Tuesday, January 27, 2026

မူစယ်လူငယ်များ လွိုင်ဆမ်ဆစ်တောင်ပေါ်တွင် အမှိုက်ကောက် ကောင်းမှုပြု

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ် တောင်ပေါ် စေတီတည်ဆောက်ရန် အတွက် နေ့စဉ် ပြည်သူ အယောက် ၁၀၀၀ နီးပါးတက်ရောက် ကုသိုလ်ယူရာတွင် အမှိုက်များစွန့်ပစ်ထားသဖြင့် မူစယ်မှလူငယ်များ အမှိုက် ရှင်းလင်းရန် သွားရခြင်းဖြစ်ကြောင်း သိရသည်။

မူစယ်လူငယ်များ လွိုင်ဆမ်ဆစ်တောင်ပေါ်တွင် အမှိုက်ကောက် ကောင်းမှုပြု

ထိုသို့အမှိုက်များ စွန့်ပစ်မှုကြောင့် မူစယ်မြို့နယ် သျှမ်းလူငယ်များလွိုင်ဆမ်ဆစ် တောင်ပေါ် အမှိုက်များ သွား ရောက် ကောက်ခဲ့ကြောင်း မူစယ်မြို့နယ် သျှမ်းလူငယ် အဖွဲ့ မှ စိုင်းမြတ်အောင် က ပြောသည်။

“ကျနော်တို့ သူငယ်ချင်းတွေ လွိုင်ဆမ်ဆစ်သွားပြီး ပြန်လာတော့ အမှိုက်တွေမြင်လာတယ်။ ဒါနဲ့ ကျနော်တို့ အမှိုက်သွားကောက်ကြမယ် ဆိုပြီး ပြောလာတော့ ကျနော်တို့ မူစယ် မြို့နယ် က သျှမ်းလူငယ်တွေစုပြီး သွားကောက်တာပါ။ မနေ့က အယောက် ၅၀ ကျော်သွားပါတယ်” ဟု စိုင်းမြတ်အောင် ကပြောသည်။

သျှမ်းလူငယ် များ အမှိုက်ကောက်သည်ကို တွေ့မြင် ကြသည့် ကုသိုလ်ပြုရန်လာသူပြည်သူလူထုကလည်း အမှိုက် ပူးပေါင်းပါဝင်အမှိုက်ကောက်ခဲ့ကြကြောင်း စိုင်းမြတ်အောင် က ဆိုသည်။

“ မနေ့ကတော့ ကျနော်တို့ အမှိုက်ကောက်တာကို တောင်တက် ကုသိုလ်ယူတဲ့သူတွေ မြင်တော့ ဒါကောင်း တယ်။ ကျနော်တို့လည်း ကူညီမယ်ဆိုပြီး အမှိုက် အိတ်တောင်း ၊ ဝိုင်းကူကောက်ကြတယ်” ဟု စိုင်းမြတ်အောင်က ဆိုသည်။

မူစယ်မြို့နယ် သျှမ်းလူငယ်အဖွဲ့အနေဖြင့် လွိုင်ဆမ်ဆစ် တောင်ပေါ် စေတီတည်ဆောက်သည့်နေရာသို့ နောက်တကြိမ် အမှိုက်သွားကောက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆက်လက်ပြီး အမှိုက်ကောက်ခဲ့သည့် စယ်လန့် သျှမ်းလူငယ်အဖွဲ့မှ စိုင်းမောဝ်အွမ် က “ လူတွေအများကြီး တောင် သွားတက်တယ်။ အမှိုက်တွေပစ်ပြီး ကောက်မယ့်သူတော့မရှိဘူး။ လွိုင်ဆမ်ဆစ်တောင်လည်း ကြည့် မကောင်း တော့ဘူး” ဟုလည်း ပြောပါတယ်။

လွိုင်ဆမ်ဆစ်တောင်ပေါ် စေတီသို့ သွားရောက်ကုသိုလ်ယူမည့် ပြည်သူများအတွက် အမှိုက်ပစ်ရန် နေရာ လုပ်ပေးခဲ့ကြောင်း၊ ကောက်နိုင်သည့်နေရာများတွင် အမှိုက်များကောက်ယူရှင်းလင်းနိုင်ခဲ့ပြီး ချောက်ထဲပစ်ချ သည့် အမှိုက်များမှာမူ မကောက်နိုင်ခဲ့ကြောင်း စိုင်းမောဝ်အွမ် က ဆိုသည်။

