သျှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) ၏ ဥက္ကဌ ဦးစိုင်းလင်း နာရေးကြောင့် မြို့အဝင်၊အထွက် ယာယီပိတ်ဆိုင်းထားကြောင်း စုံစမ်းသိရသည်။
သြဂုတ်(၈)ရက်တွင် ကွယ်လွန်သွားသည့် NDAA ၏ ဥက္ကဌ ဦးစိုင်းလင်း နာရေးပြုလုပ်မည်ဖြစ်သဖြင့် မိုင်းလားမြို့ အဝင်၊အထွက်ကို သြဂုတ် (၁၀) မှ သြဂုတ် ၂၃ ရက်ထိ ပိတ်သွားမည်ဟု မိုင်းလားမြို့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဥက္ကဌကို ဂုဏ်ပြုတဲ့အနေနဲ့ လုံခြုံရေး အရ မြို့အဝင်၊ အထွက် ပိတ်ထားတာပါ။ သြဂုတ် ၂၃ရက်ရက်ထိပါ။ လမ်းကို ပိတ်ချလိုက်တဲ့သဘောလည်း မဟုတ်ဘူး။ ကုန်စည်ပို့ဆောင်တာတော့ ရတယ်။ ဒါပေမယ့် ကျနော်တို့ဆီကိုတော့ ခွင့်ပြုချက်ယူရမယ်” ဟု ၎င်း တာဝန်ရှိသူတစ်ဦး ပြောသည်။
အဆို ကုန်သည်များက မိုင်းလားမြို့ဝင်၊ထွက်ကို လကုန်ထိပိတ်ထားသည်ဟုအသံထွက်နေပြီး၊ အချို့မှကုန်စည်ပို့ဆောင်မှု မရကြောင်းလည်း မိုင်းလား ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“မိုင်းလားလူကြီးဆုံးလို့ ပိတ်ထားတာတဲ့ ။ ကုန်ပစ္စည်းတွေပို့ရမှာတောင် နားထားရတယ် ။ လကုန်တဲ့ထိလို့ပြောတယ် ။ ဒါမမဟုတ် တလလောက်ထိပိတ်နိုင်လား မသိဘူး ‘’ ဟု ၎င်းက ပြောသည်။
NDAA ၏ ဥက္ကဌ ဦးစိုင်းလင်း ကွယ်လွန်သွားသည့်အတွက်ကြောင့် သြဂုတ် (၁၀)ရက်မှ စတင်ကာ ဝမ်းနည်းခြင် အထိမ်းအမှတ် အနေဖြင့် စတင်သတ်မှတ်သွားမည်ဖြစ်ပြီး၊ လူမှုတည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းနိုင်ရန် အတွက် ၎င်းဒေသကို သွားလာရေး ကန့်သတ်ချက် ပြုလုပ်ဆောင်ရွက်သွားမည်ဟု မိုင်းလား အထူးဒေသ(၄) က သြဂုတ် ၉ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုဒေသသို့ သွားလာလို့ပါက အထူးဒေသ (၄) ရဲဌာနကို အသိပေးတင်ပြပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
မိုင်းလားမြို့ ဝင်၊ထွက် အထွေထွေ သွားလာရေး ကန့်သတ်ချက်ဖြေလျော့မှုကိုလည်း ထပ်မံ အသိပေးကြေညာသွားမည်ဟု လည်း ဖော်ပြထားသည်။
ဩဂုတ်လ (၈) ရက် ညအချိန်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် မိုင်းလားတပ်ဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း အသက် (၇၆) နှစ်၏ ဈာပနအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့တွင် မိုင်းလားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဈာပနစီမံရေးကော်မတီမှ ယနေ့ (ဩဂုတ်လ ၉ ရက်) တွင် သတင်းထုတ်ပြန်ခဲ့သည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။









Leave a Comments