Wednesday, January 28, 2026

မူဆယ်မြို့နယ် ကျင်ဆန်းကျော့ ကျေးရွာတွင် ပြည်သူ့စစ် သေနတ်ပစ်ခံရ ၃ ဦးသေ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) အနီး ကျင်ဆန်းကျော့ ကျေးရွာတွင် နမ့်ခမ်းမြို့မ ပြည်သူ့စစ် အဖွဲ့ သေနတ်ပစ်ခံရသဖြင့် သေကြေဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းသိရသည်။

Photo Credit to U Thaung Tun/ ပစ်ခတ်ခံရသည့်နေရာနှင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်၏ပုံ

ဒီဇင်ဘာ ၂ ရက်နေ့ ည ၉ နာရီကျော်အချိန်က ကျင်ဆန်းကျော့ ကျေးရွာ မြန်မာတရုတ် နယ်စပ်မျဉ်းရှိ ဟိုနောင်ကင်းစခန်းကို လုံခြုံရေး တာဝန်ယူထားသည့် နမ့်ခမ်းပြည်သူ့စစ်များကို အမည်မသိ လက်နက်ကိုင်မှ ဝင်ရောက်ချောင်း မြောင်း ပစ်ခတ်ရာ နမ့်ခမ်း ပြည်သူ့စစ်သူ ၃ ဦး ပွဲချင်းသေဆုံးပြီး၊ ၂ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ကျနော်တို့ ရောက်တာ ၁၀ နာရီခွဲလောက်ရှိပြီ။ လုံခြံုရေးယူထားတဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ကင်းစခန်း ကိုလာပစ်သွားတာ။ ၃ ယောက်ကတော့ သေတယ်။ ဒဏ်ရာရတဲ့သူတွေက တယောက်ကတော့ ပေါင်မှာ ကျည်ထိတယ်။ မူဆယ်ပြည်သူ့ဆေးရုံမှာတက်နေတယ်။ နောက်တယောက်ကတော့ နဖူးကို မှန်စထိတယ်။ စိုးရိမ်စရာတွေတော့မရှိပါဘူး ” ဟု ဦးသောင်းထွန်း က ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ပစ်ခံရသည့် နေရာသည့် တရုတ် မြန်မာ နယ်စပ်စည်းမျဉ်း တရုတ်ပြည် ဝိန်တိန် အနီးတွင် တည်ရှိပြီး နှစ်နိုင်ငံ ကုန်တင်ယာဉ်များ သွားလာနေသည့်နေရာတခုလည်းဖြစ်သည်။

ထိုနေရာတွင် ဌာနေ ပြည်သူ့စစ်များ က ကားရပ်နားကွင်း၊ ကုန်သိုလှောင်ရုံဖွင့်ကာ လုံခြံုရေး ယူထားပြီး တပ်ဖွဲ့ ရန်ပုံငွေ ကောက်ခံနေသည့် နေရာ တခုလည်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မေလ အတွင်းတွင်လည်း မူဆယ်မြို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA )တို့သည် နောင်ယန်း မြစ်ဆိပ်ကို မနက် ၄နာရီခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ၊ ပြည်သူ့စစ် နှင့် အရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂၆ ဦး ဒဏ်ရရှိခဲ့သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် နွားကားထပ်မံ ပစ်ခတ်ခံရ  

0
သျှမ်းပြည်နယ် ကျောက်မဲမြို့ စခန်းသာ ကျေးရွာ အနီး ပြည်ထောင်စု လမ်းမပေါ် တွင် ယမန်နေ့ ည ၉ နာရီဝန်း ကျင်က နွားတင်ဆောင်လာသည့် ကားပစ်ခတ်မှုခံရသဖြင့် ယာဉ်မောင်းတဦးနှင့် ယာဉ်နောက်လိုက် ၂ ဦး ဒဏ်ရကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ယမန်နေ့ တွင်...