Wednesday, January 28, 2026

သီပေါတွင် ရဲတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ ၉ မိုင်ခွဲ တွင် ယနေ့ ( စက်တင်ဘာ ၂၈) ညနေ ၄နာရီ ကျော် ၌ မူးယစ်ရဲတပ်ဖွဲ့ဝင် တဦး သေနတ်ပစ်သတ်ခံရကြောင်း ကနေဦးသတင်းရရှိသည်။

သီပေါမြို့ ၉ မိုင်ခွဲ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ် တွင် အမည်မသိ ကားဖြင့် လူ၃ဦးလာပြီး သေနတ်ပစ်ခဲ့ရာ မူးယစ်ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် သီပေါမြို့ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လားရှိုးမြို့ကနေ လာပြီး မူးယစ်စစ်ဆေးမှုတွေလာလုပ်ကြတယ်။ လားရှိုးက မူးယစ်ရဲပါ။ ဂိတ်ကို ကား နဲ့လူ၃ယောက်လာ ပြီး သေနတ်ပစ်သွားတယ်။ မူးယစ်ရဲ ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ၎င်း အမည် မဖော်လိုသူ ကပြောသည်။

မူးယစ်ရဲကို သေနတ်နှင့် ပစ်သတ်ခဲ့သည့် သူ ၂ဦးကို ဖမ်းဆီးရမိပြီး၊ ကျန်တဦးမှာ လွှတ်မြောက်နေဆဲ ဟု သိရသည်။

“ ကားနဲ့ လူ ၂ဦးတော့ ဖမ်းမိတယ်။ ကျန် ၁ဦးကတော့ လွှတ်သွားတယ်။ အခု စုံစမ်းစစ်ဆေးနေဆဲပါ” ဟု အဆိုပါ အမျိုးသား က ထပ်လောင်းပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သီပေါမြို့ နယ်စည်းမခြား ပရဟိတ အသင်း မှကိုမျိုး က “ တဦးတော့ သေနတ်ပစ်ခံရပြီး သေသွားတယ်။ ကျနော်သေချာမသိသေးဘူး။ အခုတော့ စစ်ဆေးနေကြသေးတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

သီပေါမြို့နယ် တွင် မကြာခဏ သေနတ်ပစ်သတ်ခံရမှု ဖြစ်ပွားပြီး တရားခံကို တကြိမ်တခါမှ မမိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါမြို့နယ် အတွင်း အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဧပြီ (၁၆)ရက် ည ၇နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့်အသက် ၅၄နှစ် အရွယ်ရှိ စိုင်းလျန်း ၏ နေအိမ်ကို ဆိုင်ကယ်စီးလာသည့် အမျိုးသား (၂)ဦး က သေနတ်ဖြင့်...

ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့ နိုဝင်ဘာ ၂၁ ရက် ည ၆နာရီဝန်းကျင် တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ က လာရောက်ပစ်သတ်သွားကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင်က ဦးထိုက်ဇော်သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု၊...

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ဝေလုံကျေးရွာ တွင်နေထိုင်သည့် အမျိုးသားတဦး ယမန် မနက် ပိုင်းတွင် သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန် (ဒီဇင်ဘာ ၂၃) မနက် ၁၀နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စု ဝေလုံ ကျေးရွာ ၌ အသက်...