ဗိုလ်မိုးဟိန်း ကွယ်လွန်ခြင်း ၂၇ နှစ်ပြည့် အခမ်းအနား ဗိုလ်ချုပ်ကြီးယွက်စစ်တက်ရောက်

0

သျှမ်းပြည်တော်လှန်းရေးခေါင်းဆောင် ဗိုလ်မိုးဟိန်း ခေါ် စဝ် ကွဏ်းဇိဏ်း ကွယ်လွန်ခြင်း ၂၇ နှစ်ပြည့် အောင့်မေ့ခြင်းအထိမ်းအမှတ်အခမ်းအနားအား ထိုင်း-မြန်မာနယ်စပ်ရှိ ၄င်း၏ ဂူဗိပ္မာန်တွင်ကျင်းပရာ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့သည်။

Photo by SAT

၂၀၁၈ ဇူလိုင် ၁၂ ရက်နေ့သည် ဗိုလ်မိုးဟိန်းကွယ်လွန်ခြင်း ၂၇ နှစ်ပြည့် အောင့်မေ့ခြင်း အလှူအား ၄င်း၏ ပိန်းလုံ နှင့် လတ်တိုင်ရှိ ၄င်း၏နေအိမ်တွင်လည်းကောင်း၊ ၀တ်ဖဝိန်းအင်းဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ ဇူလိုင်လ ၁၁ ရက်မနက်ပိုင်းတွင် ၄င်း၏ ဂူဗိမာန်ရှိရာ ထိုင်း-မြန်မာနယ်စပ် ၊ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ချင်းမိုင်ခရိုင် ပိန်းလုံမြို့နယ် လတ်တိုင်ကျေးရွာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတက်ရောက်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က – “စဝ်ကွဏ်းဇိဏ်း ဟာ စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်တဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်တယ်။ သမာသမတ်ကျင့်သုံးတယ်။ သူဆုပ်ကိုင်ကျင့်သုံးတဲ့ မဏ္ဍိုင် ၄ ရပ်ဖြစ်တဲ့ ပြုပြင် ၊ လက်ခံ၊ စည်းလုံးနဲ့ ကူညီ ဖေးမ မှုအတိုင်း ဒို့တတွေကျင့်သုံးရင် အမျိုးသားရေးလုပ်ငန်း အထူးအောင်မြင်မယ်။ လေနဲ့ဘဲစည်းလုံးရေး လုပ်နေမယ့် အစား ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်မှသာ စည်းလုံးမှုရနိုင်မယ် – ဟု ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဗိုလ်ချုပ်ကြီးယွက်စစ်အပြင် ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိုင်းယီ၊ အကြံပေးပုဂ္ဂိုလ် စဝ်ပိုင်းမိန်း၊ စဝ်ကဏ်းဇိတ်း၊ စဝ်ခင်းဆိုင် တို့တက်ရောက်ခဲ့့ပြီး ဗိုလ်မိုးဟိန်း၏ တပည့်တပန်းဟောင်းများ ကေဒါတပ်သားများ လည်းတက်ရောက်ကြောင်း၊ ၀ိန်းဟိုင်မြို့နယ် ၊ ပိန်းလုံအုပ်စု ၊ လတ်တိုင်ရွာ တို့မှ ဆိုင်ရာအာဏာပိုင်များလည်း တက်ရောက်ခဲ့ကြောင်းသိသည်။

စဝ်ကွဏ်းဇိန်း ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့တိုင်း အထိမ်းအမှတ် အောင့်မေ့ခြင်းအခမ်းအနားအား ဗိုလ်ချုပ်ကြီးယွက်စစ်မှ နှစ်စဉ်ဦးဆောင်ကျင်းပသည်။

သျှမ်းညီညွတ်ရေးစွမ်းဆောင်မှုသမိုင်းတွင် မှတ်တမ်းတင်နိုင်ခဲ့သော တော်လှန်ရေးခေါင်းဆောင် ဗိုလ်မိုးဟိန်း အမည်ရ စဝ်ကွဏ်းဇိဏ်း သည် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ အသက် ၆၆ နှစ်အရွယ်တွင် သက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here