Tuesday, January 27, 2026

နာမည်ကျော်ဆန်ထွက်တဲ့ ပုံးအင်းတောင်သူတွေ ရဲ့ အစိုးရသစ်ပေါ်မျှော်လင့်ချက်

မကြာမီ အစိုးရ သစ်တက်လာမည်ဆိုပါက ပုံးအင်းတောင်သူတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေး၊ ဆန်ဈေးကွက် တွေကို ကောင်းမွန်စွာဖော်ဆောင်ပေးရန် နဲ့ လျှပ်စစ်မီးရရှိဖို့အတွက် မျှော်လင့်နေကြပါတယ်။

လုံးစိုင်းညို (လယ်ယာစိုက်ပျိုးသူ)

ကျနော်တို့ကတော့ လာမယ့် အစိုးရအပေါ် ဘာမျှော်လင့်ထားလည်း ဆိုတော့ ကျနော်တို့ တောင်သူလယ်ယာများအတွက် ကုန်ဈေးနှုန်းတွေကို လာဖြေရှင်းပေးစေချင်တယ်။ ဝယ်ယူသူဒိုင်ကြီး တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးစေချင်တယ်။ ကုန်ဝယ်တဲ့သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးနိုင်ရင် ကျနော်တို့ လယ်သမားများအတွက်တော့ စိတ်ချမ်းသာရတာပေါ့။


ဘာဖြစ်လို့လည်းဆိုရင် ဈေးနှုန်းက ပွဲစားကနေ တစ်ဆင့်သွားရင် ကျနော်တို့ဆီကနေအမြတ်တချို့ ယူသွားပြီ။ ဒိုင်ကြီးဆီရောက်တဲ့အထိဆိုရင် သူများတွေက ဘယ်လောက်အထိတောင်အမြတ်စားသွားပြီလဲ။ ဒိုင်အကြီးစားတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးနိုင်ရင် ကျနော်တို့ တောင်သူလယ်သမားတွေ အနေနဲ့တော့ ရှာစားရတာ နည်းနည်းလွယ်ကူလာမယ်။ စိတ်သက်သာလာမယ်။ ဈေးနှုန်းကလည်း ပိုတိုးလာမယ်။
ကျနော်တို့ တောင်သူလယ်သမားတွေက စပါး၊ ကြက်သွန်စသဖြင့်ပေါ့။ ဒါပေမယ့် ကျနော်တို့က ကိုယ်လိုချင်တဲ့ဈေးကပြောလို့မှမရတာ။ ပွဲစားကဘဲကြည့်ပြီး ရောင်းနေတာလေ။ တဖက်ကလည်း ကျနော်တို့တဖန်ပြန်စိုက်ပျိုးဖို့ မြေဩဇာ ဝယ်တဲ့အခါ ဆိုင်ကပြောတဲ့ ဈေးကိုဘဲယူနေရတယ်။ ဒါပေမယ့် ကျနော်တို့ ရောင်းတဲ့ ကုန်ဈေးတွေက ကိုယ့်ဟာကိုသတ်မှတ်လို့ မရဘူးဖြစ်နေတယ်။


လုံးစိုင်းမောင်စိန် ( ဆန်စက် ပိုင်ရှင်)


ဖြစ်နိုင်ရင်တော့ အစိုးရကို ပွဲရုံ၊ ဈေးကွက် လုပ်ပေးစေချင်တယ်။ ကျနော်တို့ ဆန်တွေက ဈေးကွက်မရှိဘူး။ တစ်ခါတစ်လေ အရှေ့မှာရောင်းကောင်းနေရင် ဝယ်ထားပြီး လုပြီးတော့ ပြန်ရောင်းကြတယ်။ အရှေ့မှာက မရောင်းကောင်းတော့ဘူးဆိုရင်လဲ တိတ်ဆိတ်သွားပြန်ပြီ။ နောက်ကလူကလဲ အတင်းပြန်ဝယ် နေတာ့ ဈေးနှုန်းက ပုံမှန်ရှိမနေဘူး။


အဲကြောင့် အစိုးရကို ဈေးကွက်လုပ်ပေးစေချင်တာ ။ ဈေးတက်ရင်လည်း အများကြီးမတက်စေနဲ့ ကျရင်လဲ အများကြီးမကျစေနဲ့ပေါ့။ ပုံမှန်လေးသွားနိုင်ရင်တော့ကောင်းတာပေါ့။ခုက ကိုယ်မိတ်သူ့မိတ်နဲ့ဘဲရောင်းနေကြရတယ်လေ။

