Wednesday, January 28, 2026

မြန်မာအပါအဝင် နိုင်ငံကျော် ၂၀ ကျော်ကို မူးယစ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူး နိုင်ငံများအဖြစ် အမေရိကန်သမ္မတ စာရင်းသွင်းသတ်မှတ်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အဓိက မူးယစ်ဆေးဝါး ဖြတ်သန်းမှု (သို့မဟုတ်) အဓိက တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်သော နိုင်ငံများအဖြစ် စက်တင်ဘာလ ၁၅ ရက်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စာရင်းသွင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထိုနိုင်ငံပေါင်း ၂၃ နိုင်ငံထဲတွင် မြန်မာ၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလစ်ဇ်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဂျမကော၊ မက္ကဆီကို၊ နီကာရောဂွာ၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလားတို့ ပါဝင်သည်။

ထို့ပြင် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလား စသည့် နိုင်ငံ ၅ နိုင်ငံသည် လွန်ခဲ့သော ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတာဝန်များကို ပျက်ကွက်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်သို့ တရားမဝင် လာရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတဦးအား အမှု ၂ မှု ဖြင့် အရေးယူထား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် တရားမဝင် လာရောက်နေထိုင်သည့် ထိုင်းနိုင်ငံ သားတဦးကို ရဲများက အမှု ၂ မှု ဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၁ ရက်နေ့က တာချီလိတ်ရဲများမှ တရားစွဲဆိုထားသည့်အမှု ၂ မှုမှာ မူးယစ် ဆေးဝါး မှု...