ယနေ့ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်တွေဆုံးရှုံးလာ

0

မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ ဒီကနေ့ လူထုရွေးကော က်တင်မြောက်တဲ့  ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရခေတ်မှာ လည်း မီဒီယာအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေရှိလာနေတယ်ဆိုတဲ့အကြောင်းကို တိုင်းရင်းသား သတင်းဌာန အများစု ပါ၀င်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာမြန်မာသတင်း BNI ရဲ့ မူဝါဒရေးရာဥက္ကဌ နန်းဖော့ဂေကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

Photo Credit to May Koe- နိုင်ငံတကာမြန်မာသတင်း BNI ရဲ့ မူဝါဒရေးရာဥက္ကဌ နန်းဖော့ဂေ

မေး။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်မှုအခြေအနေကို နန်းဖော့ဂေက အခုလို စပြောပါတယ်။

ဖြေ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်မှုအခြေအနေကိုပြောမယ်ဆို လို့ရှိရင် မြန်မာ နိုင်ငံအတွင်းထဲမှာ ပြည်မ မီဒီယာတွေဖြစ်စေ တိုင်းရင်းသား ပြည်နယ်ဒေသက မီဒီယာဖြစ်စေ လွတ်လပ်မှုလို့ပြောမယ်ဆိုရင် လွတ်လပ်စွာ သတင်းရယူရေးသားဖော်ထုတ်ခွင့်အတိုင်းအတာကတော့ စွန့်လွတ်မှုတွေ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေပါတယ်။ ပိုတောင်မှရှိလာတယ်လို့ ပြောရမှာပေါ့နော်။

မေး။ ။ အဲဒီစိန်ခေါ်မှုတွေက ဘာတွေလဲ ။

ဖြေ။ ။ အဲတာက ဘယ်ဟာကိုသာဓက ပြရမလဲဆိုရင်တော့ တော်တော်များများက နိုင်ငံတကာအသိုင်းအဝိုင်း လည်းသိပါတယ်။ နောက်ပြီးတော့ ဒီ ၂၀၂၀ ထဲမှာတင်ကို သတင်းမီဒီယာတွေကို သတင်းထောက်တွေရဲ့ သတင်းသွားယူခွင့်တာတွေလည်း ဖမ်းဆီးခံရတာရှိတယ် သံသယတွေနဲ့ပေါ့နော်။ သတင်းထောက်မှန်း သိသည့်တိုင်အောင် သံသယတွေထားပြီးတော့ သတင်းထောက်ဆိုလို့ရှိရင်အမြင်မကြည်တဲ့ပုံစံမျိုးလေးတွေ နဲ့ဆက်ဆံတာတွေ ဖမ်းဆီးနှိပ်စက်တဲ့ သာဓကတွေ လည်းရှိ တယ်။ နောက်တခု ဒီ ၂ လပိုင်း ၃ လပိုင်းထဲမှာလည်း သတင်းမီဒီယာတွေရဲ့ သတင်းရင်းမြစ်နဲ့ ဆက်သွယ်မှုမှာဆိုရင်လည် းမတရားအသင်းတရားမဝင်အသင်းလို့ အစိုးရက သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကိုဆက်သွယ်တဲ့သတင်းမီဒီယာတွေကို သတင်းဌာနတွေကိုလည်း အကြမ်းဖက်မှု ဆိုင်ရာဥပဒေနဲ့ တရားစွဲတာတွေဖမ်းဆီးတာတွေဖြစ်တယ်။ အဲဒီဟာက နောက်ဆက်တွဲက ဘယ်လောက်ထိ်ဆိုးလဲဆိုလို့ရှိရင် ဒီသတင်းမီဒီယာသမားတွေကို ဆက်လက်ပြီးတော့ဒီသတင်းမီဒီယာလုပ်ငန်းထဲမှာ ဂွင်ထဲမှာ မရှိတော့အောင် မလုပ်တော့အောင်ကိုဖြုတ်ထုတ်ချင်တဲ့ရည်ရွယ်ချက်တွေအများကြီးပါတယ်။ ဒါကြောင့်ဒီစိန်ခေါ်မှုတွေက အရင်နှစ်တွေထက်တောင်ပိုများလာနေတယ် ။

