Friday, December 2, 2022

ပြည်နယ်တွင်း သတင်းသမားများ ပေါ်ထွန်းလာချင်

Must read

မေလ ၃ ရက် ဒီနေ့ဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom day) တနေ့ပါ။

မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်ရပြီလား။ စာနယ်ဇင်းမှာရောတန်းတူညီမျှမှုတွေရှိပြီလား။

မြေပြန့်က မြို့ကြီးပြကြီးတွေမှာတော့ စာနယ်ဇင်း( Journalism )သမား ဆိုရင် ပြည်သူတွေ က ရင်းနှီးထိတွေမှု ရှိနေကြတော့ သိပ်မကြောက်ကြဘူး။

တိုင်းရင်းသားနယ်တွေမှာ စာနယ်ဇင်း သမားဆိုရင် ယနေ့အချိန်ထိ ကြောက်ရွံနေဆဲပါ။

သျှမ်းပြည်မှာတော့ စာနယ်ဇင်းသမားဆိုရင် ထောက်လှမ်းရေး သမားဆိုပြီး မှားယွင်းမှုကို ခံနေရတုန်းပါ။

နှစ်ပေါင်း ရ၀ ကျော် ဖိနှိပ် အုပ်ချုပ်ခဲတဲ့ စစ်အာဏာရှင် တွေလက်အောက်မှာ ရှင်သန်လာတဲ့ သျှမ်းပြည်လူထု အကြောက်တရားက ယနေ့ထိ ရုန်းမထွက်နိုင်ကြသေးတာကို ပြလိုက်ခြင်းပါပဲ။

တိုင်းရင်းသားတိုင်းမှာ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကားတွေရှိကြပေမယ့် မီဒီယာ နဲ့ထိတွေ့မှု အားနည်းနေသေးပါတယ်။

တိုင်းရင်းသားလူငယ်တွေ ဟာ အကြောက်တရား ကြားမှ ကြီးပြင်းလာတဲ့ သူတွေဖြစ်တဲ့အတွက် မီဒီယာလုပ်ရန် အားပေးခြငး်မခံရသလို တွန့်ဆုတ်သွားတဲ့ သူတွေ အများကြီးပါ။

ဂျာနယ်လစ်ဇင် (သတင်းစာပညာ) ဆိုတာကတော့ ကြားခံသတင်းပေးတဲ့လူ၊ လွတ်လပ်ပြီး တရားမျှတမှု ဘက်လုက်မှုကင်းတဲ့ တစုံတရာ၊ တစုံတဦး လွှမ်းမိုးမှုကို မခံယူကြပါဘူး။

သတင်းစာပညာ နဲ့ အသက်မွေးဝမ်းပြုတဲ့ သူတွေဟာ မှားယွင်းနေတဲ့ စနစ်၊ အုပ်ချုပ်ရေးပိုင်းစနစ်တွေ၊ ပြည်နယ်မှာ ဖြစ်ပျက်တဲ့ ပြဿနာ တွေကို တည့်မတ်ပေးရန် အတွက် လုပ်ဆောင်ရသလို ပြည်သူတွေ ခံစားနေရတဲ့ အရာကို အုပ်ချုပ်သူ ပုဂ္ဂိုလ်တွေ သိရှိအောင် ဝေဖန်ထောက်ပြရတဲ့ သူတွေဖြစ်ပါတယ်။

ပြည်နယ်တွေ ၊ လူမျိုးတွေ မှာ မီဒီယာ တခု မရှိခဲ့ရင် အုပ်ချုုပ်သူလူတန်းစားတွေ၊ အာဏာဆန်တဲ့သူတွေ၊ နိုင်ထက်စီးနင်းသူတွေ ရဲ့ အကြိုက်ပါပဲ။

ပြည်နယ်တိုင်းမှာ မားမားမတ်မတ်ရပ်တည်တဲ့ မီဒီယာ တခုရှိဖို့ အလွန်ကိုလိုအပ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လိုးလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရန်ကြိုးစားနေချိန် မှာလည်း မီဒီယာ အခန်းကဏ္ဍက မရှိမဖြစ် ပါပဲ။

မြေပြန့်ဒေသတွေမှာ စာနယ်ဇင်းများစွာ ရှိကြပေမယ့် တိုင်းရင်းသား ဘာသာစကား၊ တိုင်းရင်းသားတွေ ထုတ်လွှင့်တဲ့မီဒီယာတွေဟာ ရပ်တည်ဖို့ဆိုတာ အလွန်ခက်ခဲနေတုန်းပါ။

ဒါ့ကြောင့် သတင်းသမားမရှိရင် သတင်းလွတ်လပ်ခွင့်မရှိရင် တိုင်းပြည် သို့မဟုတ် ပြည်နယ် ဟာဖွံ့ဖြိုးမှု နှောက်နှေး တဲ့ဒေသတခု အဖြစ် ရောက်သွားနိုင်သလို မဖြစ်သင့် တဲ့ ပြဿနာ မဖြစ်သင့်တဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လည်း များလာနိုင်ပါတယ်။

ပြည်နယ်တိုင်း မှာ ဂျာနယ်လစ်ဇင် ကောင်းပေါ်ထွက်ဖို့ က အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ တရပ်ပါပဲ။

ကိုယ့်ပြည်နယ် ပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ ဝေဖန်ထောက်ပြနိုင်ဖို့ ဂျာနယ်လစ် (သတင်းသမား)တွေ များစွာ ပေါ်ထွက်လာရန်၊ သျှမ်းပြည်သူတွေ မီဒီယာကို ကြောက်စိတ်မှ လွှတ်မြောက်နိုင်ရန် နှင့် မီဒီယာ အခန်းကဏ္ဍကို နားလည်လာရန် ယနေ့ ကမ္ဘာစာနယ်ဇင်းနေ့ မှာ မျှော်လင့်ရင်း………………။

လူထုအသံ
သျှမ်းသံတော်ဆင့်အသံ

Leave a Comments

- Advertisement -spot_img

Latest article