Wednesday, January 28, 2026

ဝေးလံသည့်ဒေသ မီးရရှိဖို့ အီတလီ နိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရို ၃၀ သန်း ရယူမည်ဟုဆို

မဟာဓာတ်လိုင်းအား ပြင်ပအမျိုးသား လျှပ်စစ်ဓာတ်အားရရှိ စီမံကိန်း (NEP- ID) အကောင်အထည်ဖော် ဆောင် ရွက်ရန် အတွက်အီတလီ နိုင်ငံမှ အတိုးမဲ့ ချေးငွေ ယူရို ၃၀ သန်း ရယူရန် အတွက် ယမန်နေ့ ( သြဂုတ် ၁) ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

Photo credit to Myanmar Business Today

 

အီတလီ ချေးငွေ နှင့် လျှပ်စစ်မီး လက်လှမ်းမီမှုနည်းပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်နှင့် အနီးတစ်ဝိုက်ရှိ ပြည်နယ် တိုင်းဒေသကြီးများအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု အောင်သူ နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ရှင်းလင်တင်ပြခဲ့သည်။

၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အစိုးရ၏ ကာလတို ရည်မှန်း ချက်အရ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၉၈၀၀ ခန် ့ကို မီးပေး နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဒေါက်တာအောင်သူက ပြောဆိုခဲ့သည်။

နောက်ထပ် ၁၅ နှစ် အတွင်း မဟာဓာတ်အားလိုင်း မ ရောက်ရှိနိုင်သည့်နေရာ ၊ မဟာဓာတ်အားလိုင်း နှင့် ၁၀ မိုင် အထက် ဝေးကွာသည့်ဒေသများ၊ သွားလာဆက်သွယ်မှုခက်ခဲပြီး ဝေးလံ ခေါင်ဖျား သည့်ဒေသများ၊ အိမ်ခြေ နှင့် လူသူထူထပ်ပြီး ပြည်သူ မှ ၁၀ ရာခိုင်နှုန်း ထည့်သည့် ရွေးချယ်မှုများပေါ် အခြေခံပြီး ကျေးရွာများကို ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်း ပြင်ပအမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ ချေးငွေ Soft Loan ယူရိုငွေ သန်း ၃၀ ၏ စည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ ၁၈ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ်၊ စုစုပေါင်း ချေးငွေ သက်တမ်း ၂၈ နှစ် ဖြစ်ပြီး အတိုးပေးရန်မလိုဘဲ အရင်းငွေကို တစ်နှစ်လျှင် နှစ်ကြိမ် နှုန်းဖြင့် စုစုပေါင်း ၂၀ ကြိမ်ပေးဆပ်ရမှာ ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းကလည်း ဆက်လက်တင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းကျော် ရှိသည့်အနက် မီးလင်းသည့် ကျေးရွာပေါင်း ၂ သောင်းခွဲ ခန့်သာရှိ ကြောင်း ကျန်ရှိသည့် ၃ သောင်းခွဲကျော်တွင် လျှပ်စစ်မီး မရရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။

ကမ္ဘာ့ဘဏ်၏ ကွင်းဆင်းလေ့လာမှုများ အရ မြန်မာနိုင်ငံအတွင်း ရ၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက်လျှင် အနည်းဆုံး လျှပ်စစ်မီး ၂ နာရီခန့်သာ အသုံးပြုနေရပြီး ရ၀ ရာခိုင်နှုန်းသောအိမ်ထောင်စုများမှ ၃၀ ရာခိုင်နှုန်းသည် မဟာဓာတ်အားလိုင်းပြင်ပမှ လျှပ်စစ်မီးရရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုထားသည့် သက္ကရာဇ် ၂၀၃၀ တွင် လူတိုင်း လက်လှမ်းမီပြီး ယုံကြည် စိတ်ချ ရေရှည်တည်တံ့မည့် ခေတ်မီ စွမ်းအင် ရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုးတက် အောင်မြင် မှုများကို အကဲဖြတ် မှတ်တမ်းတင်နိုင်ရန် ၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံအပါအဝင် ၁၅ နိုင်ငံတို့တွင် ကမ္ဘာ့ဘဏ်က ကွင်းဆင်း သုတေသနပြုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

G-12 စာမေးပွဲဖြေဆိုချိန် လျှပ်စစ်မီးမပေးနိုင်တဲ့ သျှမ်းတောင်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် (၁၂) တန်း G-12 စာမေးပွဲဖြေဆိုချိန်အတွင်း လျှပ်စစ်မီးမပေးနိုင်သည့်အတွက် ကျောင်းသားကျောင်းသူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ နှစ်စဉ်နှစ်တိုင်း စာမေးပွဲဖြေဆိုသည့် အချိန်တွင် စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန်ပေးခဲ့သော်လည်း ယခုနှစ်တွင် မြို့နယ်အများစုတွင် လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကြောင့် ကျောင်းသား/သူများ အခက်အခဲဖြစ်နေကြောင်း နမ့်စန်ဒေသခံ အမျိုးသမီးတစ်ဦးက...

ပန်ဆိုင်းမြို့ လျှပ်စစ်မီးကို MNDAA က တရုတ်နိုင်ငံမှတဆင့် ပြန်သွယ်တန်းပေးနေ

0
သျှမ်းပြည် ပန်ဆိုင်းမြို့ မှ လျှပ်စစ်မီးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က တရုတ်နိုင်ငံမှတဆင့် ပြန်လည် သွယ်တန်းပေးနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် ဒီဇင်ဘာလ လလယ်မှစ၍ လျှပ်စစ်မီးကို MNDAA က တရုတ်နိုင်ငံမှ တဆင့် သွယ်တန်းပေးပြီး တစ်ယူနစ်လျှင် တရုတ်ယွမ်ငွေ ၂...

ကျိုင်းတောင်းမြို့ နေအိမ်ခြံဝင်းထဲ မီးတိုင်စိုက်ထူ၊ ခြံဆုံးရှုံးမည်ကို ဒေသခံများစိုရိမ်

0
သျှမ်းပြည် မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ရှိ လူနေအိမ်ရပ်ကွက်အတွင်း မီးဓာတ်တိုင်စိုက်ထူရာတွင် ဒေသခံနေအိမ်ခြံဝင်းထဲ တိုးချဲစိုက်ထူလာသောကြောင့် ခြံဝင်းဆုံးရှုံးမည်ကို စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် (အောက်တိုဘာ) လဆန်းပိုင်းမှစပြီး ကျိုင်းတောင်မြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအတွင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်မီးဌာနမှ လျှပ်စစ်မီးသွယ်တန်းရန်အတွက် မီးဓာတ်တိုင်စိုက်ထူရာတွင် ဒေသခံများ၏ နေအိမ်ခြံဝင်းအထိ တိုးချဲ့စိုက်ထူလာသောကြောင့်...

ကျောက်မဲမြို့နယ် ဓာတ်တိုင်ပေါ် လျှပ်စစ်သွယ်သည့်အမျိုးသား ပြုတ်ကျသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာတွင် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးသွယ်တန်းပေးနေစဉ် မတော်တဆ ပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃ ရက်) ည ၃ နာရီတွင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာ၊ ပုံဝိုးသွားလမ်းပေါ် ရှိ ပြောင်းပွဲရုံတစ်ရုံတွင် အမျိုးသားတစ်ဦးသည် ဓာတ်တိုင်ပေါ်သို့...

မီးလောင်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ရာမှ မီးထဲသံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဧပြီ ၁၉) ရက် ည (၉) နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး သက်တော် (၇၀) ခန့်ရှိ ဆရာတော်တစ်ပါး...