ဆရာဝန် ထောက်ခံချက် မပါဘဲ ဆေးခြောက်ဆိုင်များအတွင်း သောက်သုံးခြင်းနှင့် ဝယ်ယူ၊ ရောင်းချခြင်း မပြုရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ယမန်နေ့ (ဇွန် ၂၄)ရက်တွင် ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံအတွင်း ဆေးခြောက် သုံးစွဲမှု သိသိသာသာမြင့်တက်လာပြီးနောက်ပိုင်း ယမန်နေ့ (ဇွန် ၂၄)ရက်တွင် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ဆေးခြောက်ရောင်းချခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းအသစ်ကို လက်မှတ်ထိုးပြီး အတည်ပြုလိုက်သည်။
အဆိုပါ စည်းမျဉ်းအသစ်တွင် စီးပွားဖြစ်ရောင်းဝယ်ခြင်း၊ တင်ပို့ခြင်းနှင့် သုံးစွဲခြင်းတို့တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သောလိုင်စင် အထောက်အထားများ ရှိရမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်က တွင်ရေးသားထားသည်။
ထို့အပြင် ဆေးခြောက်ဝယ်ယူသုံးစွဲမည့်သူများအနေဖြင့် ဆရာဝန်၏ ဆေးထောက်ခံချက်၊ ဆေးစာညွှန်းလိုအပ်ကြောင်း၊ ရောင်းချသူများလည်း လက်ဝယ်ရှိ ဆေးခြောက်၏ အရင်းအမြစ်၊ အသုံးပြုမှုနှင့် ပမာဏဆိုင်ရာ အချက်အလက်များ ကို ကျန်းမာရေးဝန်ကြီးဌာနထံ သတင်းပို့ရမည်ဖြစ်ကြောင်း စည်းမျဉ်းသစ်တွင် ထည့်သွင်းထားသည်။
ဆက်လက်ပြီး ရောင်းချလိုက်သည့် ဆေးခြောက်ပမာဏာကို ရက် ၃၀ အတွင်းသာ အသုံးပြုရန် လည်း ကန့်သတ်ထားသည်။
ဆေးခြောက်သုံးစွဲသူများအနေဖြင့် ထိုင်းနှင့် တရုတ်တိုင်းရင်းဆေးပညာနှင့် သွားဆရာဝန်များနှင့် ဆေးလက်မှတ်ရှိသော ကျွမ်းကျင်သူများ၏ ဆေးညွှန်းပါမှသာလျှင် ရောင်းချခွင့်ပြုသွားမည်ဟုလည်း အမိန့်ထုတ်ပြန်စာတွင် ထည့်သွင်းရေးသားထားသည်။
ထုတ်ပြန်ချက်အသစ်တွင် လူမှုကွန်ရက်စာမျက်နှာပေါ် နှင့် အွန်လိုင်းပေါ်တွင် ကြေငြာခွင့်လည်း ပိတ်ပင်ထားသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနစ်တွင် ဆေးခြောက်သုံးစွဲသု ၃သိန်းခွဲခန့်သာရှိခဲ့ရာ ယမန်နှစ် ၂၀၂၄ ခုနစ်တွင် ၇သိန်းအထက် မြင့်တက်လာကြောင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Pol Lt Gen Phanurat Lukboon က ဆိုထားသည်။








Leave a Comments