Sunday, May 26, 2024

နိုင်ငံရေးအခြေနေကြောင့် မိုးညှင်းမြို့နယ် ဇောတိရှင်လောင်းပွဲ အကျဉ်းချုပ်ဖြင့်သာ ပြုလုပ်

Must read

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ပြုလုပ်သည့် ဇောတိရှင်လောင်းပွဲသည် နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ် အကျဉ်းချုပ်ဖြင့်သာ ပြုလုပ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ဇောတိရှင်လောင်း

အဆိုပါ ဇောတိရှင်လောင်းပွဲကို ဇန်နဝါရီ ၂၉ ရက်မှ စပြီး ဖေဖော်ဝါရီ ၂ ရက်အထိ (၅) ရက်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှင်လောင်းပွဲထဲတွင် ယခင်နှစ်တွေက စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေ နှင့် ကိုဗစ် -၁၉ ကြောင့် အကျဉ်းချုပ်တာ ပြုလုပ်ခဲ့သည်။

” နိုင်ငံရေးအခြေနေကောင်းတုန်းကလိုမျိုးတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပတာမဟုတ်ဘူး။ အခုက အိုးစည်ဗုံတွေတောင် မတီးဘူး။ ကျနော်တို့ ဂေါပက အဖွဲ့တွေကလည်း နိုင်ငံရေးအခြေနေလည်း သိပ်မကောင်းဘူး ပျော်ပွဲရွှင်ပွဲတွေထည့်ပြီးကျင်းပတာလည်း မလုပ်ဘူး။ ကျောင်းဝန်းထဲမှာပဲ ဇောတိကျောင်းမှာပဲ ရိုးရာဓလေ့ ထုံးတမ်းအတိုင်း အကျဉ်းချုပ်ပဲ ပြုလုပ်သွားတာ” ဟု စိုင်းဆိုင်လျန်ခမ်းက ပြောသည်။

ဇောတိရှင်လောင်းပွဲ

ဇောတိရှင်လောင်းပြုလုပ်မည့် သူများသည် ရှင်လောင်းမဝတ်ခင်က ဘုန်းကြီးကျောင်းတွင် ၃ လ သာ သင်္ကန်းတောင်းနည်း ၊ ဘုရားဝတ်ပြုနည်း ၊ ၁၀ ပါးသီလ နှင့် သျှမ်းစာများကို လေ့လာဆည်းပူးရသည်။
အကယ်၍ ၃ လသာကာလအတွင်း သင်ကြားပြီး ဖြေကြားရာတွင် မအောင်မြင်ပါက ရှင်ပြုခွင့်မရရှိကြောင်း သိရသည်။

အလားတူ လက်ရှိ နိုင်ငံရေး အခြေနေ နှင့် ကိုဗစ်- ၁၉ ကြောင့် ပြည်သူများက ၂ လသာ ဘုရားဝတ်ပြုနည်းကို ကျင်းပခဲ့ရကြောင်း စိုင်းဆိုင်လျန်ခမ်းက ဆိုသည်။

” ရှင်ပြုပွဲမရောက်ခင်ကို အနည်းဆုံး ၃ လလောက်ကြိုတင်ပြီးတော့မှ ကျောင်း သံဃာတွေဆီအပ်ရတာပေါ့။ အခုနှစ်ကတော့ ကိုဗစ် တွေကြောင့် ၂ လလောက်ပဲ ကျောင်းမှာ အပ်ရတာပေါ့။ ပုံမှန်ဆိုရင် ၃ လကျော် ၄လ လောက်က ရှင်ပြုတဲ့အခါမှ တတ်ထားရမယ့် စာပေ ၊ ၁၀ ပါးသီလ သင်္ကန်းတောင်းနည်းတွေ ထွက်နည်းတွေ သာမဏေပြုဖို့အတွက် အသုံးဆောင်တွေ သူအသံတွေ မှန်အောင်ထားတက်အောင် ဝိနည်းနဲ့အတူနေထိုင်နိုင်အောင် အနည်းဆုံး ၃ လလောက်ကြိုတင်အပ်ထားပြီးမှ ရှင်းပြုပွဲကို ကျင်းပတယ်” ဟု ၎င်းက ပြောသည်။

မိုးညှင်းမြို့နယ်အတွင်း ပြုလုပ်သည့် ဇောတိရှင်လောင်းပွဲသည် ၃ နှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိကြောင်း သိရသည်။ ၃ နှစ်တကြိမ်ပြုလုပ်လေ့ရှိသည့် ရှင်လောင်းပွဲဖြစ်သည့်အတွက်ကြောင့် နိုင်ငံရေးတည်ငြိမ်ချိန်တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့သည်။

ယခုနှစ် ပြုလုပ်သည့် ရှင်လောင်းပွဲသည် ရှင်လောင်းအပါး ၂၇၃ ပါး ရှိပြီး တစ်ရက် ၄၆ ပါးဖြင့် ရှင်သာမဏေ ပြုလုပ်ပေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article