Friday, January 30, 2026

ဖျက်သိမ်းထားသည့် နှင်းဆီပါတီ တံဆိပ် မဲစာရွက်တွင် ပါရှိနေသဖြင့် မဲပေးမိမှာကို ပြည်သူများစိုးရိမ်နေ

၂၀၂၀ ပါတီစုံရွေးကောက်ပွဲအတွက် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) လူသိများသည့် နှင်းဆီပါတီ သည် ရွေးကောက်ပွဲကော်မရှင်မှ ဖျက်သိမ်းကြောင်း တရားဝင် ကြေငြာထားသော်လည်း လက်ရှိသက်ကြီးရွယ်အို နှင့်အစိုးရဝန်ထမ်းများကြိုတင်မဲပေးနေသော မဲစာရွက်များတွင် အဆိုပါ နှင်းဆီပါတီအမှတ်တံဆိပ်ပါနေသေးကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က နှင်းဆီပါတီကို တရားဝင်ဖျက်သိမ်း လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့သော် လက်ရှိကြိုတင်မဲပေးရာတွင် နှင်းဆီပါတီကို တရားဝင်ဖျက်သိမ်းထားသည့်အကြောင်း သက်ကြီးရွယ်အိုများအားလုံးမသိရှိရပေ။

၎င်းနှင့်ပတ်သက်ပြီး တချို့ မဲရုံရှေ့တွင် နှင်းဆီ ပါတီ သည် တရားဝင်ဖျက်သိမ်းထားသည့်ပါတီဖြစ်ကြောင်းကို ကြေညာထားသော်လည်း တချို့မဲရုံများမှာ ကြေညာထားခြင်းမရှိကြောင်း သိရသည်။

“နှင်းဆီပါတီ ဖြုတ်လိုက်ပြီးဆိုတာ မသိရဘူး။ အဖွားက အိမ်မှာဘဲနေနေရတော့ မသိဘူး။ ထင်ယောင်ထင်မှားတော့ မဖြစ်ပါဘူး။ ဒီပါတီ ဖြုတ်လိုက်ပြီးဆိုတာကိုတော့ မဲထည့်တဲ့အချိန်မှာတော့ ပြောပြပါတယ်” ဟု တောင်ကြီးမြို့ ရေအေးကွင်း တွင် ကြိုတင်မဲလာရောက်ပေးသည့် အသက် ၆၈ ဒေါ်နန်းသိန်းယဉ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကြိုတင်မဲပေးသည့် မဲရုံရှေ့တွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ ယင်းပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒပြုရန်မလိုကြောင်းနှင့် ဆန္ဒပြုခဲ့ပါလျှင် ပယ်မဲအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း မဲရုံတချို့ တွင် ကြေညာချက်ကိုကပ်ထားသည်။

ထိုလိုဂိုသည် မြို့နေပြည်သူအတွက် ပြဿနာ သိပ်မရှိသော်လည်း ကျေးလက်ပြည်သူများအတွက် ပြဿနာရှိလာနိုင်ကြောင်း၊ ထိုနေရာကို မဲသွားပေးမည်ကို စိုးရိမ်နေရကြောင်းလည်း တောင်ကြီးမြို့ တွင်နေထိုင်သည့် စိုင်းနော် က ဆိုသည်။

“ မြို့ပေါ်မဲဆန္ဒရှင်တွေက နှင်းဆီပါတီ ပယ်ဖျက်တာ သိတာများတယ်။ ကျေးရွာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာက ပြည်သူတွေအတွက် ပိုစိုးရိမ်တယ်” ဟု စိုင်းနော် က ပြောသည်။

နှင်းဆီပါတီ လိုဂို (တံဆိပ်ကို) မဲစာရွက်ပေါ်တွင် မပယ်ဖျက်သည့်အပေါ် ကိုယ်စားလှယ်တဦး အနေနဲ့ စိုးရိမ်မှုများစွာ ရှိကြောင်းလည်း SNLD ပါတီ ကိုယ်စားပြု တောင်ကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းအောင်မြင့်ဦးက ပြောဆိုလိုက်သည်။

“တချို့ ပြည်သူတွေက မသိတော့ နှင်းဆီပါတီ ကို မဲပေးမိမှာ စိုးရိမ်တယ်။ ကျနော်တို့ အတွက် တော့ စိတ်ပူစရာတခုဖြစ်တာပေါ့။ ထည့်မိရင် ပယ်မဲဖြစ်မှာလေ” ဟု စိုင်းအောင်မြင်ဦးက ပြောသည်။

ထို နှင်းဆီပါတီ လိုဂိုကို ဖျက်မထားခြင်းသည် မဲလာထည့်သူတွေအတွက် ထင်ယောင်းထင်မှား မဖြစ်စေနိင်ကြောင်း တောင်ကြီးမြို့ရေးအေးကွင်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

“ထင်ယောင်ထင်မှား ဖြစ်စေတာ မရှိပါဘူး။ လူတိုင်းသိနေတာဘဲ နှင်းဆီပါတီရုပ်သိမ်းလိုက်ပြီးဆိုတာ လူအများစုက သိနေတယ်။ ဒီမှာလဲ ကြောညာထားတယ်” ဟု ဦးကျော်မြင့် ကပြောသည်။

၂၀၂၀ ပါတီစုံရွေးကောက်ပွဲ အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ပြီး အသက် ၆၀ အထက်များ ကြိုတင်မဲ များပေးနေပြီး ရွေးကောက်ပွဲကျင်းပရန်အတွက်မူ ၄ ရက်သာကျန်တော့ကြောင်း၊ နိုင်ငံရေးပါတီများ စည်းရုံးရေးဆင်းရာတွင် လူ ၅၀ ထက်ပိုမစုရဟု ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသော်လည်း ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ကမူ ရွေးကောက်ပွဲမဲပေးသည့်ရက်တွင် လူ ၃၀ နှင့် အထက်ပိုပြီး စုဝေးနိုင်ကြောင်း ခွင့်ပြုထား သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် အမျိုးသားလွှတ်တော် အမှတ်(၁) မဲစာရွက် (၄၀၀) ပျောက်ဆုံးနေ

0
သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၁) မဲစာရွက် (၄၀၀)ကျော် ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ အဆိုပါပျောက်ဆုံးနေသည့် မဲစာရွက် (၄၀၀)သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နှင့် နောက်ချို့ မြို့နယ် အတွင်းရှိ မဲစာရွက်များဖြစ်ကြောင်းသိရသည်။ “ခုလောလောဆယ်မှာတော့ နောင်ချိုဘက်မှာ မဲအရေအတွက် (၄၀၀) ကျော် ပျောက်ဆုံးနေတယ်။မြို့တော့ အားလုံး စုံနေတယ်။ ကျနော်တို့ဘက်က...

မြန်မာတဝှမ်း လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဌ ဖမ်းဆီးခံရ

0
လာမည့်အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ခေါ် UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ဖြင့် ရဲများ အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။ နှင်းဆီပါတီ သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံလုံး အတိုင်းအတာ အရ ဒုတိယ အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တခုဖြစ်ကြောင်းသိရသည်။ လက်ရှိမှာ ဦးကျော်မြင့်(ခ)...