Wednesday, January 28, 2026

မူစယ် – နမ့်ခမ်းလမ်းတွင် တန်ချိန်ပိုကားတစီး ကျပ်တသိန်း ဒဏ်ငွေရိုက်မည်  

သျှမ်းပြည်မြောက်ပိုင်း မူစယ်-နမ့်ခမ်းလမ်းတွင် တန်ချိန်ပိုကား တစီး ကျပ်တသိန်း တိုးကောက်မည်ဟု ဆိုင်ရာအာဏာပိုင်များက လက်ကမ်းစာစောင်များအားနေ့စဉ် လိုက်လံဖြန့်ဝေသည်ဟု သိရသည်။


ဆိုင်ရာအာဏာပိုင်ထုတ်ပြန်ချက်တွင် ၂၀၁၈ ခု သြဂုတ်လ ၁၀ ရက်နေ့မှစ၍ တန်ချိန်ပိုကျောက် တင်ကားများအား စစ်ဆေးတွေ့မိပါက ဒဏ်ငွေ ကျပ် ၁ သိန်း ကောက် မည်ဖြစ်ကြောင်း တရုတ် ၊ သျှမ်း၊ မြန်မာ ၃ ဘာသာဖြင့် ယခုရက်ပိုင်းအတွင်း လက်ကမ်းစာစောင်များဖြန့်ဝေ သတိပေးထား သော်လည်း တန်ချိန်ပိုကားများ နေ့ညမနား မောင်းနှင်ပြေးဆွဲနေကြောင်းသိရသည်။

“မူစယ်-နမ့်ခမ်း လိုင်းကားတောင်မပြေးနိုင်ဘူးဒီတရက် ၂ ရက်။ မနေ့ကမူစယ်ကထွက်လာတဲ့ကား ဒီမနက်မှ နမ့်ခမ်းရောက်တာ။ ဒီလောက်နီးနီးလေးကိုလမ်းမှာတညအိပ်ရတယ်လေ။ ၁၉ မိုင်ဘဲဝေးတဲ့ခရီးက။ အာဏာပိုင်တွေဖြန့်ဝေတာက တန်ချိန်ပိုကျောက်တင်ကားတွေကိုဒဏ်ရိုက်မယ်ဆိုတာက ဒီလမ်းမှာ ကျောက်တမျိုးတည်းတင်တာမဟုတ်ဘူးလေ။ တရုတ်ထဲကို စပါးတွေ သကြားတွေ တန်ချိန်ပို မှောင်ခိုတင်သွင်းနေတာအများကြီးဘဲ။ အတားအဆီးအစစ်အဆေးမရှိတော့ လောဘ သားတွေက ရသမျှတန်ချိန်ပိုတင်။ ပရမ်းပတာမောင်းတော့ ကားလမ်းကကြပ်ပြီးမသွား နိုင်မလာနိုင်တဲ့အထိဖြစ် ရတာ အရမ်းဆိုးရွားနေတယ် ” – လို့ နမ့်ခမ်းမြို့ခံ နန်းအေယေ့ ကပြောသည်။

အဆိုပါလမ်းများအား Oriental Highway Company မှ တာဝန်ယူ ဆောက်လုပ်ထားပြီး လမ်းပျက်စီးမှုအား မပြင်ပေးသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ကားလမ်းပိတ်မှုအပြင် ယခင်ကလည်း ယာဉ်တိုက်မှု မကြာခဏဖြစ်ရကြောင်း နမ့်ခမ်းမြို့ခံ စိုင်းအိုက်ဆိုင် ကလည်းပြောသည်။

“လမ်းဖြတ်သန်းခတော့ နောင်ခန်ရွာတိုးဂိတ်မှာကောက်တယ်။ တရုတ်နံပတ်ပြားတွေ ကုန်တင်ကားတွေဆိုရင် တစ်စီး ၃၀၀၀ ကျပ်ကောက်တယ်။ ဒေသခံကားအသေးတွေဆိုရင် အသွားအပြန် တစီး ၂၀၀ ကျပ်။ လမ်း ကို တော့မပြင်ပေးဘူး။ လမ်းတဖက်တချက်မှာရေမြောင်းဖောက်ရမှာကိုမဖောက်ဘူး။ မိုးကျတော့ ရေဝပ်တော့ ချိုင့်ခွက်တွေဖြစ်တယ်။ ကားကတန်ချိန်ပိုတော့ ပျက်တော့တာပေါ့။ မူစယ်နမ့်ခမ်းလမ်းကားပိတ်လို့ညအိပ်ရတာ တသက်နဲ့တကိုယ်အခုမှဘဲမြင်ဖူးတယ်။” – ဟု နမ့်ခမ်းမှရပ်မိရပ်ဖလည်းဖြစ်သည့် စိုင်းအိုက်ဆိုင်ကပြောသည်။

ထိုသို့ ကားလမ်းပိတ်မှုဖြစ်ရသည့်အကြောင်းရင်းနောက်တခုမှာ တန်ချိန်စစ်သည့် ကတ္တားမထားရှိခြင်း ကြောင့်ဖြစ်ကြောင်း ခရီးသည်တင်ကားဆရာကလည်းပြောသည်။

“ကတ္တားချိန်စက်မထားတော့ တရုတ်ကားတွေစိတ်ကြိုက်တင်၊ စိတ်ကြိုက်ပြေးတော့တာပေါ့။ အဲ့ တရုတ်ကား တွေကြောင့် ယာဉ်တိုက်မှုလဲခနခနဖြစ်တယ်။ ဖြစ်တိုင်းလည်း တရုတ်နံပတ်ပြားနဲ့ ဒိတ်လွန်ကား တွေကြီးဘဲ။ ပိုက်ဆံကောက်အိပ်ကပ်ထဲထည့်၊ အစိုးရထံမရောက်ဘူး။ အစိုးရကနေလဲ တာဝန်ယူတာ ဘာမှမရှိဘူး။ ဒီပြသနာတွေ မစီမံတတ်ဘူးထင်တယ်။ တရုတ်ဘက်ခြမ်းမှာ ကျနော်တို့ ကားအဲ့လိုသွားမောင်းကြည့်ပါလား လူရော ကားပါ ဖမ်းဆီးထောင်ချခံရမှာ” – ဟုလည်း စိုင်းအိုက်ဆိုင်က ရင်ဖွင့်ပြောဆိုသည်။

နမ့်ခမ်း – မူစယ်လမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်ပြီး ထိရောက်စွာ ကိုင်သွယ်ဖြေရှင်းပါက နိုင်ငံတော်ဝင်ငွေ အများအပြား ရရှိမည်ဖြစ်သည်။ ဒီလမ်းယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပါက မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း စီးပွားရေးလည်းထိခိုက် မည်ဟု မူစယ်ပွဲရုံ ပိုင်ရှင် ဦးစိုင်းယီ့ ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်းဒေသ ရေကြီးမှုကြောင့် လမ်းပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင်း ရေများထပ်တက်လာပြီး လမ်းများပါ ပျက်စီးသွားသောကြောင့် ဒေသခံများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ပုံးအင်းဒေသအတွင်း ရေများထပ်တက်လာပြီး ကားလမ်းများပါပြိုကျပျက်စီးနေကြောင်း ရေထပ်တက်လာမှုကြောင့် နောင်စန့်ကျေးရွာချောင်းကူးတံတားကြီး အောက်ဖက်မှလည်းသွား၍မရတော့သဖြင့် ကုန်းလမ်းအပြင် ရေလမ်းပါ ပိတ်ဆို့မှုများရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့...