Tuesday, January 27, 2026

စတုတ္ထ အကြိမ် TYN တွေ့ဆုံပွဲကို ဒီဇင်ဘာလကုန်တွင် ကျင်းပမည်

မြန်မာနိုင်ငံလုံး ဆိုင်ရာ သျှမ်းလူငယ်များ(TYN) တွေ့ဆုံ နှီးနှော ဖလှယ်ပွဲ စတုတ္ထကြိမ် ကို ဒီဇင်ဘာ လကုန်တွင် ကျင်းပမည် ဟု သတင်းရရှိသည်။

Photo by Tai Youth Network/ facebook

အဆိုပါ သျှမ်းလူငယ်များ တွေ့ဆုံ နှီးနှော ဖလှယ်ပွဲကို သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသ တုန်မုံးရွာ တွင် ကျင်းပ မည် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များအဖွဲ့မှ ကော်မတီ အဖွဲ့ဝင် စိုင်းနော်ဆိုင် က သျှမ်းသံတော်ဆင့် ပြောသည်။

TYN တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို ၂နှစ်တကြိမ် ကျင်းပလာခဲ့သည်မှာ ယခုသည် စတုတ္ထကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့ TYN တွေ့ဆုံနှီးနှော ဖလှယ်ပွဲ လုပ်လာတာ ၄ကြိမ်မြောက်ပါ။ ဒီတခါမှာတော့ကျနော်တို့ သျှမ်းပြည် ရင်းနှီးမြှပ်နှံမှု တွေကိစ္စ BRI ကိစ္စတွေ သျှမ်းလူငယ်တွေ သိအောင် ပြောပြမယ်။ ဆွေးနွေးကြမယ်” စိုင်းနော်ဆိုင် က ဆိုသည်။

ဆက်လက်ပြီး TYN စတုတ္ထကြိမ်မြောက် တွင် ကော်မတီ အဖွဲ့ဝင်များ ပြန်လည်ရွေးကောက်မည်ဖြစ်ပြီး၊ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်ထိ ၃ရက်ကျင်းပမည် ဖြစ်ကြောင်း စိုင်းနော်ဆိုင် က ပြောသည်။

Photo by Tai Youth Network/ facebook

“ ကျနော်တို့တွေ့ဆုံပွဲ အတွက် သျှမ်းလူငယ် ၃၀၀ နဲ့ ၅၀၀ ကြား ခန့်မှန်းထားပါတယ်” ဟု စိုင်းနော်ဆိုင် က ပြောသည်။

TYN ဖွဲ့စည်းလာပြီး နောက်ပိုင်း သျှမ်းလူငယ် များသည် မိမိ လူမျိုးအသိုင်းအဝန်း ကို ယခင်ကထက် ပိုပြီး ပါဝင် လုပ်ဆောင်လာကြောင်း၊ နယ်ပယ် အသီးသီးတွင် ဦးဆောင်လာနိုင်ကြောင်း၊ နိုင်ငံရေး ကိုလည်း ပိုပြီး သိလာကြကြောင်း စိုင်းနော်ဆိုင် က ထပ်လောင်းပြောပြသည်။

TYN တွေ့ဆုံ နှီးနှော ဖလှယ်ပွဲကို ၂၀၁၃ ခုနစ်နှင့်၂၀၁၅ ခုနစ်တို့တွင် မန္တလေး နှင့် ၂၀၁၇ ခုနစ်တွင် ပဲခူးတိုင်း ကျောက်တံခါး မြို့နယ် တောကျွဲအင်းကျေးရွာ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် ကျေးလက်ဒေသလူငယ်များစွမ်းရည်မြင့်တင်ရေးသင်တန်းပြုလုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ဒေသတွင်းလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၃ ရက်သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ သင်တန်းအား မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်တာ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းနှင့် လူ့အခွင့်အရေးဆိုင်ရာဗဟုသုတမျှဝေရေးသင်တန်းအား မိုင်းယော်တိုက်နယ်ရှိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ သျှမ်းလူငယ်ကွန်ယက် Tai Youth...

သျှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်လူငယ် ၂၀၀ ကျော် ရပ်စောက်မြို့တွင်းသန့်ရှင်းရေးပြုလုပ်

0
သျှမ်းလူငယ်ကွန်ယက် TYN မှ အင်အား ၂၀၀ ကျော်သည် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့တွင် အမှိုက်ကောက်သိမ်း သန့်ရှင်းရေးပြုလုပ်ကြောင်းသိရသည်။ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရပ်စောက်မြို့နယ် ၊ တောင်ကြီး၊ ကျောက်မဲ၊ သီပေါနှင့်နမ့်လန်တို့မှ သျှမ်းလူငယ်ကွန်ယက်မှ လူငယ်အင်အား ၂၀၀ ကျော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတခုအဖြစ် ရပ်စောက်မြို့နယ်...