မေး။ ။ မြေပြန့်ဒေသနဲ့ တိုင်းရင်းသားဒေသ မီဒီယာနဲ့ပတ်သက်ပြီး ကွာဟမှုအခြေအနေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။ မြေပြန့်ဒေသနဲ့ တိုင်းရင်းသားဒေသ မီဒီယာလွတ်လပ်မှုကွာဟချက်ဆိုတာက လွတ်လပ်မှုမ ရှိတာကတော့ တူတူဘဲ။ မြေပြန့်ဒေသလို့ပြောတာထက် မြို့ကြီးပြကြီးမှာအခြေစိုက်တဲ့ မီဒီယာတွေပေါ့နော် ။ အဲဒီမီဒီယာဌာနတွေရဲ့ သတင်းထောက်တွေကတော့ တခုခုဖြစ်တယ်ဆိုရင် သူက အချိန်ယူရတာတွေ အသိပေးရတာတွေက မြန်ဆန်တယ်။ သို့သော်တိုင်းရင်းသားဒေသတွေမှာ သတင်းထောက်တွေကနည်းတယ် ။ စုစည်းမှုမရှိတဲ့ခါကျတော့ တချို့ဒေသတွေမှာ သတင်းထောက်တယောက်လောက်ဘဲ ရှိတာမျိုးတွေရှိ တယ်။ ပြည်နယ် တိုင်းရင်းသားဒေသတွေမှာပေါ့။ အဲဒီဟာကျလို့ရှိရင်တော့ သတင်းရယူတဲ့အခါမှာတောင်မှ လွတ်လပ်မှုဟာတော်တော်စိတ်ပူစရာရှိ်တယ်။ ပြောမယ်ဆိုရင်တိုင်းရင်းသားဒေသတွေမှာရှိတဲ့သတင်း ရယူမှုအခြေအနေ အခက်အခဲကြီးတယ်။ ပြီးရင်ဘက်မျှ တဲ့သတင်းတွေ တင်ဆက်တဲ့အခါမှာလည်း စိန်ခေါ်မှုရှိတယ်။ နောက်တခါ ပြန်ပြီး သတင်းဖော်ပြတဲ့အခါမှာ ဒီသတင်းအပေါ်မှာ လိုရာဆွဲပြီးတော့ လိုရာပုဒ်မနဲ့တရားစွဲနိုင်တဲ့အခြေအနေ ရှိလာတယ်။အဲလိုရင်ဆိုင်လာရရင် တိုင်းရင်းသားတွေရဲ့နောက်ကနေ ဥပဒေကြောင်းအားဖြင့် ထောက်ကူပေးမယ့်အစုအဖွဲ့တွေလည်းမရှိသလိုဖြစ်နေတယ်ပေါ့နော်။ ဒါကကွာဟချက်ပေါ့။ ပြည်မနဲ့တိုင်းရင်းသားဒေသက သတင်းရယူမှုရော ဖော်ထုတ်မှုအပိုင်းနဲ့ နေက်ဆက်တွဲသက်ရောက်မှုတွေကအစ ကွာခြားချက်တွေပေါ့။

မေး။ ။ နောက်တခုက လွတ်လပ်စွာ ရေးသားခွင့် ထုတ်လွှင့်ခွင့် အမှန်တကယ် ရရှိဖို့ လူထုကော အစိုးရကော ဘယ်လိုလုပ်သင့်ပါသလဲရှင့်။