“တောင်တက်တဲ့သူတိုင်းစည်းကမ်းမဲ့အမှိုက်မပစ်ဖို့တာဝန်ရှိပါတယ်။ ဒါမှကုသိုလ်လဲရ လွိုင်ဆမ်ဆစ်တောင်လဲလှပသန့်ရှင်းမယ်” ဟု စိုင်းမောဝ်အွမ်က ထပ်လောင်း ပြောကြားသည်။

လက်ရှိ လွိုင်ဆမ်ဆစ်တောင်ပေါ် စေတီကို မိုင်းဖုန်းဆရာတော် ဦးဆောင်ကာ စေတီ တည်ဆောက်ရန် ပြုလုပ်နေကြောင်း၊ ထို့ကြောင့် ရပ်နီး၊ ရပ်ဝေး ပြည်သူများက တရက်လျှင် အယောက် တထောင်နီးပါး ကုသိုလ်ပါဝင်ကြကြောင်း သိရသည်။

“ ကျမတို့ အတက်ကို စေတီတည်ဖို့ အတွက် ကိုယ်နိုင်တဲ့ သဲအိတ်အသေး၊ ဒါမှမဟုတ် အုတ် ခဲ တွေ သယ်ပြီး စေတီတည်မယ့် နေရာထိ ပို့ခဲ့တယ်။ လူတွေကတော့ တော်တော်များတယ်။ လူများတော့ အမှိုက်ပစ်မယ့် နေရာမရှိတော့ တွေ့တဲ့နေရာ ပစ်ကြတယ်။ တောင်တက်လမ်းတွေမှာ အမှိုက်တွေပဲ။ ကုသိုလ်ယူတာတော့ ယူပေါ့။ ကိုယ့်အမှိုက်တွေကိုတော့ ဒီတိုင်း မပစ်ထားသင့်ဘူး” ဟု မူစယ် မြို့ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်းတွင် သဘာဝအလှတရားဖြင့် နာမည်ကြီးလျှက်ရှိသော လွိုင်ဆမ်ဆစ်တောင် သည် သိန္နီမြို့နှင့်ကွတ်ခိုင်ကြားတွင်တည်ရှိပြီး သိန္နီ နှင့် ၁၀မိုင်ခန့်အကွာ ကွတ်ခိုင်မြို့အဝင် ၃ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်ဆမ်ဆစ်ဘုန်းကြီးကျောင်းသို့ သွယ်တန်းသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရ

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ပေါ်ဘုန်းကြီးကျောင်း ဗုဒ္ဓကောလိပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ကွက်ခိုင်မြို့နယ်အတွင်း မိုင်းဖုန်း‌ဆရာတော် တည်ထားသည့် လွိုင်ဆမ်ဆစ် တောင်ပေါ်ရှိ ဗုဒ္ဓကောလိပ် ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၌ ခိုးယူခံခဲ့ရကြောင်း ဘုန်းကြီးကျောင်းစောင့်သည့် အမျိုးသားတစ်ဦးက...

ဟိုပုံးမြို့နယ် သျှမ်းပြည်ဝန်ကြီးချုပ် မရောက်မီအချိန်တွင် ပြည်သူများ မြက်နုတ်၊ အမှိုက်သွားကောက်ပြရ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ယမန့်နေ့ ဧပြီ ၂၇ ရက် သျှမ်းပြည်ဝန်ကြီးချုပ် နှင့် လူမှုဝန်ကြီး လာချိန်တွင် ပြည်သူများက မြက်နုတ်၊ အမှိုက်လာကောက်ပြရကြောင်း စုံစမ်းသိရသည်။ယမန်နေ့က စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်တို့သည် ဟိုပုံးမြို့ကို မနက် (၉) နာရီအချိန်တွင်လာကြပြီး သီရိမင်္ဂလာလမ်းတွင် နေထိုင်သည့် ပြည်သူများက ထိုနေရာအနီးတစ်ဝိုက်တွင်...