ခင်လေးဖြူ( လယ်ယာစိုက်ပျိုးရေး နှင့် ရိုးရာမုန့်လုပ်ငန်းလုပ်သူ)

ကျမတို့ ကျေးရွာမှာက အခုချိန်ထိလျှပ်စစ်မီးမရရှိသေးပါဘူး။ ဘာလုပ်လုပ်ပေါ့ အဆင်တော့ သိပ်ပြေလည်တာမရှိဘူး။ ဆိုလာပြား ဘက္ထရီ တွေပဲ သုံးနေရတယ်။ ဘက္ထရီ ပျက်ရင် ပိုက်ဆံပိုကုန်တယ်။ မုန့်လုပ်တဲ့ အခါမှာလည်း ထင်းတွေဘဲသုံးနေရတော့ ထင်းဖိုး ကုန်ရပြန်တယ်လေ။ လျှပ်စစ်မီးရလာရင်တော့ ပိုကောင်းမယ်။ ထင်းတွေသိပ်မသုံးရတော့ဘူးပေါ့။ ကျမတို့ ကျေးရွာ လျှပ်စစ်မီးမြန်မြန်ရစေချင်ပါတယ်။ လျှပ်စစ်မီးရလာရင် လမ်းတွေ၊ တံတားတွေ လာလုပ်ပေးမယ်လို့ ပြောတယ်။
ကုန်ဈေးတွေ ဆိုရင်လည်း မုန့်မှမဟုတ်ဘူးလေ ကြက်သွန်တွေ၊ ဆန်တွေ ဈေးကောင်းရစေချင်တယ်။ ဈေးကောင်းရင် ကျမတို့ စားဝတ်နေရေးအတွက် လွယ်ကူလာမယ်။

လုံးခမ်း( ပန်လွန့်ကျေးရွာ အုပ်ချုပ်ရေးမှူး)

ကျနော်တို့ ပုံးအင်းဒေသက လျှပ်စစ်မီးမရှိသေးတော့ အခက်ခဲများစွာရှိနေတယ်။ ကျနော်တို့ကျေးရွာက လျှပ်စစ်မီးရလာရင် ရိုးရာ မုန့်လုပ်ငန်းလုပ်ရင်လဲ အဆင်ပြေလာမှာပေါ့။ ပုံးအင်းဒေသက မိုးရာသီဆိုရင် စိုက်ပျိုးလို့ မရဘူးလေ။ ဒီဒေသက ရေ ခြောက်လ ကုန်းခြောက်လ နေဆိုတော့။ နောက်ပြီးကျနော်တို့ဆီမှာ တောင်တွေမရှိဘူး ။ သစ်ပင်တွေ မရှိဘူး။ အဲကြောင့်ထင်းတွေဆိုရင် ဈေးကြီးပေးဝယ်ရတယ်။ လျှပ်စစ်မီးရရှိလာရင်တော့ ဘာလုပ်လုပ် ပိုလွယ်ကူလာမယ်လို့ ယုံကြည်ပါတယ်။


တက်လာမယ့် အစိုးရအပေါ်ဘာမျှော်လင့်လဲဆိုရင်တော့ ကျနော်တို့ ဒေသမှာက တံတား၊လမ်း၊ ကျန်းမားရေးပိုင်း၊ ဆေးရုံတွေ အခက်ခဲရှိတယ်။ ခလေးအမေက ခလေးမွေးဖို့ဆိုရင် တောင်ကြီးထိသွားရရင် မိုင် ၃၀ ရှိတယ်။ ဆေးရုံ၊ဆေးခန်းမရှိဘူး။ ဆေးရုံ ဆေးခန်းလည်းလိုတယ်။
ကျနော်တို့ ပုံးအင်းက မိုးရာသီဆိုရင် ကလေးတွေကျောင်းသွားတက်ရင် အခက်ခဲလည်းရှိတယ်။ ကျောင်းက အထက်တန်းထိရှိရင် ပိုလွယ်ကူပါမယ်။ ကျနော်တို့ ရွာမှာက ၄ တန်းထိဘဲရှိတယ်။ ၅ တန်းဆိုရင် ဆိုင်လေး ကျေးရွာမှာ သွားတက်ရတယ်။ ငွေပိုကုန်တယ်။


