Thursday, January 29, 2026

ပြိုကျသည့် ပင်လောင်း ဟော်နန်း ပြန်လည်ထိန်းသိမ်းမည်

ပြိုကျခဲ့သည့် နှစ်ပေါင်းရာချီရှိသည့် ပင်လောင်းဟော်နန်း ကို ပြန်လည် ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

Photo by စိုင်းခွန်မိန်းခမ်း

မေ ၁၉ ရက်တွင် ပြိုကျခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့၏ နှစ်ပေါင်းရာချီ အမွေအနှစ်ဟော်နန်းကို ပြန်လည် ထိန်းသိမ်းရန် အတွက် ဇွန် ၂ ရက်နက် ၆ နာရီမှာ သျှမ်းရိုးရာ ထုံးတမ်းအစဉ်အလာဖြင့် ခွင့်တောင်းပွဲကို မွေတော်ပရိယတ္တိ စာသင်တိုက် ဆရာတော်က လာရောက်ချီးမြှင့် ပေးခဲ့သည်။

“ဟော်နန်း ပြန်လည် ထိန်းသိမ်းတဲ့ သဘောပဲပေ့ါ။ သူ့ရဲ့အုတ်ရိုးတွေ အုတ်ခုံတွေ မပျက်စီးသွားအောင် ပြိုနေတဲ့အရာကိုလည်း ပြိုတဲ့အတိုင်းပဲ ထားထားမှာပါ” ဟော်နန်းကို ပြန်လည်ပြုပြင်ဖို့အတွက် တက်ကြွလှုပ်ရှားသူ ဖြစ်သည့် စိုင်းခွန်မိန်းခမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Photo by စိုင်းခွန်မိန်းခမ်း

လက်ရှိ မပျက်စီးသေးသည့် အုတ်ရိုး၊ အုတ်ခုံများကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ မြို့ဟောင်းများ ထိန်းသိမ်းသကဲ့သို ဆက်လက်ထိန်းသိမ်းသွားမည် ဟု စိုင်းခွန်မိန်းခမ်း ကပြောပြသည်။

“ရန်ပုံငွေ ရှိပြီးတော့ ထလုပ်တာမျိုးမဟုတ်ဘူး။ ခန့်မှန်းခြေ သိန်း ၅၀ လောက်ကုန်မယ်။ ရှာလိုက် လုပ်လိုက်တဲ့နဲ့ပဲ ငွေရေး ကြေးရေးတော့ အခက်ခဲ ရှိတယ်” ဟု စိုင်းခွန်မိန်းခမ်း က ဆိုသည်။

ပင်လောင်းမြို့သည် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည့်ပတ်မှု များပြားသည့်အတွက် ဟော်နန်း၏ သမိုင်းအထောအထားများ ပြသပြီး ဟော်နန်းကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်သည်။

ပင်လောင်း ဟော်နန်းပြန်လည် ထိန်းသိမ်းရန်အတွက် ဟော်နန်း မိသားစုဝင်များ၊ သျှမ်းလူငယ်များ ၊ သျှမ်းသံယာတော်များ ပူးပေါင်းပြီး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ပင်လောင်း ဟော်နန်းပြိုကျ ပျက်စီး

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ပင်လောင်း ဟော်နန်း ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ မေလ ၁၉ ရက် နေ့လည် ၁နာရီ ကျော်က လေပြင်းတိုက်ခိုက်မှုကြောင့် နှစ် ၁၀၀ ကျော် သက်တမ်းရှိ ပင်လောင်း ဟော်နန်း...