Thursday, January 29, 2026

တာချီလိတ်ခရိုင် တပတ်အတွင်း ကျပ်သိန်း ၄၀၀၀ ခန့်ရှိ မူးယစ်ဆေးများ သိမ်းဆည်းရမိ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင် တွင် တပတ်အတွင်း ကျပ်သိန်း ၄၀၀၀ ခန့်ရှိသည့် မူးယစ်ဆေးဝါး ကို သိမ်းဆည်းရ မိကြောင်း သတင်းရရှိသည်။

 

မူးယစ် ရဲတပ်ဖွဲ့

တာချီလိတ်မြို့နယ် တွင် အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ ကျန်ရှိမူးယစ်ဆေးများမှာ မိုင်းယောင်းမြို့ နှင့် မိုင်းဖြတ်မြို့တို့တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။

မေလ ၇ ရက် နေ့လည် ၁နာရီ က တာချီလိတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်တွင် အသက် ၂၁နှစ် အရွယ် လီဗု မောင်းနှင်ပြီး၊ အသက် ၂၂နှစ်အရွယ် လော်ညီး လိုက်ပါးစီးနင်းလာသည့် ကားပေါ်တွင်စစ်ဆေးရာ ကျပ်သိန်း ၃ ထောင် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိကြောင်း မူးယစ် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့်အတူ ယာဉ်မောင်း လီဗု နှင့် လိုက်ပါစီးနင်းသည့် လော်ညီးတို့ကို တာချီလိတ်မြို့မရဲစခန်း က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မေလ ၅ ရက်က မိုင်းယောင်းမြို့၊ မိုင်းယောင်း-မိုင်းဖြတ် သွားလမ်းတွင် လမ်းလျှောက်လာသူအသက် ၁၉ နှစ် အရွယ် မနာဘို အား မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းကိုင်ဆောင်လာသည့်အိတ်အတွင်း ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စိတ်ကြွဆေးများကို သိမ်းဆည်းရမိကြောင်းရဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်လက်ပြီး ကွင်းဆက်ကို စစ်ဆေးရာ မိုင်းယောင်းမြို့နယ် ရပ်ကွက် (၁) နေ အိုက်ပေး ထံ ယူလာသည်ကို သိရသဖြင့် အိုက်ပေး အိမ်ကို ဝင်ရောက်ရှာဖွေရာ အိမ်ရှေ့တွင် ရပ်ထားသည့် ကားပေါ်တွင် ကျပ်သိန်း ၂၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးကို ဆက်လက် သိမ်းဆည်းရမိသည်။

ထိုနည်းတူ မေ ၄ ရက် တွင်လည်း သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်-ကျိုင်းတုံ သွားကားလမ်းပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသား ၂ဦးကို မသင်္ကာသဖြင့် စစ်ဆေးရာ ခရီးဆောင်အိတ်ထဲတွင် ဘိန်းစိမ်း အလေးချိန် ၂၇ ကီလို (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၇၀) ကိုသိမ်းဆည်းရကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်ခရိုင် ဖမ်းခံရသည့် အသက် (၁၈)နှစ်အောက်များ ပြန်လွှတ်ပေးမည်ဟုဆို

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင် အတွင်း ပုဒ်မ ၅၀၅ ဖြင့် မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရ သော အသက် ၁၈ နှစ်အောက်လူငယ်များကို စစ်ကောင်စီ မှ ပြန်လည်လွှတ်ပေးရန် စီစဉ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်မှ နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သည် ဟူသည့် စွပ်စွဲချက်များဖြင့် လူငယ်အများအပြားကို...