ဖြေ။ ။ ဒီအပိုင်းမှာဆိုရင် လူထုကလည်း သတင်းမီဒီယာတွေရဲ့ အရေးပါမှုကို နားလည်ဖို့လိုတယ်။ တဖက်မှာလည်း အလားတူဘဲ ။ ဒီလိုသတင်းမီဒီယာတွေနဲ့ အပြန်အလှန်နားလည်မှုတွေ ပန်းတိုင်တခုကိုသွား ဖို့အတွက် ကိုယ့်နိုင်ငံအပြောင်းအလဲအတွက် လွတ်လွတ်လပ်လပ်ရေးသားထုတ်ဖော်တင်ဆက်ခွင့်တွေ အစိုးရကလည်း နားလည်ပြီးတော့မှ ဒီအပေါ်မှာ တိုက်ရိုက်မထောက်ပ့ံသည့်တိုင်အောင် သွယ်ဝိုက်ပြီးတော့နားလည်ပေးဖို့လိုတယ်ပေါ့နော်။ ပြောမယ်ဆိုရင်အစိုးရက ပြ န်ကြားရေး ၀န်ကြီးဌာနတခုကိုဘဲတိုးတက်အောင်လုပ်နေတယ်လို့မြင်တယ်။ တိုင်းရင်းသားဒေသတွေကသတင်းထောက်တွေ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်တွေကိုတစုံတရာ အထောက်အကူပေးနိုင်တဲ့ ယန္တရားလေးတခုတော့ အစိုးရမှာရှိသင့်တယ်။ ဒါပေမယ့်အခုအချိန်မှာအဲတာတွေရှိမနေဘူး။ တဖက်မှာ လက်ရှိအစိုးရမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဖော်ဆောင်နေတဲ့ကာလဖြစ်တယ်။ ဒီလိုကာလမှာ မီဒီယာကိုပိုပြီးတော့ ကျဉ်းမြောင်းလာအောင်လုပ်တယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိလာ နိုင်သလို ဖက်ဒရယ်တည်ဆောက်နေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေကလည်း လိုရာပန်းတိုင်ကိုရောက်ဖို့ တော်တော်ကြန့်ကြာဦးမယ်လို့မြင်တယ်။

မေး။ ။ အခုလို စိန်ခေါ်မှုတွေကြားက သတင်းမီဒီယာအခန်းကဏ္ဍ နဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်ချက် ပေးချင်ပါသလဲရှင့် ။
ဖြေ။ ။ လက်ရှိကာလဟာ ကမ္ဘာ့ကပ်ရောဂါ ကူးစက်တဲ့အရှိန်အဟုန်မလျော့သေးတဲ့အတွက် ကပ်ရောဂါနဲ့ပတ်သက်ပြီးနေရာဒေသအသီးသီးမှာရှိတဲ့ပြည်သူလူထုအခြေအနေ နောက်ပြီးတော့ ကပ်ရောဂါ တားဆီးထိန်းချုပ်တဲ့ ကာကွယ်တဲ့အခြေအနေတွေကိုသတင်းထုတ်လုပ်ဖော်ပြဖို့ အတွက်လည်း သတင်းထောက်တွေကိုယ်တိုင်တောင်မှ အခက်အခဲတွေအများကြီးရှိနေတယ်။ ကိုဗစ် ကူးစက်ရောဂါကာလမှာ ကျန်တဲ့ပြည်သူလူထုနဲ့တပြေးညီ သတင်းထောက်တွေလည်း သတင်းရယူဖို့ခက်ခဲတယ်။ ဘယ်လိုဖြစ်ဖြစ် သတင်းထောက်တယောက်ရဲ့လုပ်ငန်းတာဝန်က သတင်းရယူနိုင်ဖို့လိုနေတဲ့အတွက် သက်ဆိုင်ရာသတင်းဌာနကနေ ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာ ပြီးလုပ်ဆောင်နေရတာမျိုးဖြစ်နေတယ်။ ဘယ်သူ့ရဲ့ဝန်းရံမှုမှ မရှိနေဘူး။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေရတဲ့အနေအထားမျိုးဖြစ်နေတာပေါ့။

ဟုတ်ကဲ့ကျေးဇူးအထူးတင်ရှိပါတယ်။

 

 


eastern_breeze
SHARE