Tuesday, January 27, 2026

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် ၂နိုင်ငံဆွေးနွေး

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ လူဝင်၊ထွက်ရန် နှင့်် ကုန်စည်ကူးသန်းရေး ပြန်လည်ဖွင့်ရန် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

Photo by Sayar Soe abn/ facebook

အဆိုပါ ဆွေးနွေးမှုသည် မေ ၂၁ရက်နေ့တွင် သျှမ်းပြည်နယ် အစိုးရ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန တို့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး နှင့် ဝင်ထွက်သွားလာရေး ကိစ္စ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အဓိက ဆွေးနွေးဖြစ်တာက လူဝင်လူထွက် ကိစ္စ နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်တာ ဖွင့်ပေးဖို့ပါ” ဟု သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တရုတ်နိုင်ငံက ဧပြီ ၂၄ ရက်နေ့စပြီး မြန်မာ – တရုတ် နယ်စပ်အဝင်အထွက် ကို (၂) လကြာ ပိတ်လိုက်ပြီး လူအဝင်အထွက် ပြုလုပ်ခြင်းကို ကန့်သတ်လိုက်ကာ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ခြင်း ခိုးဝင်ခိုးထွက် ပြုလုပ်သူများကို ထောင်ဒဏ်ချမှတ်မည်ဟု ယူနန်ပြည်နယ် အစိုးရက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“ဒီဆွေးနွေးချက်တွေ အားလုံးကို ကျနော်တို့ ပြည်ထောင်စု အစိုးရ ကို ပြန်တင်ရမှာပါ” ဟု ဒေါက်တာမျိုးထွန်း ကပြောသည်။

ထို ဆွေးနွေးပွဲ တွင် သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင်များဖြစ်သည့် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွှန့်လွင် ၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းဆိုင်တစ်လုံ တို့ နှင့် ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ယူနန်ပြည်နယ် လင်ချန်းခရိုင် ပါတီ အထွေထွေ အုပ်ချုပ်ရေးမှူးတို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ၊ ချင်းရွှေဟော်မြို့ မြန်မာ – တရုတ်နယ်စပ် တွင် ယာယီတဲထိုးပြီး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ယင်းသို့ ပိတ်လိုက်သည့် ကာလအတွင်း ကုန်သွယ်ရေးအတွက် တရားဝင်ခွင့်ပြုထားသည့် နယ်စပ်ပေါက်များမှ ကုန်သွယ်မှု ပြုလုပ်နိုင်သော်လည်း မြန်မာဘက်မှ ကုန်စည်ပို့သည့် ကားများကို မြန်မာဘက်မှ ယာဉ်မောင်းများဖြင့် မောင်းဝင်ခွင့်မရဘဲ တရုတ်နိုင်ငံဘက်မှ ၄င်တို့၏ သတ်မှတ်ယာဉ်မောင်းများဖြင့်သာ လွှဲယူမောင်းနှင်ကြခြင်းဖြစ်သည့်အတွက် မြန်မာဘက်မှ ကုန်တင်ပို့မှု နှောင့်နှေးခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား

0
မြန်မာ-တရုတ် နယ်စပ် မူဆယ်နှင့် တရုတ်နိုင်ငံ ဂျယ်ဂေါယ် နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း ကနဦး သတင်းအရ သိရသည်။ မတ် (၂၉) ရက်နေ့က ကျယ်ဂေါင်ဘက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈) ဦး ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ပြည်ဘက်မှာ နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ခြင်း၊ ရွှေလီ...

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅)မိုင်ရှိ နယ်စပ်ကုန်သွယ်ရေးဇုန် ကို ပိတ်ဆိုင်းထားရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၈)ရက် မနက်ပိုင်းတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုံ တည်ရှိသည့် မူဆယ်မြို့တွင် လူဦးရေ ၂သိန်းနီးပါးသည် စစ်အာဏာဆန့်ကျင်လှုပ်ရှားမှုကို စတင်လှုပ်ရှား လာခဲ့ကြသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက်...