Thursday, April 25, 2024

နှစ် ၁၀၀ ကျော်သက်တမ်းရှိ ပင်လောင်း ဟော်နန်းပြိုကျ ပျက်စီး

Must read

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ပင်လောင်း ဟော်နန်း ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Pang Loung Youth- မေလ ၁၉ ရက် ၂၀၂၀ မိုးရွာသွန်းမှုအပြီး ပြိုကျပျက်စီးခဲ့သော ပင်လောင်းဟော်နန်း

ယနေ့ မေလ ၁၉ ရက် နေ့လည် ၁နာရီ ကျော်က လေပြင်းတိုက်ခိုက်မှုကြောင့် နှစ် ၁၀၀ ကျော် သက်တမ်းရှိ ပင်လောင်း ဟော်နန်း ပြိုကျ ပျက်စီးခဲ့ကြောင်း ပင်လောင်းမြို့နယ် သျှမ်းစာပေ ယဉ်ကျေးမှု အဖွဲ့ဝင် စိုင်းခမ်းလွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ လေပြင်းတိုက်လို့ ပြိုကျသွားတာပါ။ ဟော်နန်းကို ပြန်လည်ပြုပြင်မွမ်းမံဖို့ အတွက် RCSS/SSA အဖွဲ့က တာဝန်ယူထားတာရှိတယ်” ဟု စိုင်းခမ်းလွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရလ ၁၈ ရက် နံနက်ခင်းပိုင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ  ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးမှူး ဦးစံလွင် လိုက်ပါ ပို့ဆောင်မှုဖြင့်(ထိုစဉ်က) ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် (ယခု ဗိုလ်ချုပ်ကြီးယွက်စစ်) နှင့် အဖွဲ့သည် ပင်လောင်းမြို့ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများအပါအဝင် ပင်လောင်း သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ ဆရာစိုင်းစံလှ၊ စိုင်းအောင်စိုး ၊ ဒေသခံ ၅၀၀ ကျော ်တို့အား ပင်လောင်းမြို့ မွေတော်ကျောင်း တိုက် တွင် တွေ့ဆုံကြသည်။

ပုံ- ၀၀၁- RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ၂၀၁၅ ခုနှစ်က ပင်လောင်းဒေသခံများနှင့် တွေ့ဆုံစဉ်

ပင်လောင်းလူထုနှင့်တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဒေသခံလူထုအား တိုင်း ပြည် ကို ဒီမိုကရေစီစနစ်နှင့် ထူထောင်ဖို့ သွားနေသည့်အတွက် ဒီမိုကရေစီအကြောင်းလေ့လာ ဖို့ရန်လို အပ်ကြောင်း၊ စာလည်းများများဖတ်ဖို့လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ပင်လောင်းဟော်နန်း ကိုသွားရောက်လေ့လာပြီး ပျက်စီး ယိုယွင်းနေတဲ့ ပင်လောင်း ဟော်နန်းကို ပြင်ဆင်ဖို့ ကမကထ ပြုမည်ဟု သျှမ်းစာပေယဉ်ကျေးမှု ဉက္ကဌ နှင့် ပင်လောင်း အကြီးအကဲများထံ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

ထိုအတွက် ပင်လောင်းဟော်နန်း ပြန်လည် ပြုပြင်မွမ်းမံရန် အတွက် သံဃာတော်များ၊ ပင်လောင်းဒေသခံများက အဖွဲ့ဖွဲစည်းထားခဲ့ကြောင်း လည်းသိရသည်။

ပုံ- ၀၀၁- ၁ – ၂၀၁၅ ခုနှစ်က ပင်လောင်းကိုရောက်ရှိသည့် RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် အား စောင့်ကြိုနေသည့် ပင်လောင်းဒေသခံများ

“ဟော်နန်းကို ပြန်လည်ပြုပြင်ဖို့ အတွက်ကဘယ်သူက ဦးဆောင် လုပ်သွားမယ်ဆိုတာ တိတိကျကျ မရှိဘူး” ဟု စိုင်းခမ်းလွန်း ကပြောသည်။

ပင်လောင်းမြို့နယ်သည် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ထဲတွင် ပါဝင်သည်။

Photo Credit to Pang Loung Youth- မေလ ၁၉ ရက် ၂၀၂၀ မိုးရွာသွန်းမှုအပြီး ပြိုကျပျက်စီးခဲ့သော ပင်လောင်းဟော်နန်း

“ဒီလို စော်ဘွားတွေရဲ့ ဟော်နန်းပြိုကျသွားတော့ အရမ်းကို နှမျောမိတယ်။ သမိုင်းအမွေအနှစ် ပျောက်ဆုံးသွားသလိုမျိုးပေါ့” ပင်လောင်းဒေသခံ လူငယ် တစ်ဦးက ပြောဆိုသည်။

ပုံ-၀၀၂- ၂၀၁၆ ခုနှစ်က လေပြင်းတိုက်ခတ်မှုကြောင့် ပင်လောင်းဟော်နန်း တခြမ်း ပြိုကျခဲ့စဉ်ကပုံ

ပင်လောင်းဟော်နန်းသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က လေပြင်းတိုက်ခတ်မှုကြောင့် ဟော်နန်း၏ ဘုရားခန်းမှလွဲ၍ ဟော်နန်းတခြမ်း ပြိုကျပျက်စီးခဲ့သည်။ ယခု တစ်ချိန် ပြိုကျခြင်းသည် အဆောက်အအုံ တခုလုံး လုံးဝပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်ပါသည်။

 

Leave a Comments

- Advertisement -spot_img

Latest article