Tuesday, January 27, 2026

ခိုလမ် တောင်သူ ၄၇ ဦး ကို တပ်မှ တရားစွဲဆိုထား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ရလခတိုင်းရုံးစိုက်ရာ ခိုလမ်မြို့နယ်ခွဲရှိ အမှတ် ၆၆ ခြေလျင်တပ်ရင်းမှ တောင်သူ ၄၇ ဦး ကို တရားစွဲဆို ထားကြောင်း စုံစမ်းသိရသည်။

Photo by Ko Hla Htwe/ facebook

အမှတ် ၆၆ ခြေလျင်တပ်ရင်း သည် တောင်သူ ၆၄ ဦး ပိုင်ဆိုင်ထားသည့် မြေဧက (၁၃၅၃.၃၃ )ဧက ကို သိမ်းဆည်းခဲ့ပြီး ဇွန် ၉ ရက်နေ့က တောင်သူ ၄၇ ဦး ကို နမ့်စန်မြို့နယ် တရားရုံးမှာ တရားဆို ထားသည်။

“ တပ်သိမ်းမြေတွေကို ပိုင်တာက တောင်သူ ၆၄ဦးပါ။ တရားစွဲဆိုခံရတာက ၄၇ဦးရှိပါတယ်” ဟု မြေသိမ်းခံရသည့် တောင်သူ ဦးလှထွန်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ မြေပေါ်တွင် တောင်သူများ နှစ်ပေါင်း ၄၀ ကျော် စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး၊ ၂၀၁၉ ခုနစ် ၈ လပိုင်း တွင်မူ တပ်ပိုင်မြေ ဖြစ်ကြောင်း ကနဦးပိုင်ရှင်မှ လက်မှတ်ရေးထိုးပေးရန် အတွက် အထွေထွေ အုပ်ချုပ်ရေးရုံး မှတဆင့် အစည်းအဝေးခေါ်ယူခဲ့ကြောင်း ဦးလှထွန်း က ပြောပြသည်။

“တပ်မြေကိုကျူးကျော်စိုက်နေတယ်လို့ပြောတယ်။ လက်မှတ်ထိုးပေးပေါ့။ လောဆယ် လုပ်စားလို့ရသေးတယ်။ နောက် နိုင်ငံတော် က လုပ်စရာရှိရင် ဖယ်ခိုင်းမယ်။ ကျနော်တို့ တယောက်မှ လက်မှတ်မထိုးသေးဘူး” ဟု ဦးလှထွန်းက ဆိုသည်။

တပ်မှ တောင်သူများကို ၄ကြိမ်တိုင်တိုင်တွေ့ဆုံပြီး လက်မှတ်ထိုးခိုင်းသော်လည်း တောင်သူများက လက်မှတ်မထိုးပေးခဲ့ကြောင်း၊ အစည်းအဝေး ခေါ်ယူရာတွင်လည်း တကြိမ်နှင့် တကြိမ် အစည်းအဝေးလာတက်သူများမတူကြကြောင်း၊ နောက်ဆုံး ခေါ်ယူသည့် ၄ ကြိမ်မြောက် အစည်းအဝေးလာတက်သည့် တောင်သူ ၄၇ ဦးကို တပ်က ပုဒ်မ ၄၄၇ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

“ ကျနော်တို့၄ ကြိမ်စလုံး လုံးဝ လက်မှတ်မထိုးတော့ သူတို့အမှုဖွင့်လိုက်တာပဲ” ဟု မြေသိမ်းခံရသည့် တောင်သူ ဦးလှထွန်းကပြောသည်။

တပ်သိမ်းမြေပေါ်တွင် တောင်သူများနေ့စဉ် စိုက်ပျိုးရေးလုပ်နေရာ ထိုသို့တပ်မှလာရောက် ဟန့်တားသည့်အပေါ် လက်ရှိတောင်သူများအတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း လည်း မြေယာသိမ်းဆည်းခံရသည့် တောင်သူများက ပြောဆိုလိုက်သည်။

“ ကျနော်တို့ ရှေ့နေရှာပြီး အမှုရင်ဆိုင်သွားမယ်” ဟု အမည်မဖော်လိုသည့် တောင်သူ တဦးက ပြောသည်။

ခိုလမ်မြို့ နယ် ရှိ တောင်သူ ၄၇ဦးကို တပ်မှ တရားစွဲဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ခိုလမ်မြို့နယ်ခွဲရှိ အုပ်ချုပ်ရေးမှူးနှင့် တပ်ကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တွင်လည်း မေလနှောင်းပိုင်း တွင် အစိုးရ တပ်နှင့် ဆီဆိုင်မြို့နယ်ကျေးရွာ ၅ရွာ မှတောင်သူများမြေယာ အငြင်းပွားမှု ဖြစ်ပွားကာ အစိုးရ တပ်မှ ဒေသခံတောင်သူ ၇၀ ကျော် ကို တရားစွဲဆိုထားသည်။

အစိုးရတပ် မြေယာ သိမ်းမှုသည် ယခုရက်ပိုင်း သျှမ်းတောင်ပိုင်းသာမက သျှမ်းပြည်မြောက်ပိုင်း တွင်လည်း သိမ်းဆည်းမှုများရှိနေသဖြင့် သျှမ်းပြည်သူများလည်း စိုးရိမ်ပူပန်မှုဖြစ်ပွားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် တောင်သူ (၂၂ ) ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မှ တရားစွဲဆိုထား

0
သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် မြေယာသိမ်းဆည်းမှု နှင့် ပတ်သက်ပြီး အစိုးရ တပ်မတော်မှ တောင်သူ (၂၂) ဦး ကို ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုထားကြောင်း စုံစမ်းသိရှိရသည်။ တောင်သူ (၂၂) ဦးကို ပိုင်နက် ကျူးလွန်မှု ဖြင့် တရားစွဲဆိုထားသည်မှာ ခြေမြန်တပ်ရင်း...

ခိုလမ်မြို့မြေယာသိမ်းဆည်းမှု တရားလို (စစ်တပ်)ဘက်မှ တရားရုံး တက်ရန်ပျက်ကွက်

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ခိုလမ်မြို့နယ် မြေယာပြဿနာတွင် တရားလိုဖြစ်သောအစိုးရ တပ်မတော်ဘက်မှ တကြိမ်တခါမျှ တရားရုံးမတက်သေးကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည် ဇွန် ၉ ရက်တွင် လယ်ယာမြေများသိမ်းဆည်းထားသော ခိုလမ်မြို့နယ် အခြေစိုက် အမှတ် ၆၆ ခြေလျင်တပ်ရင်း သည် မြေပိုင်ရှင် တောင်သူ ၄၇ ဦးကို နမ့်စန်မြို့နယ်...