Wednesday, January 28, 2026

လေပြင်းဒဏ်ကြောင့် ပျက်စီးသွားသည့် နမ့်စန်နေအိမ်များကို သျှမ်း/အစိုးရ ကူညီထောက်ပံ့

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် အတွင်းရှိ နေအိမ်များကို သျှမ်းပြည်အစိုးရမှ ထောက်ပံ့မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Photo by Wan Wan Wan/facebook

မေလ ၁၀ ရက် က လေပြင်းမုန်တိုင်း တိုက်ခိုက်ခြင်းခံရသည့် နမ့်စန်မြို့နယ် ရှိ ကျေးရွာ ၅ ရွာ အတွင်းရှိ အိမ်ခြေ ၁၅၂ လုံး ကို သျှမ်းပြည် အစိုးရ က ကူညီထောက်ပံ့ပေးသွားမည် ဟု ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အခု ထောက်ပံ့ဖို့ နမ့်စန်ရောက်နေပီ။ အခုပဲ အဲ့ဒီရွာတွေကို ဆက်သွားနေပီ။ တစ်အိမ်က လုံးဝ ပြိုသွားတယ်။ အဲ့ပြိုတဲ့အိမ်က ပစ္စည်း ၁၇ မျိုးပါတဲ့ ပုံးတစ်ပုံးရယ် ဆန် ၅ ရက်စာရယ်။ ငွေ တစ်သိန်း ထောက်ပံ့မယ်။ ဒါက ဆရာတို့ ဘေး /စီမံက ထောက်ပံ့တာ။ သျှမ်းပြည်နယ် အစိုးရကလည်း ငွေကြေးထောက်ပံ့တယ်” ဟု ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင် ကပြောသည်။

Photo by Wan Wan Wan/ facebook

လေပြင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ဖြစ်သည့် ဘုန်းကြီးကျောင်း ၃ ကျောင်း နှင့် ခရစ်ယာန်ကျောင်း ၂ ကျောင်း ကို တကျောင်းလျှင် ကျပ်ငွေ တသိန်းစီ ထောက်ပံ့သွား မည်ဖြစ်ကြောင်း သိရသည်။

“နောက်တစ်ခုက ၁ သိန်း အထက်ပေါ့နော် ပစ္စည်းဆုံးရှုံးမှု တန်ဖိုး တစ်သိန်း အထက်က ၅၆ အိမ် ရှိတယ်။ ၁ သိန်း အထက်က ၉ သောင်း ထောက်ပံ့မယ်။ သျှမ်းပြည်နယ်အစိုးရက တစ်အိမ်ကို ၅ သောင်း ထောက်ပံ့မယ်” ဟု ဒေါက်တာအောင်သန်းမောင် ကပြောသည်။

အခြားပျက်စီး ဆုံးရှုံးသည့် နေအိမ်တွင်လည်း သျှမ်းပြည်အစိုးရ ၏ သဘာဝဘေးအန္တရာယ် စီမံကိန်းမှ အနည်းအများ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်စန်မြို့ စစ်ကောင်စီလေတပ်များ တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ လေတပ်စခန်းကို အသုံးပြုကာ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေကြောင်း နမ့်စန်ဒေသခံများက ပြောဆိုလိုက်သည်။ နမ့်စန်မြို့ရှိ လေတပ်စခန်းမှ ပစ္စည်းတင်ရဟတ်ယာဉ်များ၊ လူတင်ယာဥ်များနှင့် တိုက်လေယာဉ်တို့က နေ့စဥ် အဆင်းအတက် ပြုလုပ်နေကြောင်း နမ့်စန်မြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်လေယာဉ်တွေ၊ ရဟက်ယာဉ်တွေ အတက်အဆင်းလုပ်နေတာက နေ့တိုင်းရှိနေပါတယ်၊...

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...

သျှမ်းတောင် နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည် ပျံသန်း

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့...

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...

နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းသိရသည်။ “ဒီနေ့မှာ ပုဇဉ်း (ရဟတ်ယာဥ်)တွေက ပုံမှန်ထက် တက်လိုက်ဆင်းလိုက် လုပ်နေတော့ လူလာချသလား၊ လူသယ် သွားသလား တစ်ခုခုပဲ၊ ရိက္ခာပို့တာလည်း ဖြစ်နိုင်တယ်လေ၊ ထောက်ပို့လုပ်ငန်းတွေ လုပ်နေတယ်လို့ မြင်တယ်”...