Tuesday, January 27, 2026

NLD အစိုးရသက်တမ်းအတွင်း သျှမ်းပြည် ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ကြီးမားဆုံးစိန်ခေါ်မှုဖြစ်

NLD အစိုးရ သက်တမ်းတလျှောက် သျှမ်းပြည် ငြိမ်းချမ်းရေးကြိုးပမ်းမှု ခရီးစဉ် သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း သျှမ်းပြည် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောကြားလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယနေ့ ( သြဂုတ် ၁၇) ညနေ ၃ နာရီတွင် သျှမ်းပြည်အစိုးရ၏ စတုတ္တနှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

“တိုက်ပွဲရှောင် ပြည်သူတွေရဲ့ ဒုက္ခ သောကကို ဖြေရှင်းဆောင်ရွက်တဲ့အခါ ကျနော်တို့ အစိုးရအဖွဲ့ အကြီးမားဆုံး အခက်ခဲ တွေ့ကြုံရတယ်” ဟု ဒေါက်တာလင်းထွဋ် က ပြောသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ကြီးမှတစ်ဆင့် ပြည်ထောင်စုကြီး တစ်ခုလုံး ရင်ကြားစေ့နိုင်ပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်သည့် နေရာတွင်လည်း စီးပွားရေး၊ ပညာရေး ကျန်းမာရေး ၊ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း စသည့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သည့်အချိန်တွင် အခက်ခဲများ တွေ့ရကြောင်း ဒေါက်တာလင်းထွဋ် က ဆက်လက်ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ အားလုံး သိကြပြီဖြစ်တဲ့အတိုင်း ပြည်ထောင်စု နဲ့ တကွ တိုင်းဒေသ နှင့် ပြည်နယ်အားလုံး ပြည်ထောင်စု ကြီးတစ်ခုလုံး ငြိမ်းချမ်းမှ သာလျှင် ဖွံ့ဖြိုးတိုးတက် ပြီး လျင်မြန်ချောမွေ့စွာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။” ဒေါက်တာလင်းထွဋ် ကပြောသည်။

၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံ့တာဝန်ကို စတင်ယူခဲ့သော လက်ရှိအစိုးရ၏ သက်တမ်းသည် ပြီးခဲ့သည့် ဧပြီလတွင် ၄ နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် မြေယာပြဿာနာ၊ ပညာရေး၊ သျှမ်းမြောက်တွင် နွားကားများ တရားမဝင် တင်သွင်းမှုအခြေအနေ၊ မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ၊ နယ်စပ် ပြည်သူ့စစ်အခြေအနေ ၊ အသေးစား ချေးငွေ နှင့် သျှမ်းပြည်အတွင်းရှိ စီမံကိန်းများအခြေအနေ တို့ကို လာရောက်ပြောကြားခဲ့ကြောင်းသိရသည်။

လက်ရှိ ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့အတွက် စတုတ္တတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲကို ကချင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအချို့မှာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ ဝန်ကြီး ၄ဦး self quarantine လုပ်နေရ

0
သျှမ်းပြည် အရှေ့ပိုင်း ခရီးစဉ် တွင် သျှမ်းပြည် ဝန်ကြီးချုပ် နှင့် အတူ လိုက်ပါသည့် သျှမ်းဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ နှင့် သျှမ်းပြည် ရဲမှူးချုပ် တို့သည် self quarantine လုပ်ထားရကြောင်း သျှမ်းပြည် အစိုးရ ထံမှ စုံစမ်းသိရသည်။   သျှမ်းပြည် ဝန်ကြီးချုပ် သည်...