Wednesday, January 28, 2026

စစ်ပဋိပက္ခနယ်မြေတွင် အကြမ်းဖက်ခံရသည့်အမျိုးသမီးများ တရားမျှတမှု မရရှိသေး

စစ်ပဋိပက္ခ နယ်မြေ အတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများ တရားမျှတမှု ရရှိရန် ခက်ခဲနေသေးကြောင်း သိရသည်။

Photo by Kengtung Youth Center/facebook

စစ်ပဋိပက္ခ အတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှု အခြေအနေများကို တရားမျှတမှု ရရှိစေရန် နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် များရပ်တန့်ပေးရန်လည်း အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ တရားမျှတမှု ရရှိရေး ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရပ်တန့်ပေး” ဆောင်ပုဒ်ဖြင့် အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နေ့ အနေဖြင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ မြို့ တွင် ကျင်းပသည်။

ထိုအခမ်းအနားကို လားဟူ အမျိုးသမီး အဖွဲ့အစည်း၊ သျှမ်း အမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ၊ မိတ်ဖက် အဖွဲ့အစည်း ဖြစ်သည့် ကျိုင်းတုံ လူငယ်စင်တာ တို့ နှင့် ပူးပေါင်းကာ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

Photo by Kengtung Youth Center/facebook

လက်ရှိ သျှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင် ပြည်နယ်အတွင်း စစ်ပွဲ ပဋိ့ပက္ခများ ဖြစ်ပွားရာဒေသများတွင် အာဏာပိုင်များ၊ သြဇာအာဏာရှိသူများနှင့် လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုများတွင် အကြမ်းဖက် မှု ကျူးလွန်သူများ ထိရောက်သည့် အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ပြစ်ဒဏ်မှ ဆက်လက် ကင်းလွတ်နေသည့် ဟု WLB ၏ ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

အကြမ်းဖက်မှု နှင့် ပတ်သက်ပြီး WLB အတွင်းရေးမှူး နော်ဆဲဆဲ က “ စစ်ပွဲ ဖြစ်တဲ့ဒေသမှာ တိုင်းရင်းသား အမျိုးသမီးတွေ ပိုခံရတယ်။ စစ်ပွဲ အတွင်းမှာ လက်နက်ကိုင် အာဏာပိုင်းတွေက တိုင်းရင်းသား အမျိုးသမီး တွေ ပြစ်မှုကျူးလွန်တာ တွေရှိတယ်” ဟု ကျိုင်းတုံမြို့ တိုင်းလိ ခန်းမဆောင်တွင် ပြုလုပ်သည့် အခမ်းနားတွင် ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အမျိုးသမီး များ အကြမ်းဖက်ခံရမှု၊ မုဒိမ်းမှု နှင့် အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှု များ သည် နေရာ အနှံ့ကြုံတွေ့နေရကြောင်း သိရသည်။

Photo by Kengtung Youth Center/facebook

၂၀၁၈-၂၀၁၉ ခုနစ်တွင် WLB ၏ အကြမ်းဖက်မှုမှတ်တမ်းအရ ၂၃၈ မှုရှိပြီး တရားမျှတမှု မရရှိကြောင်း သိရသည်။

“မြန်မာပြည် အနှံ့မှာ မုဒိမ်းမှုတွေ၊ အကြမ်းဖက်မ တွေတိုးလာတယ်။ ဒါက တရားမျှတမှု အတွက် တရားစိုးမှု က အားနည်းနေတယ်” ဟု နော်ဆဲဆဲ ကပြောဆိုလိုက်သည်။

ထို့ပြင် ယခုနောက်ပိုင်း အမျိုးသမီး ပေါ် အကြမ်းဖက်မှု တွင် လူငယ်အချင်းချင်း ကြား၊ ချစ်သူအချင်းချင်း ကြား ကာမ လိမ်ညာမှု ရှိလာကြောင်း၊ ထို့ပြင် အမျိုးသမီး များပေါ် ကျူးလွန်သည့် မုဒိမ်းမှု များဖြစ်လာပါက ပိုက်ဆံဖြင့် ဖြေရှင်းနေကြသည်ကို တွေ့မြင်ရကြောင်းလည်း အမျိုးသမီး အရေး ဆောင်ရွက်သူများက ပြောသည်

WLB သည် “ တရားမျှတမှု ရရှိရေး ပြစ်ဒဏ် ကင်းလွတ်ခွင့်များ ရပ်တန့်ပေး” ဟူသည့် ဆောင်ပုဒ်နှင့် အညီ အမျိုးသမီး ျား အပေါ် အကြမ်းဖက်မှု ပပျောက်ရန်၊ တရားမျှတမှု ရရှိရန်၊ ပြည်တွင်းစစ် ရပ်တန့်ရန်၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် နှင့် ကျား၊မ တန်းတူ ရေး မှတဆင့် ဆက်လက်ကြိုးစားသွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် ပဋိပက္ခနယ်မြေက နယ်စပ်ရထားလမ်းစီမံကိန်း

0
စစ်ရေးပဋိပက္ခများ မကြာခဏဖြစ်ပွားသည့် သျှမ်းမြောက်ဒေသတွင် အမြန်ရထားစီမံကိန်း တည်ဆောက် ရန် အတွက် ဒေသခံပြည်သူများ နှင့် တွေ့ဆုံ ပြီး၊ ကွင်းဆင်းမှုများ စတင်လုပ်ဆောင်နေသည်။     စက်တင်ဘာ လဆန်းမှ စတင်ကာ သျှမ်းမြောက် ရထားလမ်း ဖြတ်သန်းမယ့် မန္တလေး- ပုသိမ်ကြီး-ပြင်ဦးလွင်- နောင်ချို- ကျောက်မဲ- သီပေါ- လားရှိုး-...