Tuesday, January 27, 2026

မူဆယ်၊နမ့်ခမ်း ကမ္ဘောဇ ဘဏ်ခွဲများ ယာယီပိတ်ထားရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် အတွင်းရှိ ကမ္ဘောဇ ဘဏ်ခွဲများ ယနေ့ (သြဂုတ် ၁၇ )ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာချက် တစောင်ထုတ်လာသည်။

မူဆယ်ခရိုင် အတွင်းရှိ မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရှိ ဘဏ်ခွဲများဖြစ်သည့် မူဆယ်မြို့ ကမ္ဘောဇ ဘဏ် အမှတ်(၁) ကို ဖွင့်လှစ်ထားပြီး၊ ဘဏ်ခွဲအမှတ် (၂)၊ (၃) (၄) နှင့် နမ့်ခမ်းဘဏ်ခွဲ ယာယီပိတ်ထားကြောင်းသိရသည်။

ကမ္ဘောဇ ဘဏ်ခွဲများပိတ်ရသည့် ကြောင်းရင်းမှာ ကိုဗစ်-၁၉ အတွက် လိုအပ်သည့် ကြိုတင်ကာကွယ်ရေး၊ အစီအမံများဆောင်ရွက်ခြင်း ၊COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖြန်းသန့်စင်ခြင်းလုပ်ငန်း တို့ကြောင့် ဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းမည် ဟု ကြေညာချက်တွင် ရေးသားထားသည်။

ဘဏ်ခွဲများယာယီပိတ်ဆိုင်းမည်ဟု သာရေးသားထားပြီး ပြန်လည်ဖွင့်လှစ်မည့် ရက်ကို ဖော်ပြထားခြင်းမရှိကြောင်း၊ ဘဏ်ခွဲများ ယာယီ ပိတ်ထားသည့် ကာလအတွင်း Customer များ၏ ဘဏ်လုပ်ငန်းများကို KBZ Pay mobile wallet ၊KBZ iBanking ၊ mBanking စသည့် ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများမှ တဆင့် ဆက်လက် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

တဖက်တွင်လည်း လူမှု ကွန်ရက်စာမျက်နှာတွင် တအာင်း (ပလောင် ) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ဆက်ကြေးကောက်သည့် စာ ရောက်လာသဖြင့် ကမ္ဘောဇဘဏ်များ ယာယီပိတ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း မူဆယ်၊နမ့်ခမ်း ဒေသခံများက ရေးသားထားသည်။

“TNLA က ဆက်ကြေးကောက်တဲ့ စာရွက် လာပို့ထားလို့ ပိတ်တယ်လို့ကြားတယ်။ ဒီနေ့စပိတ်တာ ။ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာ မသိဘူး။ဘယ်လောက် တောင်းလဲဆိုတာတော့ မသိဘူး” ဟု မူဆယ်မြို့ ဒေသခံ စိုင်းမောဝ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် TNLA မှ လာရောက်တောင်းခံသည့် စာရွက်တွင် ပါရှိသည့် မြန်မာ ဖုန်းနံပတ်ဖြစ်သည့် ၀၉ ၂၅၃၅၁၅၀၂ နှင့် ၀၉ ၇၆၃၄၂၅၀၂၀ ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

ထို့ကြောင့် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်ကို ထပ်မံ ဆက်သွယ်မေးမြန်းခဲ့သည်။
မူဆယ်၊နမ့်ခမ်းမြို့ရှိ ကမ္ဘောဇ ဘဏ်ခွဲများထံ TNLA မှ ငွေကောက်ခံနေသည့် စာရွက်နှင့် ပတ်သက်ပြီး ဗိုလ်မှူး တာ့အိုက်ကျော် က “ ကျနော်တို့ တနှစ်တကြိမ်တော့ အခွန်ငွေကောက်ပါတယ်။ တနှစ်စာအတွက် အခွန်ကောက်တာပါ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ မူဆယ်၊နမ့်ခမ်းမြို့နယ် ကမ္ဘောဇ ဘဏ်ခွဲများထံ TNLA လက်မှတ်ဖြင့် ငွေကောက်ခံသည့် ကိစ္စကို မသိရှိရသေးကြောင်း၊ ထို ငွေကောက်ခံသည့် စာပို့သည့် ကိစ္စသည် TNLA ၏ အကောက်ခွန် ဘက်နှင့် သက်ဆိုင်ကြောင်း ဗိုလ်မှူး တာ့အိုက်ကျော် က ဆိုသည်။

ယခု ရက်ပိုင်း မူဆယ်မြို့နယ် အတွင်းရှိ ဘဏ်များကို ရဲတပ်ဖွဲ့ မှ လုံခြုံရေး တင်းကြပ်စွာ ယူထားကြောင်း သိရသည်။
ဇွန် ၂၂ ရက်ကည်း သျှမ်းပြည် မြောက်ပိုင်း သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့ ရှိ ကမ္ဘောဇဘဏ်များလည်း ယာယီပိတ်ဆိုင်းခဲ့ပြီး ဇွန် ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါမြို့မှ KBZ ဘဏ် ဓားပြတိုက်ဟုယူဆရသူ လူငယ်တစ်စုကို ဖမ်းဆီးရမိ ဟုဆို

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ KBZ ဘဏ်ကို ဓားပြတိုက်ဟုယူဆထားသည့် လူငယ်တစ်စုကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သီပေါဒေသခံများထံမှ သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖြစ်သွားတဲ့ သီပေါ KBZ ဘဏ် ဓားပြတိုက်မှုမှ ပါဝင်သူ လူငယ် ၆ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း...

သီပေါမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ KBZ ဘဏ် ယနေ့ (ဖေဖော်ဝါရီ ၂၈)ရက် မွန်းလွဲ ၃ နာရီ တွင် ဓားပြတိုက်ခံရကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် သီပေါမြို့ KBZ ဘဏ်သို့ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦး...