောင်း ၎င်း ဒေသခံ က ထပ်လောင်း ပြောပြသည်။

ထို မြန်မာတပ်မတော်လေယာဉ် ဖြင့် ပစ်ခတ်မှုနှင့် လက်နက်ကြီး ကျမှုကြောင့် ဟွေ့ခုတ် ကျေးရွာ၊ မန်ထန်ကျေးရွာ နှင့် ဟိုကျန့် ကျေးရွာ ဒေသခံ ၂၆၀ ကျော်သည် ကွတ်ခိုင် မဟာစည် ရိပ်သာ သို့စစ်ရှောင်နေကြရကြောင်း ကွတ်ခိုင် ဂရုဏာ အသင်းမှ ဦးထွန်းအောင်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့ ညနေက လက်နက်ကြီးကျတော့ ကျနော်တို့ အဖွဲ့တွေ ရွာက လူတွေသွားခေါ်ထုတ်ခဲ့တယ်။ ဒေသခံ ၂၆၄ဦးကို အခု မဟာစည်ကျောင်းမှာ ထားတယ်” ဦးထွန်းအောင် က ဆိုသည်။

ယမန်နေ့ လက်နက်ကြီး ကျသည့် ဟွေ့ခုတ် ကျေးရွာ သည် ကွတ်ခိုင်မြို့ နှင့် ၂မိုင်သာ ဝေးကွာသည်။

Photo Kutkai Youth- လက်နက်ကြီးထိမှန်သည့်နေအိမ်

မြန်မာ့တပ်မတော် လေယာဉ်နှင့် ပစ်ခတ်သည့် ကိစ္စ နှင့် ပတ်သတ်ပြီး ဦးထွန်ေးအာင် က “ မနေ့က ၅နာရီ နောက်ပိုင်းမှာ မြန်မာ့တပ်မတော် လေယာဉ်က ချတဲ့နေရာ မကျပဲ ရွာထဲ မှားကျတာ ထင်တယ်” ဟု ပြောသည်။

သြဂုတ် ၃၁ရက် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC ) တို့ ဆွေးနွေးပွဲ ပြုလုပ်ပြီး တပ်မတော်မှ တဖက်သက် အပစ်ရပ်ဆိုင်းသည့် သတင်းကြောင်း ကွတ်ခိုင် စစ်ရှောင်များ နေရပ်ပြန်ရန် စီစဉ်ထားကြသည်။

သို့သော် ယမန်နေ့တွင် လေကြောင်း နှင့် လက်နက်ကြီးများပြန်လည် ပစ်ခတ်မှု ကြောင့် နေရပ်ပြန်ရန် စိုးရိမ်နေကြကြောင်းလည်း ဦး အိုက်မွန်း ကပြောသည်။

“ ပြီးခဲ့တဲ့ ရက်မှာ လည်း အပစ်ခတ်ရပ်ကို နောက် ထပ်တိုးထားတာ ရှိတယ်။ ကျနော်တို့တောင် ဝမ်းသာပြီး စစ်ရှောင်တွေ ကို နေရပ်ပြန်ဖို    စီစဉ်နေတယ် ။တိုက်ပွဲ တဖက်နဲ့ တဖက်ပစ်တာ  မစိုးရိမ်ဘူး။ အခုလို လေယာဉ်နဲ့လက်နက်ကြီးကို လူတွေ က အစိုးရိမ်ဆုံးဘဲ။ လက်နက်ကြီး က ဘယ်အချိန်ကျမလဲ။ ဘယ်နေရာ ကျမလဲ ဆိုတာ မှန်းလို့ မဘူး” ဟု ဦးအိုက်မွန်း က ပြောသည်။

ယမန်နေ့မနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ကွတ်ခိုင်ရှိအစိုးရတပ်သို့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း ထိုအတွက် ညနေပိုင်းတွင် ကွတ်ခိုင်မှ အစိုးရတပ်က အဆိုပါ ရွာ ၃ ရွာဘက်သို့လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် ရဟတ်ယာဉ်ဖြင့်လည်း သွားရောက်ပစ်ခတ်ခဲ့ကြောင်း အသက် ၅၀ ကျော်အရွယ် ကွတ်ခိုင်ဒေသခံ တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

 

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ကို သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြငး်မရှိပေ။

သြဂုတ် ၃၁ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာတွင် လက်နက်ကြီးကျပြီး အမျိုးသမီးများနှင့် လသာအရွယ် ကလေး အပါအဝင် ၅ဦး သေဆုံးခဲ့သည်။

မြန်မာ့ တပ်မတော် နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့ တို့ သြဂုတ် ၁၅ရက်နေ့မှ စတင်ဖြစ်ပွားလာသည့် တိုက်ပွဲကြောင့် အရပ်သား ၁၇ဦး အထက် သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ဦးထိ ရှိလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...