Thursday, January 29, 2026

သျှမ်းပြည် အစိုးရ ဝန်ထမ်း တဦး ရန်ကုန်ပြောင်းရွှေ့

သျှမ်းပြည်အစိုးရ တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရအတွင်းရေးမှူး ဦးစိုးစိုးဇော်သည် ရန်ကုန်တိုင်း ဒေသကြီးသို့ ပြောင်းရွှ့ ရန် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

Photo by SHAN

“ဟုတ်ပါတယ်။ ရန်ကုန်ကို ပြောင်းရမှာပါ။ သျှမ်းပြည်နယ် အစိုးရ အတွင်းရေးမှူး နေရာမှာတော့ နေပြည်တော် က ဦးနေလင်း လာရောက် တာဝန်ထမ်းဆောင်မှာပါ။”ဟု သျှမ်းပြည်နယ် အစိုးရအတွင်းရေးမှူး ဦးစိုးစိုးဇော် ကပြောသည်။

ဦးစိုးစိုးဇော်သည် သျှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး လည်းဖြစ် သျှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒုညွှန်ကြားရေးမှူးချုပ် နေရာမှာလည်း တာဝန်ယူ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

“ဘယ်တော့ ပြောင်းရမလဲတော့ မသိသေးဘူး၊ မနေ့ကမှ စာထွက်တာ။ ရန်ကန်တိုင်း အစိုးရ အတွင်းရေးမှူးက အလုပ်ပင်စင် ယူသွားလို့၊ ကျနော်က သွားရောက် အစားထိုး တာဝန်ယူတာပါ” ဟု ဦးစိုးစိုးဇော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၀ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News