Friday, January 30, 2026

သျှမ်းပြည် အမျိုးသားလွှတ်တော် အမှတ်(၁) မဲစာရွက် (၄၀၀) ပျောက်ဆုံးနေ

သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၁) မဲစာရွက် (၄၀၀)ကျော် ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

အဆိုပါပျောက်ဆုံးနေသည့် မဲစာရွက် (၄၀၀)သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နှင့် နောက်ချို့ မြို့နယ် အတွင်းရှိ မဲစာရွက်များဖြစ်ကြောင်းသိရသည်။

“ခုလောလောဆယ်မှာတော့ နောင်ချိုဘက်မှာ မဲအရေအတွက် (၄၀၀) ကျော် ပျောက်ဆုံးနေတယ်။မြို့တော့ အားလုံး စုံနေတယ်။ ကျနော်တို့ဘက်က NLD ကို ၉၄ မဲပဲ ရှုံးတာမဖြစ်နိုင်ဘူး။ သီပေါမှာ ကျနော်တို့ ၅ သောင်းကျော်နိုင် ထားတယ်။ ဒါကြောင့် ခု ကျနော်တို့ အသေးစိတ်တွေကို ပြန်လိုက်နေတယ်” ဟု သျှမ်းပြည်အမျိုးသားအမှတ်(၁) အမျိုးသားလွှတ်တော် စိုင်းထွန်းမြဆွယ်ဟိန်း က ပြောသည်။


ယနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လည် ၂ နာရီမှာ မဲအရေအတွက် ရာချီ ပျောက်ဆုံးနေသဖြင့် ပြန်လည် စိစစ်နေကြောင်း စိုင်းမြထွန်းဆွယ်ဟိန်း က ပြောသည်။


စိုင်းမြထွန်းဆွယ်ဟိန်း ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသား လွှတ်တော်နေရာသည် ကျောက်မဲ နှင့် မိုးမိတ်ခရိုင်ဖြစ်ပြီး မြို့နယ် အနေဖြင့် သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊နောင်ချို၊ မိုးမိတ် နှင့် မန်ပိန်း မြို့နယ် တို့ ပါဝင်သည်။


ထို့ကြောင့် ယခုချိန်ထိ မဲစာရင်း ပြန်လည်စစ်ဆေးနေသဖြင့် အနိုင်၊အရှုံးကိုမသိရှိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖျက်သိမ်းထားသည့် နှင်းဆီပါတီ တံဆိပ် မဲစာရွက်တွင် ပါရှိနေသဖြင့် မဲပေးမိမှာကို ပြည်သူများစိုးရိမ်နေ

0
၂၀၂၀ ပါတီစုံရွေးကောက်ပွဲအတွက် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) လူသိများသည့် နှင်းဆီပါတီ သည် ရွေးကောက်ပွဲကော်မရှင်မှ ဖျက်သိမ်းကြောင်း တရားဝင် ကြေငြာထားသော်လည်း လက်ရှိသက်ကြီးရွယ်အို နှင့်အစိုးရဝန်ထမ်းများကြိုတင်မဲပေးနေသော မဲစာရွက်များတွင် အဆိုပါ နှင်းဆီပါတီအမှတ်တံဆိပ်ပါနေသေးကြောင်း သိရသည်။ အောက်တိုဘာ ၁၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က...