Tuesday, January 27, 2026

အထက်တန်းအောင်လက်မှတ်အတု အသုံးပြုဟုဆိုကာ ဓနုပါတီ DNDP ကိုယ်စားလှယ်လောင်း ပယ်ချခံရ

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) မှ ဦးမောင်ကောင်း (ခ) ဦးရာဇာရှိန်း ဆိုသူကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ပယ်ချခဲ့ကြောင်း စုံစမ်း သိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဦးမောင်ကောင်း (ခ) ဦးရာဇာရှိန်း အား ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ အမည်စာရင်း တင်သွင်းရာတွင် အထက်တန်း အောင်လက်မှတ် အတု ပြုလုပ်ကာ တင်သွင်းသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။

“သူဆယ်တန်း (အထက်တန်း) အောင် မအောင်တော့ မသိဘူး၊ ဒီမှာက ဓနုရယ် ပအိုဝ်းရယ် ကြံ့ခိုင်ရေးရယ် အဓိက ပြိုင်ရမှာ။ ဓနုက ပြုတ်သွားတော့ ကြံ့ခိုင်ရေးက ဒေါက်တာနန္ဒာလှမြင့် နိုင်ဖို့ ပိုများသွားတာပေါ့” ဟု အောင်ပန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

လက်ရှိ စစ်ကော်မရှင် ပြင်ဆင်ထားသည့် ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပညာအရည်အချင်း အနည်းဆုံး အထက်တန်း အောင်မြင်ရမည် ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခံရသည့် ဦးမောင်ကောင်း (ခ) ဦးရာဇာရှိန်း သည် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဒေသတွင်း မြေယာများ အကွက်ရိုက် ရောင်းချခြင်းဖြင့် ငွေကြေးဓန အင်အားတောင့်တင်းသူ တစ်ဦးဖြစ်ကြောင်း၊ ဒေသတွင်း အာဏာပိုင်များနှင့် ဆက်ဆံရေး အဆင်ပြေသူ ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

စစ်ကော်မရှင်၏ ၂၀၂၅ ရွေးကောက်ပွဲတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) အနေဖြင့် ရွာငံ၊ ပင်းတယ၊ ကလော၊ ရပ်စောက်၊ တောင်ကြီး၊ ညောင်ရွှေ၊ နောင်ချို စသည့် မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ကလောမြို့နယ် ပါဝင်ပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် UEC မှ အမည်စာရင်း ထုတ်ပြန်ခဲ့ရာတွင် ဝင်ရောက်ယှဉ်ပြိုင်သူ (၅) ဦးရှိထားသည်။

၎င်းတို့မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မှ ဦးခင်မောင်ထွေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာနန္ဒာလှမြင့်နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PP) မှ နန်းဟောင်(ခ)စန္ဒာဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) မှ ဦးသက်ပိုင်စိုး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ဦးဟန်ဝင်းထွန်း တို့ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...