Thursday, January 29, 2026

ထိုင်းထောင်တွင် အချုပ်ကျသည့် မြန်မာနိုင်ငံသားများ ပြန်လည်လွှဲပြောင်းပေးမည်

ထိုင်း – မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့နယ် တံတားအမှတ် (၂) တွင် ထိုင်းနိုင်ငံမှ အချုပ်ကျခံနေရသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည် လွဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။

ဧပြီ ၆ ရက်နေ့တွင် ထိုင်းအချုပ်ကျခံနေရသူ စုစုပေါင်း ၃၆ ဦး အား မြန်မာအာဏာပိုင်ထံသို့လွှဲပြောင်းပေးမည်ဖြစ်ရာ သျှမ်း ပြည်အရှေ့ပိုင်းမှ ၂၈ ဦး နှင့် သျှမ်းပြည်တောင်ပိုင်းမှ ၈ ဦးဖြစ်ကြောင်း သိရသည်။

“အများစုက တာချီလိတ်မြို့နယ်က ဖြစ်ပြီး စုစုပေါင်း ၂၈ ဦး ရှိတယ်လို့ သိရပါတယ်။ အချုပ်သားများဖြစ်လို့ အချုပ်တွင်းမှာ Q ဝင်ခဲ့တယ်လို့ သိရပါတယ်။” သျှမ်းပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။

ဧပြီလ ၆ ရက် နံနက် ရ နာရီတွင် မြန်မာဘက်မှ လက်ခံမည်ဖြစ်ပြီး အဆိုပါလွှတ်မြောက်အချုပ်သားများသည် မိမိဒေသသို့ပြန်ရောက်လျှင်လည်း Home Quarantine နှင့် Facility Quarantine အသီးသီးပြန်ဝင်ရမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကိုဗစ်မွေးရပ် ဝူဟန်တွင်အကျဉ်းကျသူ မြန်မာနိုင်ငံသားများ မူဆယ်နယ်စပ်ဂိတ်သို့ ပြန်ရောက်

0
ကိုဗစ် -၁၉ စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မြို့တွင် အကျဉ်းကျသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် ယနေ့ မနက်ပိုင်းက သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခံရသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် အား မေလ ရ ရက် ယနေ့မနက်ပိုင်း...