Wednesday, January 28, 2026

သျှမ်းပြည်သူများ ဘဏ်ငွေထုတ်ယူရန် ပိုပြီးခက်ခဲလာ

သျှမ်းပြည်အတွင်း ဘဏ်ငွေထုတ်ယူမှု တနေ့ထက် တနေ့ ပိုပြီးခက်ခဲလာပြီး၊ မနက် အစောကြီးထကာ သွားရောက်တန်းစီ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်မြန်မာတဝှမ်းတွင် (၈)နာရီ မှ မနက် (၄)နာရီ ထိ အပြင်မထွက်ရ အမိန့်ထုတ်ထားသည့်ကြားက သျှမ်းပြည်လူထုများသည် ဘဏ်ထဲရှိငွေများထုတ်ယူရန် အတွက် မနက် (၄)နာရီကျော်မှ စတင်ကာသွားရောက် တန်းစီ စောင့်ဆိုင်းထုတ်ယူနေရကြောင်း သိရသည်။

“မနက်အစောကြီး မိုးထဲရေထဲ မှာ တိုကင်ရဖို့အတွက် သွားတန်းစီစောင့်ရတယ်။ ဘဏ်ဝန်ထမ်းတွေ (၇) နာရီခွဲကျော်လောက်မှ တိုကင် လာပေးတယ်။ တရက်ကို လူ (၂၀၀)ပဲ တိုကင်ပေးပါတယ် ” ဟု ယနေ့ မနက်ပိုင်း ဘဏ်တွင် ငွေသွားထုတ်ရန်အတွက် သွားရောက်စောင့်ဆိုင်းခဲ့သည့် မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့ ကမ္ဘောဇဘဏ်တွင် စစ်အာဏာသိမ်းပြီးနောက် တရက်လျှင် လူအယောက် (၂၀၀)သာ ငွေထုတ်ပေး နေသည့်အတွက် ငွေထုတ်ရန် အလွန်ပင် ခက်ခဲနေကြောင်း၊ ငွေပမာဏ (၅)သိန်းအထက် ပိုထုတ်မည်ဆိုပါက လူငှားပြီးထုတ်ရကြောင်း မူဆယ် ဒေသခံများက လက်ရှိ ဘဏ်တွင် ငွေထုတ်ယူမှုနှင့် ပတ်သက်ပြီး ပြောပြလာသည်။

“ငွေ က တရက်ကို (၅)သိန်းပဲထုတ်လို့ရတယ်။ ငွေများကြီးထုတ်မယ်ဆိုရင် လူငှားထုတ်ရတယ်။ ၅ သိန်း ထုတ်ပေးရင် ငှားခ (၁၀၀၀၀)ပေးရတယ်” မူဆယ်ဒေသခံက ပြောသည်။

နိုင်ငံတော် ဗဟိုဘဏ်မှ ငွေကို တစ်ပတ်လျှင် သိန်း (၂၀) သာ ထုတ်ယူခွင့်ပြုမည်ဆိုသည့် သတင်းထုတ်ပြန် ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်းရှိ ATM စက်များ ဘဏ်များ နေ့စဉ်နှင့်အမျှ အလုအယက် ထုတ်ယူသည်။

သျှမ်းပြည်ရှိ ဘဏ်များရှေ့တွင်နေ့စဉ် နှင့်အမျှ ငွေထုတ်ယူရန် စောင့်ဆိုင်းနေကြပြီး၊ တချို့ရက်များတွင် ATM စက်တွင် ငွေသားမရှိသည့်အတွက် ပြန်လှည့်လာရကြောင်းလည်း တောင်ကြီး ဒေသခံတဦးက ပြောသည်။

“ ကမ္ဘောဇဘဏ်ရှေ့မှာဆိုရင် လူတွေ တန်းစီတယ်။ ATM စက်မှာ ဘယ်ချိန်သွားထုတ်ထုတ် ငွေမရခဲ့ဘူး။ ညနေ (၃)နာရီငွေဖြည်မယ်ပြောတော့လည်း သွားကြည့်တယ် ငွေကမရှိပြန်။ မနက် (၁၀)နာရီပြောလည်း သွားကြည့်တယ် မရှိပြန်။ တန်းစီပြီး ငွေမရတဲ့ရက်တွေ က အရမ်းများတယ်။ ငွေတွေထုတ်ရခက်တော့ စိတ်တော့ ညစ်တယ်” ဟု တောင်ကြီး ဒေသခံ အမျိုးသမီး တဦး က ဆိုသည်။

တချို့ရက်တွင် ATM စက်၌ ငွေမရှိ၊ တချို့ရက်တွင် ATM စက်ရှေ့ တွင် စစ်တပ်မှ လာရောက်စောင့်နေသဖြင့် ငွေထုတ်ရန် ကြောက်နေရကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ ဘဏ်ငွေလည်ပတ်မှု စနစ် များရပ်တန့်ခဲ့ပြီး၊ ငွေသွင်းသူမရှိဘဲ ငွေထုတ်ယူသူသာ ရှိသည့်အတွက် ရေရှည် ဘဏ်ရပ်တည်မှု ခက်ခဲလာနိုင်သည်။

ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူများ ဘဏ်တွင်း အပ်နှံထားသည့် ငွေများကို အလုံးအရင်း ထုတ်ယူခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ဘဏ်ငွေထုတ်ယူမှု ပိုခက်ခဲလာပြီး၊ စီပွားရေး ကြပ်တည်းလာ

0
စစ်အာဏာသိမ်းယူမှု ရက်ပေါင်း (၁၀၀) နီးပါးရှိလာပြီး မြန်မာတဝှမ်းရှိ ဘဏ်ရှေ့တွင် မိမိဘဏ်အပ်ငွေများ ပြန်လည်ထုတ်ယူရန် မိုးမလင်းခင်ကတည်းက တန်းစီ စောင့်ဆိုင်းနေရကြောင်း သိရသည်။ မတ် ၁ရက် မှစတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ATM/ POS ငွေသားထုတ်တဦးလျှင် ကျပ် ၅သိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူလျှင် တဦးချင်း အတွက်...