Tuesday, January 27, 2026

မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား

မြန်မာ-တရုတ် နယ်စပ် မူဆယ်နှင့် တရုတ်နိုင်ငံ ဂျယ်ဂေါယ် နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း ကနဦး သတင်းအရ သိရသည်။

မတ် (၂၉) ရက်နေ့က ကျယ်ဂေါင်ဘက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈) ဦး ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ပြည်ဘက်မှာ နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ခြင်း၊ ရွှေလီ -ဂျယ်ဂေါင် တံတားပိတ်လိုက်ခြင်းတို့ပြုလုပ်ကြောင်း မူဆယ် ဒေသခံများက ပြောဆိုကြသည်။

“ပိတ်တာက ဒီနေ့မှ ပိတ်တယ်လို့ ကြားတယ်။ မနေ့က စပြီးပိတ်တယ်။ ဂျယ်ဂေါင်မှာရှိတဲ့ ကျောက်စိမ်း ဈေးတန်းတွေလည်း အားလုံးပိတ်ကုန်ပြီ။ ဘယ်နှစ်ရက် ပိတ်မယ်လို့တော့ မသိရဘူး ကြေညာတာတွေလည်း မရှိဘူး” ဟု မူဆယ် ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျယ်ဂေါင် မှ ရွှေလီ သို့ သွားလာခွင့်ပြုပြီး ရွှေလီ မှ ရွှေလီ မှ ကျယ်ဂေါင် သို့ သွားလာခွင့် မပြုတော့ကြောင်း သတင်းရရှိသည်။

“ကျယ်ဂေါင် နဲ့ မူဆယ် လမ်းပိတ်ထားတယ်။ မနေ့က ကိုဗစ်-၁၉ (၈) ယောက်ရှိတယ်ဆိုပြီးတော့ တရုတ်ဘက် ပိတ်လိုက်တယ်။ ကိုဗစ် ပိုးက မနေ့က တွေ့တယ်လို့ပြောတယ်”ဟု မူဆယ်ဒေသခံ တစ်ဦးကပြောသည်။

ယနေ့ မူဆယ်မြို့ ဆန္ဒပြ လူငယ်တဦးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ Sinper (စနှိုက်ဘာ) သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဦးခေါင်းထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင်ရှိ နယ်စပ်ကုန်သွယ်ရေးဇုန် ကို ပိတ်ဆိုင်းထားရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၈)ရက် မနက်ပိုင်းတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုံ တည်ရှိသည့် မူဆယ်မြို့တွင် လူဦးရေ ၂သိန်းနီးပါးသည် စစ်အာဏာဆန့်ကျင်လှုပ်ရှားမှုကို စတင်လှုပ်ရှား လာခဲ့ကြသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက်...

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် ၂နိုင်ငံဆွေးနွေး

0
မြန်မာ-တရုတ်နယ်စပ်ဂိတ်များ လူဝင်၊ထွက်ရန် နှင့်် ကုန်စည်ကူးသန်းရေး ပြန်လည်ဖွင့်ရန် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။   အဆိုပါ ဆွေးနွေးမှုသည် မေ ၂၁ရက်နေ့တွင် သျှမ်းပြည်နယ် အစိုးရ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန တို့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး နှင့် ဝင်ထွက်သွားလာရေး ကိစ္စ...