အဂတိလိုက်စားသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်နှစ် ၃၀ချခံရ

0

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ လက်ထက်တွင် အဂတိလိုက်စားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို အမှု ၄ခုအတွက် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် နှစ် ၃၀ အမိန့်ချလိုက်သည်။

တနှစ်ကျော်ကြာ အဂတိလိုက်စားမှုနှင့် တရားရင်ဆိုင်နေရသည့် ဒေါက်တာလဲ့လဲ့မော်ကို ယနေ့ (မေ၂၂)ရက်တွင် တိုင်းတရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။

အဆိုပါ အဂတိလိုက်စားမှု ၄မှုမှာ လမ်းဦးစီး ကို ကျပ်ငွေ ၂ဘီလီယံ နှင့် လုပ်ပိုင်ခွင့်ချပေးပြီး ခင်ပွန်း ပိုင်ဆိုင်သည့် ခြံကို စည်းရိုးကာခိုင်တဲ့အမှု၊ ထားဝယ်လေယာဉ်ကွင်း ပြုပြင်ရန် ကျပ်သိန်း ၄၀၀၀ သုံးပြီး ခြုံပဲရှင်းခဲ့သည့် အမှု၊ ထားဝယ်ခရိုင် တွင် လျှပ်စစ်ပေးရန် GGS ကုမ္ပဏီ နှင့်စာချုပ် အလွတ်ချုပ်ဆိုခဲ့သည့်အမှု၊ နှင့် GGS ကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ငန်းများချပေးခဲ့သည့် အမှုတို့ ဖြစ်သည်။

ထိုအမှု ၄ခု ထဲမှ ၂မှုသည် တမှုကို ၁၀နှစ် ချလိုက်ပြီး ကျန် GGS ကုမ္ပဏီ နှင့် ပတ်သက်သည့် ၂မှုပေါင်းကို ၁၀နှစ် ချလိုက်ကြောင်း သိရသည်။


eastern_breeze
SHARE