Wednesday, January 28, 2026

၂၁ရာစု ပင်လုံ ညီလာခံ ကို NCA လက်မှတ်မထိုးသေးသည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ တက်ရောက်မည်

 

ယခု လ လယ် တတိယ အကြိမ် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကို အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် (NCA) လက်မှတ်မရေးထိုးသေးသည့် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များ တက်ရောက်မည်ဟု သတင်းရရှိသည်။

တတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လ ၁၁ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“ မြောက်ပိုင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အားလုံး ကို ဖိတ်ထားပါတယ်။ သူတို့ တက်မယ်လို့တော့ ပြောပါတယ်။နောက် KNPP ကိုလည်း ကျနော်တို့ ဖိတ်ပါတယ်။ KNPP လည်း တက်မယ်လို့ ပြောပါတယ်” ဟု နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ရဖွဲ့များကို တရုတ်သံရုံးမှ တဆင့် အကြောင်းကြားစာပို့ထားကြောင်း ဦးဇော်ဌေး က ပြောသည်။

အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့ မှာ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA – မိုင်းလားအဖွဲ့)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ဖြစ်ကြောင်းသိရသည်။

ယခု ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို အကာကွယ်ပေးခြင်းနှင့် ဒီမိုကရေစီအခွင့်အရေး အခြေခံ လူ့အခွင့်အရေးနှင့် ကျားမတန်းတူညီမျှမှုရေးကို အဓိက ဆွေးနွေးသွားမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငြိမ်းချမ်းရေး ညီလာခံ AA ကိုချန်ရင် ဘာတွေဖြစ်လာနိုင်လဲ

0
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ စတုတ္ထအကြိမ်ကို သြဂုတ် ၁၉ ရက်မှ စတင်ကျင်းပဖို့ အတွက် တရားဝင်ပြောဆိုလိုက်ပါတယ်။ ထို ၂၁ရာစု ပင်လုံ အပစ် မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို ဖိတ်ကြားမှာဖြစ်ပေမယ့် ရက္ခိုင်တပ်မတော် (AA)ကိုတော့...

၂၁ ရာစု ပင်လုံမှာ အမျိုးသမီးထု တန်းတူညီမျှမှု အမှန်တကယ် ရပြီလား

0
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ တတိယ ဆွေးနွေးပွဲ တွင် ကျား၊မ တန်းတူညီ ရေး ကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးမှုတွေမှာတော့ ကျား၊ မ ဆိုင်ရာလိင်ခွဲခြားမှု မရှိရ၊ တန်းတူညီမျှမှု ၊ ကဏ္ဍ တိုင်းမှာ အမျိုသမီး...