Tuesday, January 27, 2026

တောင်ကြီးနေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၂၅၀ကျော် ဓာတ်ခွဲနမူနာ စစ်ဆေးမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၂၅၀ကျော် ဓါတ်ခွဲ အဖြေ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

Photo by Win Naing Soe/ Facebook

ယနေ့ ဇွန် ၉ ရက်တွင် တောင်ကြီး ကွန်ဗျုတာ တက္ကသိုလ်ရှိ ရွှေ့ပြောင်းအလုပ်သမား (၁၅၅) ဦး နှင့် တောင်ကြီးမြို့ရှိ ကမ္ဘောဇ သာသနာ့ ဗိမ္မာန်ကျောင်း တွင် (၁၂၉) ဦး တို့ကို ဓါတ်ခွဲ အဖြေစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“၁၂၉ ဦး ထဲက ကလေး ၃ ဦး ပါမယ်။ ဒီနေ့ အကုန်ယူမယ်။ နက်ဖန် နောက်ဆုံးထားပြီး ဓါတ်ခွဲနမူနာတွေ ပို့သွားမယ် ” ဟု စေတနာ့ ဝန်ထမ်း ကိုဝင်းနိုင်စိုး က ပြောသည်။

တောင်ကြီးတွင် ရောက်ရှိနေသည့် နေရပ်ပြန် အလုပ်သမားများသည် ထိုင်းနိုင်ငံ မှ ပြန်လာသူ အများစု ဖြစ်ကြပြီး၊ ကရင်ပြည်နယ် မြဝတီ ဘက်မှ ပြန်လည် ဝင်ရောက်လာကြသည့် သျှမ်းပြည် ဒေသခံများဖြစ်ကြောင်း သိရသည်။

Photo by Win Naing Soe/Facebook

အဆိုပါ နေရပ်ပြန် များအတွက် “စားသောက်ဖို့အတွက် တစ်ရက်ကို (၄၀၀၀) ကောက်ပါတယ်။ ၁၀ ရက်စာ ကောက်ထားပါတယ်။ အကုန်လုံးတော့ မထည့်ကြဘူး။ အဆင်မပြေလို့ ပြန်လာတဲ့သူလဲရှိသလို အလုပ်လက်မဲ့ ဖြစ်လို့ ပြန်လာတဲ့သူတွေ လဲရှိကြတယ် ” ဟု ကိုဝင်းနိုင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေ့စဉ်နှင့် အမျှဝင်လာပြီး ခန့်မှန်းခြေ ၂၀၀၀ ကျော် ပြန်လည် ဝင်လာမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်ပြီ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ နမူနာ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များ၏ ကိုဗစ်-၁၉ ဓါတ်ခွဲနမူနာကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပေးပို့လာရမည်ဖြစ်ပြီး တစ်ပတ်လျှင် ၂ ရက် စစ်ဆေး သွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ကျန်းမာရေး နှင့် ကုသရေး...