Wednesday, January 28, 2026

RCSS အဖွဲ့ဝင် ၂ဦး ယနေ့တိုင် မလွှတ်သေး

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် အတွင်း မြန်မာ့ တပ်မတော် မှ ဖမ်းဆီးသွားသည့် သျှမ်းပြည် ပြန်လည် ထူးထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့ဝင် ၂ဦး ယနေ့ ထိတိုင် မလွှတ်သေးကြောင်း သတင်းရရှိသည်။

Photo by SHAN

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် တွင် နမ့်စန်မြီု့နယ် နားပွဲကျေးရွာ ၌ ပြုလုပ်သည့် လူထု အစည်းအဝေး ပွဲ သို့ RCSS မှ အဖွဲ့ဝင် ၂ဦးသည် အရပ်ဝတ်ဖြင့် တက်ရောက်လာစဉ် ဖမ်းဆီးလိုက်ရခြင်း ဖြစ်သည် ဟု RCSS မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အခုထိတော့ မလွှတ်သေးဘူး။ သူတို့ကို ရဲစခန်း အပ်ထားတယ်။ တရားစွဲဆိုသွားမယ်လို့ ကြားရတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် RCSS အဖွဲ့ဝင် ၂ဦးသည် လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် လူထု အစည်းအဝေး ပွဲသို့ သွားနားထောင်ကြပြီး၊ မြန်မာ့တပ်မတော် က ထို သူ ၂ဦး ၏ လက်ကိုင်ဖုန်းကို ယူပြီးစစ်ဆေးသည့်အခါ စစ်ဝတ်စုံဖြင့် ဝတ်ထားသည်ကို တွေ့မြင်သွားသဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ပြောသည်။

“ စစ်ဝတ်စုံ ဝတ်ထားတဲ့ပုံမြင်တော့ သူတို့ကို ကားပေါ်ခေါ်တင်ပြီး ရွာထဲကို ခေါ်သွားသေးတယ်။ သတို့ သွားဖူးတဲ့အိမ်၊ အိပ်ဖူးတဲ့အိမ်တွေကိုလည်း စစ်ဆေးသေးတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

လက်ရှိမှာ မြန်မာ့တပ်မတော် မှ ဖမ်းဆီးထားသည့် RCSSတပ်ဖွဲ့ဝင် ၂ဦး ပြန်လွှတ်ရန် အတွက် တပ်မတော် ထံ တင်တောင်းဆိုထားပြီး၊ တပ်မတော် နှင့် တွေ့ဆုံရန် လည်း တောင်ဆိုထားကြောင်းလည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

ဇန်နဝါရီ ၈ ရက်တွင် နေပြည်တော်တွင် ကျင်းပ သည့် JICM အစည်းအဝေး ကို တက်ရောက်သည့် RCSS ဗိုလ်ချုလ်ကြီး ယွက်စစ် သည် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် သီးသန့် တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်းမရရှိခဲ့ကြောင်း သတင်းရရှိသည်။

RCSSတပ်ဖွဲ့ဝင် ၂ဦး ကိစ္စ နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် က တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပေ။

RCSS သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ယနေ့ မနက် ၇ နာရီခွဲ ကျော် တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) နှင့် မြန်မာ့ တပ်မတော် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာသည် နမ့်ခမ်းမြို့နယ် နမ့်စန့်ကျေးရွာ...

ထိုင်းနိုင်ငံ တွင် သေဒဏ်ချခံရသည့် ဝင်းနှင့်ဇော် ထိုင်းဘုရင်ထံ အယူခံဝင်နိုင်ရန် ကြိုးစားနေ

0
ထိုင်းနိုင်ငံ လိပ်ကျွန်း(Koh Tho၊ ကော်တောဝ်) လူသတ်မှုကြောင့် သေဒဏ်ချခံထားရသည့် မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးအား ဗိုလ်ချုပ်ကြီး မြထွန်းဦးက သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ သေဒဏ်ချခံနေရသည့် မြန်မာအလုပ်သမား ၂ဦး ဖြစ်သည့် ဝင်းဇော်ထွန်း နှင့်ဇော်လင်း ကို မြန်မာ တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး...