Tuesday, January 27, 2026

သီပေါမြို့နယ် နမ့်မချောင်းတွင်ဆည်ဆောက်မည့်စီမံကိန်းအလိုမရှိကြောင်း Tai Youth Power United လူငယ်အဖွဲ့ပြော 

သျှမ်းလူငယ် ၅၀ ကျော်စုပေါင်းပြီး သီပေါမြို့နယ် နမ့်မ ချောင်းပေါ် ဆည်ဆောက်မည့်ကိစ္စအား ဆန့်ကျင်ကန့်ကွက်ကြောင်းသိရသည်။

Photo by Sai Harn-သီပေါမှ Tai Youth Power United လူငယ်များ

မတ်လ ၂၁ ရက်နေ့က သီပေါမှ Tai Youth Power United လူငယ် ၅၀ ကျော်မှာ နမ့်မချောင်းတလျှောက် သဘာဝပတ်ဝန်းကျင်လေ့လာရေးခရီးထွက်ရင်း နမ့်မ ပေါ်တည်ဆောက်မည့် ဆည်စီမံကိန်းများမှာလူထုအတွက်အကျိုးမရှိဟုဆိုကာ နားဖဲမ်းရွာအနီး နမ့်မကမ်းနံဘေးတွင် စာရွက်များကိုင်ဆောင်ကာ ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

လူငယ်အဖွဲ့ခေါင်းဆောင် စိုင်းသိန်းမြင့် က- လူငယ်တွေ သဘာဝပတ်ဝန်းကျင် မြတ်နိုးတတ်ဖို့ ထိန်းသိမ်းတန်ဖိုးထားတတ်ဖို့ရည်ရွယ်ပြီး နမ့်မ ချောင်းတလျှောက် လေ့လာရေးခရီးထွက်တယ်။ နမ့်မ ချောင်းပေါ်မှာ ကုမ္မဏီတခုကနေ ဆည်ဆောက်ဖို့ ရှိတယ်လို့ကြားရတဲ့အတွက် ဒီ လေ့လာရေးလူငယ်အဖွဲ့က ဒီဆည်တွေကိုမလိုချင်ဘူးဆိုပြီး ဆည်အလိုမရှိကြောင်း စာရွက်ပေါ်မှာ သျှမ်းဘာသာစာနဲ့ ရေးသားပြီး နမ့်မ ချောင်းဘေး မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ် – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

Photo by Sai Harn-သီပေါမှ Tai Youth Power United လူငယ်များ

လူငယ်များ ကိုင်ဆောင်ထားသော စာရွက်ပေါ်တွင် – နမ့်မချောင်းသည် ကျနော်တို့၏အသက်သွေးကြော။ နမ့်မ ချောင်းပေါ်ဆည်ဆောက်ခြင်းအလိုမရှိ – ဟုရေးသားထားကြောင်းသိရသည်။

မည်သည့်ကုမ္မဏီက မည်သည့်အချိန်တွင်စတင်တည်ဆောက်မည်ကိုတော့ အသေအချာမသိရသေးကြောင်းလူငယ်အဖွဲ့ကပြောသည်။

လက်ရှိတွင်လည်း နမ့်မရွာအနီးတွင် ကျောက်မီးသွေးတူးဖော်နေသည့်စီမံကိန်းရှိနေပြီး ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်သော်လည်း အောင်မြင်မှုမရခဲ့ဟုလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဖောင်းမိန်းဆည် မြို့နယ်စီမံကိန်းအတွင်းမပါသေးဟု ၀န်ကြီးပြော

0
သျှမ်းပြည်တောင်ပိုင်းမိုင်းကိုင်မြို့နယ် အတွင်းရှိ ဖောင်းမိန်းဆည်ပျက်စီးမှုနှင့်ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် လုံးစိုင်းလုံ က သျှမ်းပြည်နယ်လွှတ်တော် စတင်ကျင်းပသော ပထမရက်တွင် တင်သွင်းမေးမြန်းခဲ့ပါသည်။ အဆိုပါဆည်ပျက်စီးနေမှုအပေါ် ပြန်လည်တည်ဆောက်ပေးမည့်အစီအစဉ် ရှိမရှိ ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင်ပြန်လည် စတင်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး...

ဒုဌဝတီမြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်းအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်နှင့်ပြည်သူလူထု စုပေါင်းတောင်းဆို

0
သျှမ်းပြည်မြောက်ပိုင်း ဒုဝတီမြစ် ခေါ် နမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းများအားလုံးရပ်တန့်ရန် လွှတ်တော်အမတ်များ နှင့်ဒေသခံပြည်သူများက စုပေါင်းတောင်းဆိုနေကြသည်။ သီပေါမြို့နယ်အတွင်းရှိ တာလုံရွာတွင်တည်ဆောက်မည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအား မကန့်ကွက်နိုင်ပါက ဒုဌဝတီမြစ် ပေါ်တွင် ဆက်တိုက်တည်ဆောက်သွားမည့်ဆည်များကိုဆန့်ကျင်နိုင်မည့်အလားအလာမရှိကြောင်း ကျားခေါင်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်သည်။ “တကယ်လို့ဒီဆည်ကြီးကိုအောင်မြင်စွာမကန့်ကွက်နိုင်ခဲ့ရင် ဆည်ဆောက်မယ့်ကုမ္မဏီက ဆက်ပြီးဆောက်သွား မယ်လေ။ ဒီတခုဆောက်ပြီးရင် ဒီဒုဌဝတီမြစ်ပေါ်မှာ ထပ်ဆောက်ဖို့ပြင်ထားတာက ၂...