Wednesday, January 28, 2026

ကာတွန်းဟန်လေး၏ နိုင်ငံရေးရုပ်ပြောင်ကာတွန်းများစုစည်းထားသည့်စာအုပ်မိတ်ဆက်ပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

ယခင်စစ်အာဏာရှင်များအား သရော်သည့်ကာတွန်းများရေးဆွဲသူ ကာတွန်းဟန်လေး၏ ကာတွန်းစာအုပ်ထုတ်ဝေရောင်းချခြင်း စာအုပ်မိတ်ဆက်ပွဲအား ရန်ကုန်မြို့တွင်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံရေးကာတွန်းကွက်ပေါင်း ၁၆၀ ကျော်စုစည်းထားသည့် ဟန်လေးကာတွန်းစာအုပ် ပထမအကြိမ် ထုတ်ဝေခြင်း ကာတွန်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို လာမည့် ဂျွန်လ ၁၄ ရက်နေ့ တွင် ကျောက်တံတားမြို့နယ် Moon Art Gallery ၌ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ကာတွန်းစာအုပ်မိတ်ဆက်ပွဲမှာ ကျနော် စိုင်းဟန်လေးကနေ အမှတ်တရ လက်မှတ်လေးသွားထိုးပေးပါမယ်။ အခုထုတ်ဝေဖြန့်ချီမယ့် ကာတွန်းစာအုပ်မှာ ယခင်ရေးဆွဲခဲ့တဲ့ ကာတွန်းဟောင်းတွေအပါအဝင် ရေးဆွဲနေဆဲ ကာတွန်းကွက်လေး ၁၆၀ ပါရှိပါတယ်။ စာမျက်နှာပေါင်း ၂၀၀ ရှိ ပါတယ်။ အုပ်ရေ ၁၀၀၀ ထုတ်ပါမယ်။ တနိုင်ငံလုံးကို ဖြန့်ချီရောင်းချပေးပါမယ်။ တအုပ်ကို မြန်မာငွေကျပ် ၄၅၀၀ ရောင်းပါမယ်။ – ဟု ကာတွန်းဟန်လေးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်တောင်ပိုင်း နောင်မွန်ဇာတိဖြစ်သော ကာတွန်းဟန်လေးသည် ၁၉၈၈ ခုနှစ်ကတည်းက ကာတွန်းများ စတင်ရေးဆွဲလာခဲ့ပြီး ပန်းချီကားတွေအပါအဝင် နိုင်ငံရေးရုပ်ပြောင်ကာတွန်းပေါင်း ၂၀၀၀ ကျော်ရေးဆွဲခဲ့ပြီးဖြစ် ကြောင်း၊ ရွွှံ့ပန်းပု ၊ ဘိလပ်မြေပန်းပုများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် သျှမ်းပြည်လူထုမှ ကာတွန်းရေးဆွဲမှုအပေါ် စိတ်ပါ၀င်စားမှုနှင့်ပတ်သက်ပြီး ကာတွန်းဟန်လေးက – သျှမ်းထဲမှာ ကာတွန်းကိုစိတ်ဝင်စားသူအရမ်းနည်းပါးပါတယ်။ လက်ချိုးရေရင်တောင်ရပါတယ်။ စိတ်ဝင်စားတဲ့သူ။ ဒါကြောင့် ကာတွန်းပညာကို လေ့လာသင်ယူသင့်ပါတယ်။ သျှမ်းပြည်မှာ ကျနော့်ကို သင်တန်းပေးဖို့ခေါ်တာမျိုးအရင်ကမရှိခဲ့ဖူးဘူး။ အခုတော့ တောင်ကြီးမှာ ကာတွန်းပညာ သင်တန်းပေးပေးဖို့အတွက် အဖြူရောင်သူငယ်ချင်းများအဖွဲ့ကနေ ကမ်းလှမ်းထားရှိတယ်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်- နမ့်ခမ်းဘက်ကလည်း တခါပြောထားတာရှိပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ကာတွန်းဟန်လေးသည်၁၉၈၂ ခုနှစ်တွင် ပန်းချီ ပန်းပုကျောင်းတက်ရောက်ခဲ့ဖူးကြောင်း သိရသည်။
၄င်းရေးဆွဲသည့် မြန်မာ့နိုင်ငံရေးကာတွန်းရုပ်ပြောင်ပညာကြောင့် ၂၀၁၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးရောက်အခြေစိုက်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က စာပေ အနုပညာရှင်များအား ချီးမြင့်သော Hellmen/Hammett ဆုကိုဆွတ်ခူးရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကာတွန်းကို ကလေးလို့ဘဲမြင်ပါတယ် – ဆိုတဲ့ ကာတွန်းဟန်လေးနဲ့ တွေ့ဆုံမေးမြန်းခန်း  

0
နာမည်ကြီး နိုင်ငံရေး ရုပ်ပြောင်ကာတွန်းဆရာ ဟန်လေးရဲ့ ကာတွန်းစာအုပ်မိတ်ဆက်ပွဲ နဲ့ သတင်းစာ ရှင်းလင်း ပွဲတရပ်ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပရာမှာ အထူးဘဲစည်ကား လျှက်ရှိကြောင်းသိရပါတယ်။ ကာတွန်းစာအုပ်မိတ်ဆက်ပွဲတက်ရောက်လာတဲ့သူတွေကို အမှတ်တရလက်မှတ်ရေးထိုးပေးတာလည်းရှိခဲ့ပါတယ် ။အမေရိကန်နိုင်ငံကနေ စာပေ အနုပညာရှင် တွေကို ချီးမြှင့်တဲ့ Hellme/Hammett ဆု ကိုဆွတ်ခူးခဲ့ရသူ...