Wednesday, January 28, 2026

မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ တန်ဖိုး ၉၃ ဘီလီယံ ဆက်တိုက် သိမ်းဆည်းရ တရားခံ မမိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေး နှင့် ဆက်စပ်ပစ္စည်းများအား တန်ဖိုးဘီလီယံပေါင်း များစွာအထိ ဆက်တိုက် ဖမ်းဆီးမိခဲ့သော်လည်း တရားခံ ကိုမူ ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။

 


Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်း ဝက်ဆိုဒ်

ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်ထိ ကျပ်သိန်း ၉၃ တန်ဖိုးရှိ မူးယစ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာနှင့် လွယ်ခမ်းကျေးရွာတို့တွင် သိမ်းဆည်းရမိခဲ့သည်။

ထို ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်းများမှာ ကောင်းခါးကျေးရွာတွင် ငွေကျပ် ၉၁ ဘီလီယံ ကျော်နှင့် ဖေဖော်ဝါရီ ၄ ရက် လွယ်ခမ်းကျေးရွာအနီး ၂ဘီလီယံ ကျော် တို့ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်း ဝက်ဆိုဒ်

ထိုသိမ်းဆည်းရမိ ဲ့ မူးယစ်ဆေး နှင့် ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်ပြီး တရားခ တဦးတလေမျှ မဖမ်းမိခဲ့ပေ။

ယမန်နေ့ မတ်လ ၄ ရက်က လွယ်ခမ်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ မူူးယစ်ဆေးဝါး မွှေစက်မျိုးစုံ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ဘွိုင်လာအိုး၊ ဖန်ပေါင်းအိုး၊ ဆေးပြားရိုက်စက်၊ အက်ဆစ်ကော်ပေပါ၊ မော်တော်ယာဉ်တို့ဖြစ်ပါသည်။


Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်း ဝက်ဆိုဒ်

“ အဲ့နေရာ မှာ အိမ်တိုင်း နီးပါး ဆေးပြားလုပ်တဲ့ စက်တွေ၊ ဆေးပြားတွေ ရှိတယ်။ အဲ့ဘက် နေတဲ့သူ အများစု ကတရုတ်တွေပါ” ဟု ကွတ်ခိုင်ဒေသခံ အသက် ၃၀ကျော် အမျိုးသားတဦးက ပြောသည်။

အဆိုပါနေရာများတွင် ကွတ်ခိုင်မြို့ နှင့် ၁၈မိုင် ခန့်သာ ဝေးကွာပြီး ၄၅ မိနစ်ကျော် ဆိုင်ကယ်ဖြင့် သွားရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် ကျပ်သိန်း ၄၈ ဘီလီယံကျော်ရှိ မူးယစ်ဆေးများ ထပ်မံ သိမ်းဆည်းမိ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါး ကျေးရွာ အနီးတွင် ကျပ်သိန်း ၄၈ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို ယမန်နေ့ (ဧပြီ ၁) ရက်က ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီးရှိ လျှိုအတွင်း စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူမှုန့်များ့နှင့် WY စာတန်းပါစိတ်ကြွဆေးပြား...

RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေး အစိုးရထံ လွှဲပြောင်း

0
သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ ကို တပ်မတော်နှင့် အစိုးရ ထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၁၄ရက် မနက် ၇နာရီခွဲတွင် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲ နှင့် မိုင်းလုံ...