စားဝတ်နေရေး စီပွားရေးအနေနဲ့ ကျနော်တို့ တောင်သူလယ်သမားတွေက ဆန်တွေ၊ ကြက်သွန်တွေထွက် လာပြီဆိုရင် သွားရောင်းရင် သူများဈေးပေါ်မူတည်နေတယ်။ ကြက်သွန်သွားရောင်းရင် ဒီနေ့ဘယ်ဈေးနဲ့ဝယ်လဲ လို့မေးနေရတယ်။ ပစ္စည်းကလည်း ကိုယ့်ပစ္စည်းပဲ။ သူများပြောတဲ့ဈေးနဲ့ပဲ ရောင်းနေရတယ်။ ဆန်ဆိုရင်လည်း စက်ပိုင်ရှင်တွေ ဒိုင်တွေပြောတဲ့ ဈေးကိုဘဲယူရောင်းရတယ်။ ကျနော်တို့ရဲ့ထွက်ကုန်ဖြစ်ပြီး ကျနော်တို့ ကိုယ်တိုင်က ဈေးသတ်မှတ်ခွင့်ကိုမရှိဘူး။ ဒါတွေက အခက်ခဲဖြစ်တယ်။ ကိုယ်လိုချင်ဈေးကို မရကြဘူး။


ဒါတွေနဲ့ ပတ်သတ်ပြီးတော့ အစိုးရကို လုပ်ပေးစေချင်တာက ကုန်ဝယ်တဲ့ တိုက်ရိုက် ဒိုင်တွေ ရှိစေချင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကုန်ဈေးကို တိုက်ရိုက်ရောင်းချရရင် ကျနော်တို့ရဲ့ ကုန်ဈေးကလဲ ကောင်းလာမယ်။ ဒါတွေကို လုပ်ဆောင်ပေးစေချင်တယ်။


ကျနော်တို့နေထိုင်တဲ့ဒေသကတော့ ငြိမ်းချမ်းတယ်ဆိုပေမယ့် ဒီပုံးအင်းမှာရှိတဲ့ လူငယ်တွေက မူးယစ်ဆေးဝါး သုံးစွဲကြတယ်။ အဲဒါကြာင့် မူးယစ်ဆေးဝါးကိုလည်း ပျောက်ကင်းစေချင်တယ်။ မူးယစ်ဆေးဝါးကိုစွဲ သွားပြီးတော့ ပျက်စီးသွားတဲ့သူတွေကလဲ များနေတယ်။ တချို့လင်မယားတွေဆို မူးယစ်ဆေးဝါးကြောင့် လမ်းခွဲရတယ်။ အိမ်ထောင်ပျက်ရတယ်။ ထိုင်းနိုင်ငံသွားပြီး အလုပ်လုပ်နေရတဲ့သူတွေလဲ အများကြီး။
အစိုးရအသစ်တက်လာပြီးဆိုရင် ဒါကိုတာဝန်ယူပြီးတော့ လုပ်ပေးစေချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသြဇာဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် တောင်သူများ လယ် တစ်ဝက်လျှော့ပြီး စိုက်ပျိုးနေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် ယခုနှစ် မြေသြဇာဈေးနှုန်း အဆမတန်မြင့်တက် လာသည့်အတွက်ကြောင့် တောင်သူများသည် ထက်ဝက်လျော့ပြီး လယ် စိုက်ပျိုးနေရကြောင်း စုံစမ်းသိရှိရသည်။ လယ်ယာစပါး ရေလွှမ်းမိုးခံခဲ့ရသည့် ပုံးအင်းဒေသမှ တောင်သူများသည် ယခုနှစ်တွင် လယ်ယာဧကများများ ရင်းနှီးစိုက်ပျိုးဖို့ရန် ဓာတ်မြေသြဇာ၊ လယ်ထွန်စရိတ်၊ ကောက်စိုက်စရိတ် စသည်ဖြင့် ကုန်ကျစရိတ်...

သျှမ်းပြည်အစိုးရသစ်အဖွဲ့မှာ သျှမ်းပြည်သူတွေ ဘယ်လိုမြင်ချင်လဲ

0
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ မကြာခင်မှာလည်း အစိုးရသစ် တရပ်ကို ဖွဲ့စည်းတော့မှာဖြစ်တဲ့အတွက် သျှမ်းပြည်အစိုးရအဖွဲ့၊ သျှမ်းပြည်ဝန်ကြီးချုပ်ကို သျှမ်းပြည်အရေး၊ သျှမ်းပြည်အနာဂတ်၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ပဋိပက္ခတွေလျော့အောင်နဲ့ မူးယစ်ဆေးဝါးတွေလျော့နည်းအောင်ဆောင်ရွက်ပေးမယ့် အစိုးရတရပ်ကို သျှမ်းပြည် အတွင်း လူ့အခွင့်အရေး...